၁။ မိခင် နှင့် ဖခင် သည် အစားမရနှိင်သည်. အလ္လာဟ်အရှင်မြတ်၏ နေအ်မသ်စည်းစိမ်တော်ဖြစ်သည်။
( ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်း )
၂။ မိခင် နှင့် ဖခင် မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် ဒိုအာတောင်းခံရန် အလ္လာဟ်အရှင်မြတ်က
အထူးမိန့်ကြားတော်မူထားသည်။ ( စူရာဟ် ဗနီအစ္စရာအီးလ် )
၃။ မိခင် နှင့် ဖခင် တို့က သားသမီးများအဖို. တောင်းခံသောဒိုအာကို မိခင်ဖခင်များ ဘာသာခြားများ ဖြစ်လင့်
ကစား အလ္လာဟ်အရှင်မြတ်က မုချလက်ခံတော်မူသည်။ ( ဗုခါရီကျမ်း )
၎။ မိခင် နှင့် ဖခင် ၏ တောင်းဆုဒိုအာကြောင့် သက္ကဒီရ်နဖူးစာပင် ပြောင်းလဲသွားနှိင်သည်။ ( သိရ်မိဇီကျမ်း )
၅။ မိခင် နှင့် ဖခင် ၏ ကျေနပ်မူတွင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မူရှိပြီး မိခင် နှင့် ဖခင်မကျေနပ်ပါက
အလ္လာဟ်အရှင်မြတ်သည်လည်း ကျေနပ်မည်မဟုတ်။ ( ဗုခါရီကျမ်း )
၆။ မိခင် နှင့် ဖခင် ၏ အမိန့်ကိုနာခံခြင်းနှင့် မိဘနှစ်ပါးအားပြုစုစောင့်ရှောက်ခြင်းဖြင့် ရိုဇီရိက္ခာပေါကြွယ်ဝ
ပြီး အသက်ရှည်စေ၏။ ( အဟ်မဒ်ကျမ်း )
၇။ မိခင် နှင့် ဖခင် တို.အား ကရုဏာအရှုဖြင့် တစ်ကြိမ်ကြည့်ခြင်းသည် ကဗူးလ်ပြုလက်ခံခြင်းခံရသော ဟဂ်ျ၏
အကျိုးကုသိုလ်ရရှိလေသည်။ ( ဗိုင်ဟကီကျမ်း )
၈။ မိခင် နှင့် ဖခင် ၏ ကျေးဇူးသိတတ်သကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးကို သိတတ်ရန် အရေးကြီး၏။
( စူရာဟ်လွဟ်က်မာန်၊ အစောင်-၂၀ )
၉။ မိခင် နှင့် ဖခင် ၏ အမိန့်ကို ဖီဆန်သူသည် မသေဆုံးမီအလျင် ဤဒွန်ယာလောကတွင်လည်း မုချအပြစ်
ဒဏ်ပေးခြင်းခံရမည။် ( ဗိုင်ဟကီကျမ်း )
၁၀။ မိခင် နှင့် ဖခင် တို့၏ ရှေ့မှောက်တွင် ကျိုးနွံစွာနေရန် အလ္လာဟ်အရှင်မြတ် အမိန့်ပြငှာန်းတော်မူထားသည်။
( စူရာဟ်ဗနီအစ္စရာအီးလ်၊ အစောင်-၁၅)
၁၁။ မိခင် နှင့် ဖခင် တို့၏ အမိန့်ကို ဖီဆန်သူအတွက် အလ္လာဟ်အရှင်မြတ်က ဂျန္ဒသ်ကို ဟရာမ်ဟု သတ်မှတ်
ထားသည်။ ( ဒါရမီ၊ မွတ်စ်နဒေအဟ်မဒ်၊ နစအီကျမ်းများ )
၁၂။ မိခင် နှင့် ဖခင် တို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ခြင်းသည် ဂျိဟာဒ်တွင် အသက်ပေးလှူခြင်းထက်
အရေးကြီးသည်။ ( ဗုခါရီ နှင့် မွတ်စ်လင်မ်ကျမ်း )
၁၃။ မိခင် ၏ ခြေဖ၀ါးအောက်တွင် အလ္လာဟ်အရှင်မြတ်၏ အထွတ်မြတ်ဆုံးသော နေအ်မသ်တော်များ
နှင့် ပြည့်စုံသည့် ဂျန္ဒသိရှိသည်။ ( နစအီကျမ်း )
၁၄။ မိခင် အား ပြုစုစောင့်ရှောက်ခြင်းသည် ရစူလွလ္လာဟ် (ဆွ) အား ဇိယာရသ်ပြုခြင်းဟူသော မြင့်မြတ်
လှသည့် ကိစ္စရပ်ထက် သာပို၍ ဦးစားပေးဆောင်ရွက်ရသော ကိစ္စရပ်ဖြစ်သည်။
၁၅။ မိခင် ၏ တောင်းဆုဒိုအာကြောင့် အလ္လာဟ်အရှင်မြတ်က တမန်တော် မူဆာ (ဆွ) အား နူးညံ့စွာ
စကားဆိုတော်မူခဲ့သည်။
۞ အလ္လာဟ်အရှင်မြတ် ကျွနှ်ပ်တို့အားလုံးကို မိဘနှစ်ပါးအား အပြည့်အ၀ နိဒ်မသ်ပြုနှိင်စွမ်းနှင့်
အမိန့်နာခံနှိင်စွမ်း ချီးမြင့်ပေးသနားတော်မူပါစေ။ ( အာမီးန် ) ۞
Sunday, March 18, 2012
ကုရ်အာန်၊ ဟဒီးဆ်တော်လာ မိဘနှစ်ပါး၏ အဆင့်အတန်း
Posted by Islamic Josh at 6:41 PM 0 comments
Wednesday, February 29, 2012
ခုနှစ် အလိုက် တင်ပြ ထားသော မြတ်တမန် မုဟမ္မဒ်(ဆွ) သမိုင်း
တမန်တော် မုဟမ္မဒ် (ဆွ)သည် မြန်မာမွတ်စလင်များအတွက် ကမ္ဘာတည်သရွေ့ လိုက်နာရမည်ဖြစ်သော အစ္စလာမ့်လူမှု စနစ် ကြီး ကိုကျမ်းတော်မြတ် ကုရ်အာန် ဖြင့် လက်တွေ့ ပြသသွားခဲ့သည်။ ဤစနစ်ကို တမန်တော်မြတ် ကွယ်လွန်ပြီး နောက် ခွလ်ဖာအေရာရှီဒိင်း တို့ခေတ် (အေဒီ ၆၃၂-၆၆၁) တွင် လက်တွေ့အကောင်အထည်ဖေါ် ဆောင်ခဲ့ရာ ယနေ့ အထိ ရှင်သန်လျက်ရှိသော အစ္စလာမ့် လူမှု အဖွဲ့အစည်းကို ကမ္ဘာ အ၀ှမ်း တွင်ဖေါ်ဆောင်ပြသနိုင်ခဲ့သည်။ ယင်းစနစ် သည် အာဏာစက် ဓမ္မသတ် ၏ အရှိန် အ၀ါဖြင့် ပြဌာန်းခြင်းမဟုတ်ပဲ သက္က၀ါ အလ္လဟ်အရှင်မြတ် အားချစ်ကြောက် သိစိတ်ဖြင့် အကောင်အ ထည်ဖေါ် ဆောင် ခဲ့ခြင်းဖြစ်သည်။ မြတ် တမန်၏ သမိုင်း ကြောင်းကို အလွယ်တကူ မှတ်သားနိုင်ရန် ခုနှစ်အလိုက် တင်ပြလိုက်ရပါသည်။
အေဒီ ၅၇၁ -
တမန်တော်မြတ် မုဟမ္မဒ် (ဆွ) သည် ခရစ်သက္ကရာဇ် ၅၇၁ ခုနှစ်ဧပြီလ ၂၂ရက်၊နံနက် အာရုဏ်ဦး အချိန်တွင် မီးရှုး သန့်စင် ဖွားမြင်သည်။ ဖခင်ဖြစ်သူ အဗ်ဒုလ္လဟ် သည် တမန်တော်မြတ် ဖွားမီ အလျင်က ဆီးရီးယားနိုင်ငံ သို့ ကုန်ကူးသန်းရန် အသွား၊ မဒီနာ မြို့တွင် ကွယ်လွန်ခဲ့သည်။
အေဒီ ၅၇၄ -
မိခင်ဖြစ်သူ အာမိနဟ် သခင်မသည် တမန်တော်မြတ် မွေးဖွားပြီး ၄နှစ် အရွယ်တွင်ကွယ်လွန်ခဲ့ပြန်သည်။ မိဘမရှိသည့် နောက်အဖိုးဖြစ်သူ အဗ်ဒုလ် မုသွာလိဗ်က ထိန်းသိမ်းစောင့်ရှောက် ခဲ့သည်။ မိဘမဲ့ဖြစ်သူ မုဟမ္မဒ် လေးသည် ကိုယ်ထူကိုယ်ထ မိမိဘ၀ကို ရပ်တည်နိုင်ခဲ့သည်။ မည်သူ့ကိုမျှ ၀န်ထုပ်ဝန်ပိုး မဖြစ်စေခဲ့ပေ။ ဖြတ်လက်သွက်လက်သော မုဟမ္မဒ် ကလေးကို အားလုံးက လိုလိုလားလားရှိခဲ့သည်။ အရှက်ကြီးသည်၊ သစ္စာတရားကြီးသည်၊ တာဝန်ကိုကျေပွန်သည်၊ အလဟဿ စကားနှင့် အကျိုးမဲ့လုပ်ရပ်များကို ငယ်စဉ်က တည်းက ရှောင်ခဲ့သည်။
အေဒီ ၅၇၉ -
၈နှစ် ၂လ အရွယ်တွင် အဖိုးဖြစ်သူ အဗ်ဒုလ် မုသွာလိဘ် ကွယ်လွန်၍ ဘကြီးတော် အဗူမုသွာလိဗ် နှင့်အတူ နေထိုင်ခဲ့သည်။ ကုန်ကူးသန်းရင်း ၁၂နှစ်သား အရွယ်တွင် ဘကြီးနှင့်အတူ ဆီးရီးယား နိုင်ငံဘက်သို့ ရောက်ရှိခဲ့သည်။ ဤသို့အားဖြင့် ဒေသန္တရ ဗဟုသုတ ရှာကြံနိုင်ခဲ့သည်။
အေဒီ – ၅၈၆ ၁
၅နှစ်သား အရွယ်တွင် ဖြစ်ပျက်ခဲ့သော ဖေဂျာရ်စစ်ပွဲတါင် ကိုယ်တိုင်ကိုယ်ကျ ဒေသခံတို့နှင့်အတူ ပါဝင်ခဲ့သည်။ ဟလ်ဖိဖူဇူလ် လူမှုဝန်ထမ်း အဖွဲ့အစည်းတါင် ပါဝင်ဆောင်ရွက်ခဲ့သည်။
အေဒီ – ၅၉၄
၂၃နှစ်သား အရွယ်တွင်ဆီးရီးယား သို့ ကုန်သည်အဖြစ်အမှုထမ်း ကာသွားရောက်ခဲ့၏။
အေဒီ – ၅၉၆
သက်တော် ၂၅နှစ် အရွယ်တွင် ခတီဂျာသခင်မ နှင့် ထိမ်းမြားခဲ့သည်။ သူမသည် မုဆိုးမ တစ်ဦးဖြစ်ပြီး တမန်တော်မြတ်နှင့်အတူ အစ္စလာမ့်လှုပ်ရှားမှုကာလတွင် ကွယ်လွန်ချိန်အထိ ရွပ်ရွပ်ချွံချွံ ပါဝင်လှုပ်ရှားခဲ့သော အိမ်ထောင်ရှင် မ စံပြအမျိုးသမီး ဖြစ်သည်။ သား ၂ဦး၊ သမီး ၄ဦးထွန်းကားခဲ့သည်။
အေဒီ – ၆၀၉
စီးပွားရေး အခြေအနေတိုးတက် လာခဲ့၍ အားလပ်ချိန်တွင် သစ္စာတရားကို ရှာဖွေရေးအတွက် ဟီရာလှိုဏ်ဂူ တွင်တရားအားထုတ်ခဲ့သည်။
အေဒီ – ၆၀၉
သက်တော်လေးဆယ်အရွယ် တွင်အလ္လဟ် အရှင်မြတ်ထံတော်မှ ကျမ်းမြတ်ကုရ်အာန် ၀ဟီထုတ်ပြန်ချက် ကျရောက်လာပြီးနဗူဝသ် တာဝန်ကိုထမ်းဆောင်ခဲ့သည်။ ဇနီးဖြစ်သူ ခတီဂျာဟ် သခင်မ ၊သူငယ်ချင်းဖြစ်သူ အဗူဘကရ် (ရသွေ့) နှင့်သားရင်ပမာ ဖြစ်သူ ညီငယ်အလီ (ရသွေ့) တို့က အစ္စလာမ်ကို စတင်လက်ခံလာခဲ့သည်။ သုံးနှစ်တိတိ အစ္စလာမ်ဒေသနာ တော်ကိုလျှို့ဝှက်စွာ ဟောပြောဖိတ်ခေါ်ခဲ့ရာ ပညာတက်များ သစ္စတရားကိုရှာဖွေလိုသူ များ ၊ဆင်းရဲသား လူတန်းစားနှင့်သူကြွယ် အချို့အစ္စလာမ်ကို လက်ခံခဲ့ကြသည်။ ယင်းသူတို့အတွက် ဆွဖာတောင်တန်းတွင် လျှို့ဝှက် ဌာန ဖွင့်လှစ်ထားခဲ့သည်။
အေဒီ – ၆၁၃
အစ္စလာမ်ဒေသနာ တော်ကို ဆွဖာတောင် ထိပ်ပေါ်သို့ တက်ကာ အတိအလင်းကြေညာခဲ့ရာတွင် ပြက်ရယ် ပြုခြင်းကို ခံခဲ့ရသည်။
အေဒီ – ၆၁၄
ကုရိုက်ရှ် တို့သည် တမန်တော်မြတ် ဘကြီးဖြစ်သူ အဗူသွလိဘ် အားအမျိုးမျိုး သော ဖိအားပေးကာ တူဖြစ်သူအား အစ္စလာမ်တရားတော်ကိုမပို့ချရန် တွန်းအားပေးခဲ့သည်။ နဗူဝသ် ၏ တတိယနှစ်မှ ပဉ္စမ နှစ် အထိပတ်ဝန်းကျင်ရှိ အမျိုးအနွယ်များ၏ ဆန့်ကျင်မှု ကိုခံရပြီး ပဉ္စမနှစ် မှ စ၍ ပြင်းထန်သော ဖိနှိပ်ညှင်းပန်း မှုကို ဆက်လက်ခံရပြန်သည်။ ယင်းဒဏ်ကိုမခံနိုင်၍ တမန်တော်မြတ်သည် မွတ်စလင်တို့အား ပင်လယ်နီကိုကျော်ဖြတ်၍ အာဖရိကတိုက်ရှိ အီသီယိုပီးယား နိုင်ငံသို့ ဟစ်ဂျရသ် ပြုစေခဲ့သည်။ ကာဖိရ်တို့ သည် ဤ ဝေးလံသော ဒေသအထိ သွားရောက် ဒုက္ခပေးခဲ့ပြန်သည်။ ဤသို့အားဖြင့် အစ္စလာမ်သာသနာသည် မဒိနာမြို့သို့ မရောက်ခင်အလျင် အာဖရိကတိုက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အေဒီ – ၆၁၅
ဆဌမနှစ်တွင် အုမရ် သခင် နှင် ဟမ်ဇာသခင်တို့ အစ္စလာမ်ကိုလက်ခံလာ၍ မွတ်စလင်တို့အားတက်ခဲ့သည်။ အစ္စလာမ်ကို လက်ခံသူတို့ တစ်စတစ် စ များပြာလာ၍ မက္ကသားတို့သည် မွတ်စလင်တို့အား သတ္တမနှစ်မှ ဒဿမနှစ်အထိ မက္ကာမြို့ပြင်ဘက်ရှိ ဗါဗေအဘုသွာလိဘ် အရပ် ၌ အကျယ်ချုပ်ဖြင့် အပယ်ခံဘ၀တွင် နေထိုင်စေခဲ့သည်။ ဤကာလ တွင်ဘကြီးဖြစ်သူ အဗူသွာလိဘ် ကွယ်လွန်ပြီး နှစ်လအကြာတွင် ဇနီးဖြစ်သူ ခတီဂျာ သခင်မ ကွယ်လွန် ပြန်သည်။
အေဒီ – ၆၁၉
ဒဿမ မြောက်နှစ်တွင် တမန်တော်မြတ်သည် သွာအိဖ်မြို့သို့ အစ္စလာမ်သာသနာ တော်ကိုဟောကြားရန် သွားရောက်ခဲ့ရာဝိုင်း၍ ခဲပေါက်ခြင်းကိုခံခဲ့ရသည်။ သွေးမြေကျခဲ့ရ၏ ။ သွာအိဖ် မှ အပြန်တွင် မေ့အ်ရာဂ်ျ ခရီးစဉ်သို့ သွားခဲ့ရ၍ ခရီးစဉ်မှ အပြန် လူသားတို့အတွက် လမ်းညွှန်ချက်တရား ၁၄ ချက် (ကျမ်းမြတ်ကုရ်အာန် စူရဟ် ဗနီ အစ္စရာအီလ်)ကိုယူဆောင်လာခဲ့သည်။ ယင်းနှစ်တွင် မဒိနာမြို့သား တို့ အစ္စလာမ်ကို လက်ခံလာသည့် အပြင် တမန်တော်မြတ်နှင့် မွတ်စလင်တို့အား မဒိနာ မြို့သို့ လာရောက်ရန် ဖိတ်ခေါ် ခဲ့သည်။ ယင်းသည် အစ္စလာမ်သမိုင်း အလှည့်အပြောင်း ကိုဖြစ်စေခဲ့သော ဗိုင်အသ် အက္ကဗါအဖြစ် ထင်ရှားလှ၏ ။ မဒီနာမြို့သား တို့သည် ဒုတိယအကြိမ် လာရောက်အပြီးတွင် မက္ကာမြို့ရှိ မွတ်စလင်တို့သည် တဖွဲဖွဲ မဒိနာမြို့သို့ ထွက်ခွာ သွားတော့သည်။
မဒိနာဟ် ခေတ်ကာလ
အေဒီ- ၆၂၂
တမန်တော်မြတ် ဟစ်ဂျရသ် ပြု၍ မဒိနာမြို့သို့ ထွက်ခွာခဲ့သည်။ ဤသို့ ဟစ်ဂျရသ် ပြုခြင်းကို အကြောင်းပြုကာ ယင်းကာလစတင်၍ မွတ်စလင် တို့၏ ပြက္ခဒိန် နှစ်ကို ရေတွက်ခဲ့ခြင်းဖြစ်သည်။ မွတ်စလင်တို့ ၏ ခုနှစ် သက္ကရာဇ် ရေတွက်မှုကို ဟစ်ဂျရီဟု ခေါ်သည်။ ဖေါ်ပြပါ မဒီနာမတိုင်မီ ခေတ်ကာ ကို မက္ကာခေတ် ဟု ခေါ်သည်။ ယင်းကာလတွင် ကျမ်းတော်မြတ်ကုရ်အာန် ၏ စုရဟ် ၉၃ စုရဟ် ကျရောက်ခဲ့သည်။ ယင်းစူရဟ်များသည် များသောအားဖြင့် သောင်ဟိဒ် သဘောတရား နှင့် ရှေးတမန်တော် များ၏အကြောင်းဖြစ်သည်။ ဖေါ်ပြခံခဲ့ရသော သူတို့ကား “ အို…လူသားတို့ ” “အို ..ကာဖိရ် အပေါ်င်းတို့ ” ကဲ့သို သော အာယသ်များ ဖြစ်သည်။ လမ်းခရီး၌ ကူဗာအရပ်တွင် ပထမဆုံး ၀တ်ကျောင်းတော် တည်ဆောက်ပြီး ပထမဆုံး ဂျုမုဒဟ် ဆွလဟ် ကိုဝတ်ပြုခဲ့သည်။ ကူဗာတွင် ၁၄ရက်မျှ နေထိုင်ခဲ့သည်။ တမန်တော်မြတ် ၀တ် ကျောင်းတော် ကိုမဒိနာ မြို့တွင် တမန်တော်မြတ်အပါအ၀င် မွတ်စလင်အားလုံး ပါဝင်တည်ဆောက်ခဲ့သည်။ မက္ကဟ် မြို့မှ လာရောက်သူများနှင့် မဒီနာ မြို့မှ အန်ဆွာရီ တို့ကို ပူးပေါင်းပြီး မ၀ါခါသ် ဟု ခေါ်သည့် ညီနောင် ဖွဲ့ပေးခဲ့သည်။ မဒိနာမြို့ကို ဗဟိုပြု၍ အစ္စလာမ့် လူ့အဖွဲ့အစည်းကို တည်ဆောက်သည်။ မဒီနာသားတို့သည် လယ်ယာလုပ်ငန်း ကို ကျွမ်းကျင်ပြီး မက္ကာသား တို့က ကုန်သွယ်ရေး လုပ်ငန်းကို ကျွမ်းကျင်ကြသည် ဖြစ်၍ မဒီနာမြို့ သည် စီးပွားရေးဗဟို အဖြစ်သို့ ရောက်ရှိသွားတော့သည်။ မဒီနာခေတ်တွင်ကျရောက်လာသော ဒေသနာ လမ်းညွန်ချက်များ မှာ “အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ ” ဟူ၍ ဦးတည် ချပေးချက်များဖြစ်သည်။ ဟီဂျရီ ပထမနှစ်တွင် ကာကွယ်ရေးအစီအစဉ် ကို ချမှတ်နိုင်ခဲ့သည်။ ယင်းနောက်ပိုင်း တွင် ကျရောက်သော ကုရ်အာန်ကျမ်း ကို လမ်းညွန်ချက် အရ မဒီနာခေတ်တွင် ကျရောက်သည် ဟု ဖေါ်ပြသည်။ မဒီနာမြိုကရှိခေါင်းဆောင်နှစ်ဦးဖြစ်သူ ယဟူဒီ လူမျိုး အဗ်ဒုလ္လဟ် ဗင် ဆလာမ် နှင့် ခရစ်ယာန် ဘုန်ကြီး အဗူကိုင်စ် တို့ အစ္စလာမ်လက်ခံခဲ့ကြသည်။ ထိုမျှ မက အာရဘ်ဒေသ ခေါင်းဆောင်များလည်း အစ္စလာမ့်ရေးရာနှင့်စပ်လျဉ်းပြီး စိတ်ဝင်စားလာခဲ့ကြသည်။
အေဒီ -၆၂၃(ဟီဂျရီ ၂ ခုနှစ်)
မွတ်စလင်တို့အား ညှဉ်းပန်းနှိပ်စက်သော ရန်ပြုသူကို ပြန်လည်ခုခံတွန်းလှန်ခွင့်အမိန့် ဂျီဟဒ် ကျရောက်လာခဲ့၍ ရန်သူတို့အား ခုခံပိုင်ခွင် ရှိလာတော့သည်။ မဒီနာ ၀န်းကျင်ရှိ လူမျိုးများ အုပ်စုများနှင့် တစ်ဦးကို တစ်ဦး လေးစားရေး မကျုးကျော်ရေး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ဇကားသ်အမိန့် ၊ ဆွီယာမ် ဥပုသ် သီလ အမိန့် ကျရောက်ခဲ့သည်။ ကအ်ဗာ သိုမျက်နှာမူ၍ ဆွလာဟ် ၀တ်ပြုမှု မိန့်  ၊အိဒ်ဂါ တွင် အီဒွလ်ဖိသ်သိရ် ဆွလာသ်ကို အစုအဝေးဖြင့် ပြုခြင်း၊ ပါရှန်း လူမျိုး ဆဲလ်မာန် ဖရ်စီ အစ္စလာမ့် ဘောင်အတွင် ၀င်ရောက်ခဲ့ခြင်း ၊ များ ရှိခဲ့သည်။ ဟီဂျရီ ၂ ခုနှစ်တွင် ကမ္ဘာ့သမိုင်းတွင် အရေးပါလှသော ဗဒရ်စစ်ပွဲ ဖြစ်ပွား၍ အရေအတွက် ၃၁၃ ရှိသော မွတ်စလင်တို့ အောင်ပွဲခံခဲ့သည်။ ဤနှစ်တွင် အလီသခင် နှင့် သမီးတော် ဖာသွီ မာဟ် သခင်မတို့ကို လက်ထက်ပေးခဲ့သည်။
အေဒီ – ၆၂၄ (ဟစ်ဂျရီ ၃ခုနှစ်)
မူးယစ်စေသော သေရည်သေစာများကို ပိတ်ပင်သည့် အမိန့်ကျရောက်ခဲ့သည်။ ဤနှစ်တွင် ရမဒွာန် လတွင် တမန်တော်မြတ်မြေးတော် အီမာမ်ဟဆန် မွေးဖွားခဲ့သည်။ အုဟူဒ်စစ်ပွဲလည်း ဤ နှစ်တွင် ပင်ဖြစ်ပွားခဲ့သည် ။ တမန်တော်မြတ် အမိန့််မနာခံမှုကြောင့် အောင်ပွဲခံရဆဲ တွင် အထိနာ၍ မွတ်စလင် တို့ အလူးအလဲ ခံလိုက်ရသည်။ အတိုးစားခြင်း ကိုပိတ်ပင်သည့် အမိန့် ၊ မိဘနှင့်စပ်လျဉ်းသော အမိန့် ၊ အမွေ ခွဲဝေပေး သော အမိန့် ၊ ဇနီးမယားနှင့် စပ်လျဉ်းသော အမိန့် ၊ စသော အမိန့်များ ကျရောက်လာခဲ့သည်။
အေဒီ - ၆၂၅ (ဟစ်ဂျရီ ၄ခုနှစ်)
ရှအ်ဗန်လတွင် မြေတော် အီမာမ် ဟူစိန်အားမွေးဖွားခဲ့သည်။ မွတ်စလင်အမျိုးသမီးများခန္ဒာကိုယ်လုံခြုံစွာဝတ်ဆင်ရန် အမိန်ကျရောက်လာခဲ့သည်။ အာရဗ်တို့သည် ရာသီဥတု အခြေအနေအရ ဦးခေါင်းလုံခြုံစွာဖုံးအုပ်ထားသော်လည်း အာရဗ်အမျိုးသမီး တို့သည် ခန္ဒာကိုယ် လုံးခြုံခြင်းမရှိခဲပေ။ သို့ဖြစ်၍ မဒိနာမြို့တွင် မုနာဖိက် နှင့် ကာဖရ်တို့က အမျိုးသမီးများကို လှောင်ပြောင်ရာ အလ္လဟ်အရှင်မြတ်က မွတ်စလင် အမျိုးသမီးများသည် အခြာသူများနှင့် မတူ ခန္ဒာကိုယ် ကိုလည်းလုံခြုံစွာ ဖုံးအုပ်ရန် အမိန့်တော်ကျရောက်လာခဲ့သည်။ မူလခြုံထည်ကို ရင်သားအား ဖုံးအုပ်ကာပတ် ၍ လွှဲချထားရမည် ဖြစ်သည်။ အရက် သေစာ ကိုလုံးဝ ပိတ်ပင်သော အမိန့်ရောက်ရှိလာသည်။ ဗနုနဆီရ် အုပ်စုဝင်များ နှင့်စစ်ပွဲဖြစ်ပွားခဲ့သည်။
အေဒီ – ၆၂၆ ( ဟစ်ဂျရီ ၅ ခု )
ခန်ဒက်စစ်ပွဲ အပါအ၀င် စစ်ပွဲများကို ဆင်နွဲရသည်။ တမန်တော်မြတ်သည် မဒီနာမြို့ တွင်ရှိစဉ်ကာလ ရက်ပေါင်း ၇၃၁ ရက်ကို ခုခံကာကွယ်ေ၇း ၂၇ခု တွင် ကုန်ဆုံးခဲ့သည်။ တနည်း အားဖြင့် တမန်တော်မြတ်၏ မဒိနာမြို့ရှိ ငါးပုံတစ်ပုံကာလသည် ခုခံရေးတွင် ကုန်ဆုံးခဲ့ရသည်။ ထိုမျှမက အကြိမ် ပေါင်း ၅၀ကျော် ဒေသအသီးသီးတို့ အစ္စလာမ်ဒေသနာ တော် ပို့ချရန် သွားရောက်ခဲ့သည်။ ဤ ဟစ်ဂျရီ ၅ခုနှစ် တွင် ဒေါက်ရ် အုပ်စု ၀င်များ ၊အလုံးအရင်း ဖြင့် အစ္စလာမ် ကို လက်ခံလာခဲ့သည်။
အေဒီ – ၆၂၇ (ဟစ်ဂျရီ ၆ )
မက္ကာဟ်သား တို့နှင့် ဟူဒိုင်ဘီယာ စာချုပ် ချုပ်ဆိုခဲ့သည်။ ဤနှစ်တွင် အာရဘ် သူရဲကောင်း ခါလီဒ် ဘင်ဝလိဒ် နှင့် အမရ် ဗင် အာဆ် တို့ အစ္စလာမ်ကို လက်ခံလာခဲ့သည်။ ဟုဒိုင်ဘီယာ စာချုပ်ပါ အချက်များကို ဆွဟာဗဟ် နောက်လိုက်များက မကြိုက် မနှစ်သက်သော်လည်း တမန်တော်မြတ် ၏ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းချက် ရလာဒ်ကို အသီးအပွင့် များဖြစ်ထွန်းခဲ့သည်။ စာချုပ်ချုပ်ဆိုပြီး မက္ကာဟ်ဒေသတွင် အစ္စလာမ်ကို လက်ခံသူ များပိုမိုများပြားလာခဲ့သည်။
အေဒီ – ၆၂၈ (ဟစ်ဂျရီ ၇ )
ဟစ်ဂျရီ ရခုနှစ်တွင် နိုင်ငံတကာခေါင်းဆောင် များ အကြီးအကဲများထံ သို့အစ္စလာမ့်သ၀ဏ်လွှာများ ပေးပို့နိုင်ခဲ့သည်။ ဤနှစ်တွင် ခိုင်ဗရ်စစ်ပွဲဖြစ်ပွားခဲ့သည် ။ ခိုင်ဗ၇် အောင်ပွဲ ကာလတွင် အီသီယိုပီးယား မှ မွတ်စလင်များပြန်လည်ရောက်ရှိခဲ့သည်။ ဟုဒိုင်ဗီယာ စာချုပ်အရ မက္ကာမြို့မှ မဒီနာမြို့သို့ လာရောက်ခွင့်မရှိသော မွတ်စလင်တို့ သည် ကြားစခန်းတွင် သီးခြားရပ်တည် ၍ ပျောက်ကျား စစ်ရေး ဆင်နွဲခဲ့သည်။ ဤနှစ်တွင် မွတ်စလင် တို့ အွမ္မရဟ်ပြုရန် သွားရောက်ခဲ့သည်။ ကွာရှင်းခြင်း။ထိမ်းမြားခြင်း အမိန့်များ ၊ လမ်းညွန်များကျရောက်လာခဲ့သည်။
အေဒီ – ၆၂၉ – ၆၃၀ (ဟစ်ဂျရီ ၈)
မက္ကာသို့ ချီတက်ကာအောင်ပွဲခံရရာတွင် သွေးမကျပဲ တမန်တော်မြတ် စီစဉ်ပေးနိုင်ခဲ့သည်။ မက္ကာဟ်မြို့ရှိ မတရားသိမ်းပိုက်ခံထားရသော အိုးအိမ်ပစ္စည်းများအတွက် လက်စားချေခြင်း ကို မပြုခဲ့ပေ။ ကအ်ဗဟ် ကျောင်းတော် ၏ သော့ကို ပင် မူလ ဂေါပက လက်တွင် ပြန်လည်ပေးအပ်ခဲ့သည်။ ဤနှစ်တွင် အလုံးအရင်းနှင့် အစ္စလာမ်ကိုလက်ခံလာခြင်း၊ ကအ်ဗဟ် ၀တ်ကျောင်းကို သန့်စင်စေခြင်း၊ အတိတ်ကာလ ဓလေ့ဆိုးများကို ဖယ်ရှားပစ်ခဲ့သည်။ ဤနှစ်တွင် ဟုနိုင်န် စစ်ပွဲ လည်းဖြစ်ပွားခဲ့သည်။
အေဒီ – ၆၃၀-၆၃၁ (ဟစ်ဂျရီ ၉) ဟစ်ဂျရီ ၈ ခုနှစ်တွင် အာ၇ဘ်ခေါင်ဆောင်များ နှင့် လူအများအပြား အစ္စလာမ်ကို လက်ခံလာခြင်း၊ မဒိနာမြို့သို့ ကိုယ်စားလှယ်မျာား မပြတ်လာရောက်နေခြင်း၊ အဘူဘက္ကရ် သခင်ကြီးကို ဦးဆောင်စေ၍ တမန်တော်မြတ် ပထမဆုံးဟဂ်ျ ပြုစေခဲ့သည်။
အေဒီ – ၆၃၁ (ဟစ်ဂျရီ ၁၀)
သဗူးက်စစ်ပွဲဖြစ်ပွားခဲ့သည်။ ဤနှစ်ရမဒွာန် လ ဆွီယာမ် ဥပုသ်ဆောက်တည် ခြင်းသည် တမန်တော်မြတ် အတွက် နောက်ဆုံးဖြစ်ခဲ့သည်။ တမန်တော်မြတ် ၏ နောက်ဆုံး မိန့်ခွန်းတော် ကို လူသား တစ်သိန်းကျော် ရှေ့မှောက်တွင်ဟောကြားခြင်းဖြင့် ကမ္ဘာ့လူသား တို့အတွက် လူ့အခွင့်အရေးဆိုင်ရာ ပဋိဉာဉ်ကြီးကို ကြေညာခဲ့သည်။
အေဒီ – ၆၃၂ (ဟစ်ဂျရီ ၁၁)
ဟစ်ဂျရီ ၁၁ခုနှစ် ဆွဖရ် လမှစ၍ တမန်တော် မြတ်နေထိုင် မကောင်းဖြစ်ခဲ့သည်။ ရဗီအောင်ဝလ် လ ၁၂ရက်နေ့ တွင် တမန်တော်မြတ် အလ္လဟ့် အမိန့်တော်ခံ ကွယ်လွန်ခဲ့သည်။
Posted by Islamic Josh at 9:44 AM 0 comments
Tuesday, September 7, 2010
Friday, September 3, 2010
Thrustworthiness အမါနသ် သစ္စာတရားကို စောင့်ထိန်းခြင်း
လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ . . . . . . . . .
ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ် အတွက်သာတည်း။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် ထံတော်မှ သာ အကူအညီတောင်းခံပါသည်။ ခိုလှုံခွင့်နှင့် ခွင့်လွှတ်မှုကိုလည်းတောင်းခံပါသည်။ ထိုအပြင် ကျွန်ုပ်တို့စိတ်အတွင်းရှိ မကောင်းမှုကို အားပေးသည့်လှုံဆော်မှုနှင့် ပြင်ပမှ ပြစ်မှုကျူးလွန်အောင်ပြုလုပ်သည့် လှုံဆော်မှုများမှ ကာကွယ်မှုရရန် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါသည်။ ထို့အပြင် တမန်တော်မြတ်(ဆွ)နှင့် မိသားစုဝင်များ အဆွဟာဗ်တော်များ အားလုံး အပေါ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော် ဘရကသ်တော် များ ကျရောက်စေသားဟုလည်း ဆုမွန်ကောင်းတောင်း ခံအပ်ပါသည်။ အာမီးန်
Thrustworthiness ခေါ် အမာနသ် သစ္စာတရားကို စောင့်ထိန်းခြင်းဟူသည် အစ္စလာမ်သာသနာ တော်တွင် အလွန်အရေးပါသော အကြောင်းတစ်ရပ်အဖြစ် ဆွေးနွေးသင်ယူနာကြားကြပါသည်။ အစ္စလာမ်သင်ခန်း စာများကို သင်ကြားသော တက္ကသိုလ်ကြီးများတွင် ယုံကြည်ကိုးစားခြင်း အခန်းကဏ္ဍကို သင်ခန်းစာတစ်ခု အဖြစ် မဖြစ်အနေ သင်ကြားကြပါသည်။ မြန်မာမွတ်စ်လင်မ်များ အဖို့ အမာနသ် ဆိုလျှင် အခြားသူတစ်ဦးက မိမိအား သူတို့၏ ပစ္စည်း၊ ငွေကြေးကို အပ်နှံထားခြင်းနှင့် ၄င်းကို ထိုသူပြန်တောင်းသည့်အချိန်အထိ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပြန်တောင်းလျှင် လျှောလျှောလျူလျူဖြင့် ပြန်ပေးခြင်းပင်ဖြစ်သည်။
အမာနသ် ဟူသော စကားတွင် အခြားအဓိပ္ပါယ်များစွာ ရှိပါသည်။ မှန်ကန်သောစကားကိုပြောခြင်း၊ ကတိသစ္စာတရားကို လေးစားလိုက်နာခြင်း၊ အလုပ်ဟူသမျှကို မှန်မှန်ကန်ကန်လုပ်ကိုင်ခြင်း၊ မည်သူ့ကိုမျှ လိမ်လည်လှည့်ဖျားသည့် စိတ်မထားခြင်း၊ လိမ်လည်သည့်အလုပ်မလုပ်ခြင်း၊ အထူးသဖြင့် အလ္လာဟ် အရှင်မြတ်တားမြစ်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ခြင်းနှင့် လမ်းညွှန်သည့်လုပ်ငန်းများကို တာဝန်ကျေပွန် ခြင်း၊ အဆုံးစကားမှာ ယုံကြည့်ကိုးစားမှုဟူသည် မည်သည့်အရာကိုမဆို သူ့နေရာနှင့်သူ မှန်ကန်တော်တည့် အောင် လုပ်ကိုင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။
နောက်သဘောတစ်ခုမှာ ယုံကြည်မှုဟူသည် တစ်စုံတစ်ယောက်အပေါ်တွင် စိတ်ချရခြင်း၊ သစ္စာရှိ ကြောင်းယုံကြည်ခြင်း၊ မျှတစွာဆောင်ရွက်တတ်ကြောင်းသိခြင်း၊ အလုပ်တစ်ခုအပ်နှင်းရာတွင် တာဝန်ကျေပွန် စွာ ဆောင်ရွက်နိုင်သည်ဟု ယူဆခြင်း စသည့် သဘောတရားများလည်းပါဝင်သည်။ ယုံကြည်အပ်နှင်းခံရသူ သည်လည်း ယုံကြည့်မှုကို အပ်နှင်းခံ ရသည့်အခါ မိမိသည် ထိုတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်နိုင် သည်ဟု ထင်မြင်ပြီး အောင်မြင်အောင် ဆောင် ရွက်နိုင်သည့် သတ္တိနှင့် အရည်အချင်းလည်းရှိသည်ကို ဆိုလိုပါသည်။
သဘောရေးရာအရကြည့်လျှင် ယုံကြည်မှုဟူသည် အလုပ်တာဝန်တစ်ရပ်၏ အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။ ဥပမာ အလ္လာဟ်အရှင်မြတ်သည် လူသားကို အိဗါဒသ်ပြုရန် တာဝန်ပေးအပ်သည်ဆိုပါစို့၊ မိမိတို့အနေဖြင့် ၄င်းအိဗါဒသ် တာဝန်ကို အိဗါဒသ်နှင့်တူအောင် တာဝန်ကျေပွန်စွာ၊ တိကျစွာ အိဗါဒသ်၏ သတ်မှန်ချက်၊ လိုအပ်ချက် ပြည့်ပြည့်၀၀ဖြင့် ပြုလုပ်ခြင်း ကိုဆိုလိုသည်။ အိဗါဒသ်တွင် စံချိန်မမှီခြင်း၊ လျှော့နည်းခြင်းဖြင့်လျှင် မိမိသည် ထိုအိဗါဒသ်တာဝန်၏ အခွင့်အရေးကို ပြည့်ဝစွာ ဖြည့်ဆည်းခြင်း မပြုနိုင်သဖြင့် မိမိသည် အလ္လာဟ်အရှင်မြတ်၏ မွတ်စ်လင်မ် တစ်ယောက်အဖြစ် ယုံကြည်အပ်နှံမှုကို အလွဲသုံးစားလုပ်သည့်သဘောဖြစ်သည်ကို နားလည်သင့်သည်။ ယနေ့ မိမိတို့သည် မိမိကိုယ်ကို ပြန်မေးကြည့်ပါ။ မိမိသည် မည်မျှ အိဗါဒသ် တာဝန်များကို တာဝန်ကျေပွန်ပါသလဲ။ နေ့စဉ် အလ္လာဟ် ပေးအပ်သည့် ဆွလာသ်တာဝန်များကို ကျေပွန်ပါရဲ့လား။ ရိုဇာဥပုဒ်များကိုတာဝန်ကျေပွန်ပါရဲ့လား။ အလ္လာဟ်အရှင်မြတ် တာဝန်ပေးသည့် ကောင်းမွန်သည့်အလုပ်ကို လမ်းညွှန်ခြင်းနှင့် မကောင်းမှုကို တားမြစ်ခြင်းအလုပ်များကို လုပ်ကြပါသလား။ မိမိတို့ အမှန် တကယ် မွတ်စ်လင်များဟု မိမိကိုယ်ကို ယုံကြည့်လျှင် မိမိကိုယ်ကို ပြန်မေးကြည့်ပါဦး။
စူရာအင်မ်ရာမ် အာယသ် ၇၅ တွင် အမိန့်တော်လာရှိသည်မှာ- ယခင်ကျမ်းစာအုပ်များရရှိသူတို့အတွင်း အချို့သည် ၄င်းတို့ ထံတွင် ရွှေအထုပ်လိုက်အပ်ထားကာ အချိန်တန်ပြန်တောင်းလျှင် ချက်ခြင်းပြန်လည်ပေး အပ်လိုက်သည်။ သို့သော်အချို့ သည် ငွေတစ်ပြားအပ်ထားစေကာမူ အချိန်တန်ပြန်တောင်းလျှင်၊ ပြန်ပေးလေ့မရှိကြပေ၊ အသင်သာ အဆက်မပြတ် တောင်းနေစေကာမူ သူတို့ကမပေးဘဲ ပြောကြသည်မှာ ထိုသို့ယူပြီးပစ္စည်းကိုပြန်ပေးရန် သူတို့၏တရားတော်တွင်မရှိဟု ပြောကြလေသည်။
ရှရီအသ်တရားတော်တွင် အမာနသ် ယုံကြည်ကိုးစားခြင်း၊ သစ္စာတရားစောင့်ထိန်းခြင်းဟူသည် သမုဒ္ဒရာ ထက်နက်နဲသော သဘောကိုဆောင်ပါသည်။ တနည်းအားဖြင့် အစ္စလာမ့်တာဝန်ကို နားလည်သဘော ပေါက်ခြင်း၊ မွတ်စ်လင်မ်တစ်ဦး၏ တာဝန်ကို ကျေပွန်ခြင်းပင်ဖြစ်ပါသည်။ ထိုတာဝန်ကျေပွန်ခြင်းတွင် ထိုသူသည် ၄င်းအပေါ်တွင် မွတ်စ်လင်မ် တစ်ဦးအနေ ဖြင့် ရှိနေအပ်သည့် တာဝန်ဝတ္တရားများကို ကိယာမတ်နေ့တွင် အလ္လဟ်အရှင်မြတ်ထံ စာရင်းရှင်းရမည်ကို နားလည် သဘောပေါက်နေခြင်း ပင်ဖြစ်ပါသည်။ လူတို့သည် အမာနသ်နှင့်ပတ်သက်ပြီး ပေါ့ပေါ့တန်တန် သဘောထားလေ့ရှိသည်။ အကြောင်းက သူတို့သည် အမာနသ်၏ သဘောကို သိသလိုလိုဖြင့် စင်စစ် လုံးဝမသိရှာကြဘဲ မိမိကိုယ်ကို လိမ်နေသည့် အဖြစ်ကို သူတို့ကိုယ်တိုင်ပင် မသိဖြစ်နေကြသည်။ သူတို့ကို မေးလျှင် အခြားသူတစ်ဦး၏ တာဝန် (သို့) ပစ္စည်းကို ထိန်းသိမ်းစောင့်ရှောက်ရသည့်အလုပ်ဟု ပြောကြသည်။ စင်စစ် အခြားသူ၏ အလုပ်မဟုတ်ဘဲ မိမိ၏အလုပ် မိမိ၏ တာဝန်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုသည်ကို သဘောပေါက်လျှင် ယနေ့လူသားတို့ အသိုင်းအ၀န်းသည် အလွန်ပင် ပျော်ရွှင်စရာ၊ လှပလွန်းသည့် ပတ်ဝန်းကျင်ဖြစ်နေလိမ့်မည်။
Importance of thrustworthiness အမာနသ် သစ္စာတရား စောင့်ထိန်းခြင်း၏ အရေးပါမှု
စူရာ အဟ်ဇာဘ် အာယသ် ၇၂ တွင် အမိန့်တော်ရှိသည်မှာ- ငါအရှင်မြတ်သည် အမာနသ်နှင့်ပတ်သက်ပြီး မိုးမြေနှင့်တောင်တို့ကို အပ်နှင်းခဲ့ရာ ၄င်းတို့သည် တာဝန်ယူရန် ကြောက်ရွံ့သဖြင့် ငြင်းပယ်ခဲ့ကြလေသည်။ သို့သော် လူသားသည် အမာနသ် တာဝန်ကိုယူခဲ့လေသည်။ လူသားသည် စင်စစ် မိမိကိုယ်ကို သင့်တော်၏ မတော်၏ တရားမျှတ စွာ မဆောင်ရွက်ခဲ့ပါ။ တနည်းအားဖြင့် လူသားသည် အသိဥါဏ်နည်းပါလွန်းသည်။
ကျမ်းမြတ်ကုရ်အာန်၏ အဆိုအရ အမာနသ်ဟူသည် လူသားကိုပေးအပ်သည့် အလွန်ကြီးမားသည့် တာဝန်ကြီးတစ်ရပ် ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် လူသားကို အရှင်မြတ်၏ ကိုယ်စားလှယ် အဖြစ်ခန့်အပ်ပြီး
၁။ မိမိကိုယ်ကို ကောင်းအောင်၊ အောင်မြင်သူဖြစ်အောင် တာဝန်ကျေပွန်သူဖြစ်အောင် ဆောင်ရွက်ရန်
၂။ အခြားသူများကို မွန်မြတ် ကောင်းမွန် အောင်မြင်သူများဖြစ်အောင် ဆောင်ရွက်ရန်၊
၃။ မိမိပတ်ဝန်းကျင်နှင့် မြေကမ္ဘာကို ပြုစုပျိုးထောင်ရန်၊ ကာကွယ် စောင့်ရှောက်ရန်ပင်ဖြစ်သည်။ ထိုသို့ တာဝန် ၃ ရပ်ကို ပိုင်နိုင်စွာ အကောင်အထည်ဖေါ်နိုင်ရန်အတွက် လူသားသည် အလ္လာဟ်အရှင်မြတ်အား
၁။ အီမာန်ယူရန်၊
၂။ အလ္လာဟ်အရှင်မြတ်အား အခြားသူများနှင့် ယှဉ်ပြိုင်ကာ မကိုးကွယ်ရန်၊
၃။ မကောင်းမှုများမှ ရှောင်ကြဉ်ရန်၊
၎။ ပြစားမှု မပြုလုပ်ရန်၊
၅။ အယောင်ဆောင် မွတ်စ်လင်မ် မဖြစ်မိရန်၊
၆။ အပြစ်ကျူးလွန်သူ မဖြစ်စေရန်၊ တနည်း ဟရာမ် လုပ်ရပ်မှ၎င်း၊ ဟရာမ် စားသောက်ခြင်းမှ၎င်း ရှောင်ကြဉ်ရန်၊ စသည့် အလုပ်များကို တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန် အရေးကြီးသည်။
အဆိုပါတာဝန်များကို လုပ်ဆောင်၇ာတွင် လူသားသည်
၁။ ပထမအနေဖြင့် အစ္စလာမ်သာသနာနှင့် တာဝန်ဝတ္တရားများ၊ အစ္စလာမ်ဗဟုတပညာရပ်များကို နားလည် လေ့လာရန် လိုအပ်သည်။
၂။ ဒုတိယအချက်တွင် တမန်တော်တို့၏ ကိုယ်ကျင့်တရားများကို လေ့လာကာ အတုယူခြင်းဖြင့် အဆိုပါတာဝန်များကို လုပ်ကိုင်ဆောင်ရွက်ရာတွင် လွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်သလို ကောင်းသည့် ကိုယ်ကျင့် တရားများကိုလည်း ပိုင်ဆိုင်လာနိုင်သည်။ စင်စစ် မိမိတို့၏ကောင်းသည့် ကိုယ်ကျင့်တရားကြောင့်သာလျှင် အလ္လာဟ် အရှင်မြတ်၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာဖြင့် ထမ်းဆောင်နိုင်သည့် အခြေအနေကိုပိုင်ဆိုင်နိုင်ခြင်းဖြစ်ပါသည်။
ကျမ်းမြတ်ကုရ်အာန် စူရာ နီစာ အာယသ်တော် ၅၈ တွင် မိန့်သည်မှာ- အလ္လာဟ်အရှင်မြတ်သည် အသင့်ကို အသင်၏ တာဝန်ပေးခံရသည့်သူများနှင့် ပတ်သက်လျှင် ယုံကြည့်စိတ်ချစွာဖြင့် တာဝန်ကျေပွန်စွာ အလုပ်လုပ် ရန် အမိန့်ပေးပါသည်။ လူတစ်ဦးနှင့် တစ်ဦးအကြား ဆုံးဖြတ်စရာများရှိလျှင် တရားသဖြင့် ဆုံးဖြတ်ပါလေ။ စင်စစ် အလ္လာဟ်အရှင်မြတ် အသင့်ကို သင်ပြသည့်ဆုံးမစကားသည် မည်မျှ စံပြဖြစ်လောက်ဖွယ်ကောင်း သည်ကို အသင်သိပါလေစ။ စင်စစ် အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကို မြင်နိုင်စွမ်းသော ကြားနိုင်စွမ်းအသောအရှင် ဖြစ်ပါသည်။
အမာနသ်သည် လူသားတို့အတွက် အလွန်အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် လည်း စင်စစ် အမာနသ်သည် လူသားထုတစ်ရပ်လုံးနှင့်သာမက စကြာဝဠာ တခွင်လုံးရှိ သက်ရှိသက်မဲ့အရာ အားလုံးနှင့်လည်း သက်ဆိုင်ပါသည်။ တနည်းအားဖြင့် အရာရာတိုင်းတွင် သူ့နေရာနှင့်သူ အဆင့်အတန်း၊ အခြေအနေ၊ အခွင့်အရေး များရှိနေပြီး ၄င်းတို့ကို လူတိုင်းသည် သူ့နေရာနှင့်သူ အလေးပေး၊ အလေးထား ဆက်ဆံသွားရမည်ဖြစ်သည်။
အမာနသ်ဖြင့်သာ လူသားသည် အီမာန်ကို ပိုမိုတန်ဖိုးထားတတ်လာနိုင်ပြီး အလ္လာဟ်အရှင်မြတ်၏ တာဝန်များကိုလည်း ကျေကျေ ပွန်ပွန် ထမ်းဆောင်နိုင်မည်ဖြစ်သည်။ တမန်တော်မြတ် (ဆွ)မိန့်မူ သည်မှာ- အမာနသ်သည် လူသား၏ စိတ်နှလုံးတွင်း ခိုင်ခံ့စွာ ဆောက်တည်နိုင်လာနိုင်လျှင် မြောက်မြားစွာသော ဗဟုသုတများကို ပိုမိုနားလည်လေ့လာနိုင်ပြီး ဗဟုသုတတိုးကာ အိဗါဒသ်ကို ပိုင်နိုင်စွာ လုပ်ကိုင်ဆောင်ရွက် နိုင်မည်ဖြစ်သည်။ ၄င်းအပြင် အမာနသ်သည်ပင် ကိယာမသ်၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ တမန်တော်မြတ်(ဆွ) မိန့်သည်မှာ ဤလောကတွင် အမာနသ် ပျောက်ကွယ် သွားလျှင် မိမိတို့သည် ကိယာမသ်ကို မျှော်လင့်ရမည် ဖြစ်သည်။
Classification of Thrustworthiness သစ္စာတရား စောင့်ထိန်းခြင်း၏ အမျိုးအစားများ
အစ္စလာမ်တရားတော်တွင် သစ္စာတရားစောင့်ထိန်းခြင်းနှင့် ပတ်သက်ပြီး လူတိုင်းတွင် ကဏ္ဍသုံးပိုင်း ခွဲခြားကာ တာဝန်ရှိကြောင်းသိရှိရပါသည်။
(၁) အလ္လာဟ်အရှင်မြတ်နှင့် လူသားတို့အကြား သစ္စာစောင့်ထိန်းခြင်း၊
(၂) လူသားနှင့် လူသားတို့အကြား တနည်း လူသားအချင်းချင်း သစ္စာစောင့်ထိန်းခြင်း၊
(၃) လူသားနှင့် မိမိကိုယ်ကို သစ္စာစောင့်ထိန်းခြင်း၊ ဟူ၍ အပိုင်းသုံးပိုင်း ခွဲကာ လေ့လာမည်ဖြစ်သည်။
၁။ အလ္လာဟ်အရှင်မြတ်နှင့် လူသားတို့အကြား သစ္စာတရားထားရှိခြင်း
ကျမ်းမြတ်ကုရ်အာန် စူရာအန်ဖာလ် အာယသ်တော် ၂၇ တွင် မိန့်ဆိုသည်မှာ- အိုအီမာန် ယုံကြည်သူတို့ အလ္လာဟ်နှင့် အလ္လာဟ်တမန်တော်အပေါ်တွင်ထားရှိရမည့် သစ္စာတရားကို၎င်း အခြားသူတစ်ဦးဦးနှင့် ပတ်သက်သော ယုံကြည် အပ်နှံမှု များနှင့် ပတ်သက်ပြီး သစ္စာတရားထားရှိမှုများကို၎င်း၊ အလွဲသုံးစား မပြုလုပ်ကြလေနှင့်။
လူသားတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်များဖြစ်သည့်အတွက် ၎င်းတို့သည် မိမိတို့၏ လုပ်ရပ်များ၊ ဆန္ဒများနှင့် ရည်ရွယ်ချက်အားလုံးကို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုအတွက်သာ ရည်မှန်းထားရှိရမည်။ လူတို့သည် အလ္လာဟ်ထံတော်တွင် မိမိတို့ကိုယ်ကို လုံးဝအုပ်သုံ ဝကွက်အပ်ရမည်။ အလ္လာဟ်အရှင်မြတ် သတ်မှတ်သည့် တာဝန်များ ကို ကျေကျေပွန်ပွန်ဆောင်ရွက်ပြီး၊ ထိုသို့ဆောင်ရွက်သည့်အခါတွင် မှန်မှန်ကန်ကန် သစ္စာတရားအပြည့်ဖြင့် ဆောင်ရွက်ရ မည်ဖြစ်သည်။
အထူးသဖြင့် အလ္လာဟ်တပါးတည်းရှိကြောင်း၊ အလ္လာဟ်ကိုယ်သာ ကိုးကွယ်သင့်ကြောင်းနှင့် အလ္လာဟ်နှင့် ယှယ်ပြိုင်ကာ အခြားမည်သည့်အရာကိုမှ မကိုးကွယ်မိရန် အထူးသတိပြုသင့်သည်။ တနည်းအားဖြင့် ကုဖုရ် နှင့် ရှရိက် မလုပ်ရန်ပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လူသားအတွက် စကြာဝဠာအတွင်းရှိအရာများ၊ သက်ရှိသက်မဲ့များကို လူသားတို့ အကျိုး အတွက် ဖန်ဆင်းထားခြင်းဟုဆိုရာတွင် လူတို့သည် ၄င်းအရာများကို လိုသည့်အလျှောက်သာ သုံးစွဲရမည်ဖြစ်သည်။ အလိုရှိတိုင်း အတိုင်းအဆမရှိဘဲ သုံးစွဲရန် မသင့်တော်ပါ။ တနည်းအားဖြင့် သဘာဝတောတောင်များ၊ သယံဇာတ ပစ္စည်းများ၊ တောင်ရိုင်းတိရိစ္ဆာန်များ၊ ကောက်ပဲသီးနှံ၊ သစ်သီးဝလံများ စသည်တို့ကို လိုသည့်အလျှောက် ချင့်ချိန်ကာ သုံးစွဲရမည်။ ထင်တိုင်း ဖြုံးတီးခြင်းပြုလုပ်ရန် မသင့်တော်ပါ။ ထို့အပြင် ၄င်းအရာများကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။ ပင်လယ်တွင်းမှ ငါးဖမ်းခြင်းသည် လိုသလောက်သာ လုပ်သင့်သလို သဘာဝ ရေနံများကိုလည်း လိုသလောက်သာ ထုတ်ယူသုံးစွဲရမည်ဖြစ်သည်။ ရေကိုလည်း လိုသလောက်သာ သုံးစွဲသင့်သလို မိမိပိုင်ဆိုင်သော၊ အများပိုင်ဆိုင်သော အရာများကိုလည်း ထိုနည်းအတိုင်း လိုအပ်သည့်အလျှောက်၊ သတ်မှတ်သည့် အလျှောက် ချင့်ချိန် သုံးစွဲရမည်ဖြစ်သည်။ မိမိပိုင်ဆိုင်သည့်အရာတိုင်းကို ထင်တိုင်း သုံးပိုင်ခွင့် မရှိဆိုသည့် သဘောကို ယနေ့လူတို့ကို ပြောလျှင် ယုံကြည်ကြမည်မဟုတ်ပါ။
မြက်ခင်းပေါ်လမ်းမရှောက်ရဟု တားမြစ်လျှင် လမ်းမလျှောက်ရန်သာရှိသည်။ မြက်ခင်းစိမ်းစိမ်း စိုစိုသည် မျက်စိဧမြ စေရန်သာဖြစ်သည်ကို သဘောပေါက်ရမည်။ ထိုနည်းအတိုင်း ရေဘုံဘိုင်ခေါင်းဖွင့်၍ ရေများကျနေသည်ကို မြင်လျှင် သူများဖွင့်တာဘဲ ငါနှင့်မဆိုင်ဟု မထင်မှတ်သင့်ဘဲ ရေပိုက်ခေါင်းကို ပိတ်ပစ်ရမည်။ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် လူတိုင်းကို မိမိတို့နှင့် ပတ်သက်သော သစ္စာတရားရှိခြင်း တာဝန်ရှိခြင်းစသည်တို့ကို မေးမြန်းလိမ့်မည်။
၂။ လူသားနှင့် လူသားတို့အကြား သစ္စာတရားစောင့်ထိန်းခြင်း
မွတ်စ်လင်မ်ဟူသမျှသည် လူသားများဖြစ်ကြသည့်အလျှောက် တစ်ဦးကိုတစ်ဦး အမှီသဟဲပြုကြရန်နှင့် တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်ကြရန် တာဝန်ရှိပါသည်။ လူသားသည် မိမိ၏ အနားရှိသူများ၊ ဆွေမျိုးသားခြင်းများ၊ အိမ်နီးနားခြင်းများ၊ သူဆင်းရဲများ၊ တောင်းရမ်းသူများ၊ မိဘမဲ့များ၊ မုဆိုးမများ၊ ခရီးသည်များ၊ သစ္စတရား စောင့်ထိန်းသူများ၊ သီးခံတရား ထားရှိသူများစသည်တို့ကို ကူညီစောင့်ရှောက် သင့်ပါသည်။ သူတို့နှင့်ပတ်သက်ပြီး လိုအပ်လျှင်လိုအပ်သလို ကူညီစောင့် ရှောက်သင့်သည်။ ဥပမာ၊ အိမ်နီးနားခြင်းနှင့် မိတ်ဆွေများမရှိက လူတို့သည် အခက်အခဲများစွာ ရင်ဆိုင်ရတတ်ပါသည်။ သို့ဖြစ်၍ မိမိတို့သည် ကိုယ်စီ သစ္စာတရားစောင့်ထိန်းတတ်သူဖြစ်အောင် ကြိုးပမ်းရမည်ဖြစ်သည်။ သို့မဟုတ်က မိမိတို့၏ မိတ်ဆွေများသည် မိမိတို့အပါးမှထွက်ပြေးကြလိမ့်မည်။ ဥပမာ မိမိတို့သည် မိတ်ဆွေတစ်ဦး၏ သစ္စာရှိသူအဖြစ် အသိအမှတ်ပြုခံရရန်ကြိုးစားရမည်။ အိမ်နီးနားချင်းတစ်ဦးက ခရီးထွက်ရန်ရှိလျှင် မိမိကို သူအခန်းသော့အပ်လျှင် မိမိအနေ ဖြင့် ၄င်းအိမ်သော့နှင့် အိမ်ရှိပစ္စည်းများအားလုံးကို ဂရုစိုက်စောင့် ရှောက်ရမည်ဖြစ်သည်။ သူများအိမ်ထဲဝင်ခြင်း၊ ပစ္စည်းများယူဆောင်ခြင်း အလျှင်းမပြုရပေ။ အိမ်ကိုလည်း အဖက်ဖက်မှ စောင့်ရှောက်ရန်တာဝန်ရှိသည်။ အခြားဥပမာ တစ်ခုမှာ အဖွဲအစည်းတစ်ခုက မိမိကို တာဝန်ယူကာ အလုပ်တစ်ခုအပ်နှင်းလျှင် မိမိအနေဖြင့် ၄င်းတာဝန်ကို တာဝန်ကျေပွန်စွာဖြင့် ငွေကြေးနှင့် ပစ္စည်းတစ်ခုကိုမျှ အလွဲသုံးစားမပြုဘဲ စောင့်ရှောက်ရန်အရေးကြီးသည်။ မိဘက မိမိကို ကျောင်းထားပေးလျှင် မိမိအနေဖြင့် စာမေးပွဲတွင် အဆင့်မြင့်မြင့် အောင်မြင်အောင်ကြိုးပမ်းရန် အရေးကြီးသလို၊ လူ့အသိုင်းအ၀န်း တွင်လည်း အကောင်းမွန်ဆုံးလူ၊ အကူအညီပေးသူ၊ စိတ်ထားအကောင်းဆုံးသူ၊ ဖြစ်အောင် ကြိုးပမ်းရ မည်။ ထိုသို့ တာဝန်ကျေပွန်သူသည် သစ္စာတရားစောင့်ထိန်းသူဖြစ်သည်။ လူကောင်းတို့၏ စာရင်းတွင် အသင်ပါဝင်လာလျှင် အသင်သည် အစဉ်အကောင်းမြင်သူဖြစ်လာမည်။ လူတို့၏ နုတ်ဖျားတွင် အသင့်နံမည်သည် အစဉ် တမ်းတစရာ ဖြစ် လာနိုင်သလို အလ္လာဟ်ထံပါးတွင်လည်း မွန်မြတ်မြင့်မြတ်သူ လူကောင်းတစ်ဦးဖြစ်လာမည်။ ထိုသူတို့သည် လောကီ လောကုတ္တရာ နှစ်ဋ္ဌာနေလုံးတွင် အောင်မြင်သူဖြစ်လာမည်။
၎း ၅၇) ကျမ်းမြတ်ကုရ်အာန် စူရာ ၄ အာယသ်တော် ၅၇ တွင် အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ ငါအရှင်မြတ်အား ယုံကြည်သူနှင့် သစ္စတရားစောင့်ထိန်းသူတို့သည် ဂျန္နသ်ဥယျဉ်ဘုံသို့ ၀င်ရောက်ခွငြ့်ပုမည်။ ၄င်းဂျန္နသ်ဥယျဉ်ဘံ၏ အောက်ဝယ် စမ်းချောင်းများ တသွင်သွင်စီးဆင်းနေပြီး ၄င်းအတွင်း သူတို့သည် ထာဝရနေထိုင်ခွင့်ရမည်ဖြစ်သည်။ ၄င်းတို့အတွက် မြင့်မြတ်သန့်စင်သော ဟူရ်ကညာများ သတ်မှတ်ထားရှိပြီး အေးမြသော အရိပ်ဆာယာတွင်နေခွင့်ရှိမည် ဖြစ်သည်။
ထိုသို့အဟုတ်ဘဲ မွတ်စ်လင်မ်အဖြစ် နံမည်သာရှိပြီး လုပ်ရပ်မှန်သမျှသည် အလ္လာဟ် မနှစ်သက်သည့် လုပ်ရပ်များဖြစ်နေ ခြင်း၊ မိမိလုပ်သင့်သည့် သစ္စာတရားကို မစောင့်ထိန်းသူသည် စင်စစ် အရေချုံ မုနာဖိက်တို့ပင်ဖြစ်သည်။ တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ- မည်သူမဆို အောက်ဖေါ်ပြပါ မကောင်းသည့်အရည်အချင်း ၄ ချက်နှင့် ပြည့်စုံသူသည် မူနာဖိက် အရေချုံဖြစ်သည်။ ၄င်းတို့မှာ
၁။ ယုံကြည်ကိုးစားသည့်အခါ အလွဲသုံးစားပြုခြင်း။
၂။ ကတိပေးအပ်သောအခါ ကတိဖေါက်ဖျက်ခြင်း။
၃။ စကားပြောလျှင် လိမ်လည်ပြောခြင်း။
၎။ စကားများလျှင် ဆဲဆိုခြင်းခြင်း စသည်တို့ဖြစ်သည်။
သို့သော် ပညာရှင်အများစုက လူတစ်ဦးထံတွင် ၄င်းအရည်အချင်များကို ရံဖန်ရံခါတွေ့ရလျှင် သူ့အား မူနာဖိက်ဟု မခေါ်ဆိုထိုက်ဟု ဆိုပါသည်။ သို့သော် လူတစ်ဦးသည် ၄င်းအမှုကိစ္စများကို မကြာခဏ လုပ်လေ့လုပ်ထရှိခြင်း၊ အကျင့်ပါ နေခြင်း၊ ထိုသို့လုပ်ရသည်ကို ပျော်မွေ့ခြင်း စသည်တို့ဖြစ်နေပါက ထိုသူသည် အမှန်ပင် မူနာဖိက်ဖြစ်သည်။
၃။ လူသားနှင့် မိမိကိုယ်ကို သစ္စာတရားစောင့်ထိန်းခြင်း
အလ္လာဟ်အရှင်မြတ်သည် မိမိတို့လူသားတို့ကို ပြည့်ပြည့်စုံစုံဖြင့် ဖန်ဆင်းပေးသနားထားပါသည်။ မိမိတို့ကိုယ်တွင် ဦးနှောက်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လက်နှစ်ဘက်နှင့် ခြေနှစ်ချောင်း ပေးထားပြီး ၄င်းတို့အနက် တစ်ခုချင်းစီတွင် အရည်အချင်း တစ်ခုစီရှိကာ ထိုအရာဖြင့် မိမိတို့ကိုယ်ကို ကောင်းစွာ စောင့်ရှောက်နိုင် ပါသည်။ ထိုသို့ စောင့်ရှောက်ရန် မိမိတို့တွင်တာဝန်ကိုယ်စိရှိပါသည်။ မိမိတို့၏ ခန္ဓာကိုယ်သည် မိမိတို့ပိုင်မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ် ပိုင်သော၊ ဖန်တီးထားသော ခန္ဓာဖြစ်သည်။ သို့ဖြစ်၍ ၄င်းကို အနာတရဖြစ်စေခြင်း၊ ရောဂါစွဲကပ်စေခြင်း၊ အလွဲသုံးစားပြုခြင်း စသည်တို့မှ ကာကွယ်စောင့်ရှောက်ရမည်။ ခန္ဓာကိုယ်တွင် ဆေးမှင်ထိုးခြင်း၊ ပုံဆွဲခြင်း၊ ဆေးဝါးထိုးသွင်းခြင်း၊ အရက်သောက်ခြင်းဖြင့် အသဲနှင့်ကိုယ်တွင်း အင်္ဂါများကိုပျက်စီးစေခြင်း၊ စသည် မလုပ်ထိုက်သောအလုပ်များကို အလ္လာဟ်အရှင်မြတ်နှစ်သက် သည်မဟုတ်ပါ။ မိမိတို့လူသားတို့သည် မိမိတို့ကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ကိုယ့်ကိုယ်ကို သစ္စာစောင့်ထိန်းရမည်။
မိမိတို့အား ပေးသနားသည့် မျက်လုံးများကိုလည်း ညအခါ အနားပေးပြီး မနက်ပိုင်းတွင် အသုံးချသင့်သည်။ ၄င်းအပြင် အလ္လာဟ်မနှစ်သက်သည့် အရာများ၊ အပြာရောင်ပုံနှင့် ဗွီဒီယိုများ စသည်တို့ကို မကြည့်သင့်ပါ။ ထိုနည်းအတိုင်းပင် မိမိတို့၏ နားများကို အလ္လာဟ်မနှစ်သက်သည့် အရာများကို နားထောင်ခြင်းထက် ကျမ်းမြတ်ကုရ်အာန်နားထောင်ခြင်း၊ အခြားအကျိုးရှိသည့် အရာများကိုနားထောင်ခြင်း၊ စသည်တို့ကို လုပ်သင့်ပါသည်။ လက်များကို၎င်း၊ ခြေကို၎င်း ထိုနည်းအတိုင်း အကျိုးရှိသည့်နေရာများတွင် အသုံးချပြီး အကျိုးမရှိသည့်နေရာများတွင် အသုံးမချသင့်ပါ။
ကျမ်းမြတ်ကုရ်အာန် စူရာ ၃၆ အာယသ်တော် ၆၅ တွင် မိန့်သည်မှာ ယနေ့ ငါအရှင်မြတ်သည် သူတို့၏ နုတ်ကို ပိတ်ပစ်မည်ဖြစ်ပြီး သူတို့၏ လက်များသည် ငါအရှင်အား စကားပြောလိမ့်မည်။ ခြေထောက်တို့သည် သူတို့လိမ်လည်ခဲ့ သမျှကို သက်သေခံလိမ့်မည်။ ထိုနည်းအတိုင်း နုတ်ကိုလည်း ချိုသာသောစကား အကျိုးရှိသည့်စကားတို့ ကိုသာ ပြောကြားသင့်ပြီး သူများအကြောင်း မကောင်းပြောခြင်း၊ အကျိုးမပြုသည့် စကားများတွင် အချိန်ဖြုံးနေခြင်း စသည်တို့ကို ရှောင်သင့်ပါသည်။ သို့ဖြစ်ကာ အသင်သည် မိမိကိုယ်ကို သစ္စာရှိကြောင်း ပြသရာရောက်မည်ဖြစ်သည်။ အသင်သည် မိမိနှင့် မိမိကိုယ်ကို ယခုကဲ့သို့ သစ္စာရှိရှိဖြင့် ဆက်ဆံကြည့်လျှင် အကျိုးနှစ်ခုရရှိရရှိမည်ဖြစ်သည်။ ပထမတစ်ခုသည် အလ္လာဟ်အရှင်မြတ် အမိန့်တော်ကို လိုက်နာခြင်းအတွက် ဂျန္နသ်ဥယျဉ်တွင် နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ဒုတိယတစ်ခုသည် လောလောဆယ် ဤလောကတွင် မိမိခန္ဓာကိုယ် ကျန်းမာချမ်းသာခြင်း၊ အသက်ရှည် အနာမဲ့ခြင်း အကျိုးကို ခံစားရရှိမည်ဖြစ်ပါသည်။
Posted by Islamic Josh at 6:53 PM 0 comments
လူသားများကို ကြင်နာခြင်း
တမန်တော်မြတ် (ဆွ) အမိန့်တော်လာရှိသည်မှာ-ကြီးသူများကို မလေးစားသူနှင့် ငယ်သူတို့ကို ညှာတာထောက်ထားမှု မရှိသူသည် ငါတို့၏ အသိုင်းအ၀န်းမှ မဟုတ်ဟူ၍ဖြစ်ပါသည်။ (သိရ်မိဇီကျမ်း)။ ထို့ကြောင့်လည်း ကြီးသူတို့သည် မိမိတို့ထက် ငယ်ရွယ်သောသူတို့ကို ညှာတာထောက်ထားရမည်ဖြစ်သလို သူသည် ငယ်ရွယ်သူတို့ကို ကြီးနိုင်ငယ်ညှင်း မလုပ်သင့် ဘဲ အစဉ် ကူညီစောင့်ရှောက်ရမည်။ စကားပြောလျှင်လည်း ကြမ်းကြမ်းတမ်းတမ်း မပြောသင့် ဘဲ နောက်ပြောင်ခြင်း စိတ်ဆင်းရဲအောင်လုပ်ခြင်းလည်း မပြုလုပ်သင့်ပါ။ အမှန်စင်စစ် ကြီးသူ သည် ငယ်ရွယ်သူတို့ကို စိတ်ရှည်ရှည်ထားကာ ဆက်ဆံရမည်ဖြစ်သလို မိမိအနေဖြင့် စံပြ သဖွယ် ငယ်ရွယ်သူတို့ကို လမ်းပြသင့်ပါသည်။ သို့ဖြစ်ကာ ငယ်ရွယ်သူတို့သည် မိမိတို့ကိုယ် တိုင်လည်း စိတ်ရှည်လက်ရှည် လုပ်တတ်ကိုင်တတ်လာနိုင်ပြီး လူကြီးသူမတို့ကိုလည်း လေးလေးစားစား ဆက်ဆံသည့် အကျင့်ရမည်ဖြစ်သည်။
ထိုနည်းအတိုင်းပင် ငယ်ရွယ်သူတို့သည် မိမိတို့ထက်ကြီးသော အကိုနှင့် အမများကိုလည်း လေးလေးစားစား ဆက်ဆံကြရမည်။ ငယ်ရွယ်သူသည် မိမိထက်ထက်ကြီးသောသူတို့ကို စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်သင့်သလို၊ သူတို့ကို စိတ်တိုအောင်လည်း မပြုလုပ်မိ ရန် သတိပြုရမည်ဖြစ်သည်။ ကြီးသူအကိုအမများအနေဖြင့် သူတို့အလုပ်လုပ်နေသည့်အချိန်၊ ကျောင်းစားများကျက်မှန်နေသည့်အချိန်တွင် ညီငယ်များအနေဖြင့် တိတ်တစိတ်နေသင့်ပြီး သူတို့အနှောက်အယှက်ဖြစ်စေမည့် မည်သည့်အလုပ်ကိုမျှ မလုပ်မိရန် သတိပြုရမည်။
စင်စစ် ကြီးသူနှင့် ငယ်သူတို့နှစ်ဦးလုံး သတိထားရမည့်အချက်သည် တစ်ဦးကိုတစ်ဦး လေးလေးစားစား ဆက်ဆံခြင်း၊ သနားကြင်နာခြင်း နှစ်ဦးလုံး အကျိုးရှိသည့် အလုပ်တို့ကို အစဉ် ဂရုစိုက် လုပ်ကိုင်ဆောင်ရွက်သင့်ပါသည်။
လူတိုင်းကို ကြင်နာရမည်။ အစ္စလာမ်သာသနာ၏ အဆုံးအမများတွင် ကောင်းသောလုပ်ရပ် တိုင်းသည် အလှူဒါန တစ်ခုဖြစ်သည်ဟုဆိုပါသည်။ ထိုကောင်းမှုအတွက် အလ္လာဟ်အရှင်မြတ် သည် ကောင်းသည့် အကျိုးဆွဝါဗ် တစ်ခုပေးအပ်မည်ဖြစ်ပါသည်။ တမန် တော်မြတ် (ဆွ) မိန့်သည်မှာ- နေ့စဉ် နေထွက်ချိန်မှစ၍ မိမိ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ကောင်းသည့်နေရာများတွင် အသုံးပြုကာ အလှူဒါနလုပ်နေသင့်သည်။ ဥပမာ၊ ရန်လို ဘက်နှစ်ဦးအကြား ပြေလည်အောင်လုပ်ပေးခြင်း၊ လူတစ်ဦးအား ကူညီပန့်ပိုးခြင်း၊ ၀န်တင် ၀န်ချရာတွင် ကူညီခြင်း၊ ကောင်းသောစကားကိုပြောခြင်း၊ ဆွလာသ် ၀န်ပြုရန် ခြေလှမ်းတိုင်း သည်အလှူဖြစ်ခြင်း၊ လမ်းခရီးတွင် ဆူးညှောင့် ခလုပ်များကို ဖယ်ရှားခြင်း စသည့် လုပ်ရန်တို့ သည် ကောင်းမှုအလှူဒါနများဖြစ်သည်။ (သိရ်မိဇီကျမ်းနှင့် ဘူခါရီကျမ်း)။
အထက်ပါဟဒီးဆ်တော်ကို လေ့လာခြင်းဖြင့် မိမိတို့သိနိုင်သည်မှာ မွတ်စ်လင်မ်ဟူသည် လူတို့ ကို ကူညီယိုင်းပင်းသူ၊ သနားကြင်နာသူ ဖြစ်သည်ဟူ၍ပင်ဖြစ်သည်။ တစ်ခါတစ်ရံ လူတိုင်းကို အကူအညီပေးခြင်းသည် ကောင်းသည်မဟုတ်ပါ။ အကြောင်းကတော့ လူတိုင်းသည် အသင့် အတွက် ကောင်းသည် မဟုတ်ပါ။ သို့သော်လည် ထိုအချိန်တွင် အသင်သည် ကောင်းကောင်း မွန်မွန် ဖြစ်သာ ထိုသူကို ဆက်ဆံပါ။ အသင့်ကို အလ္လာဟ်အရှင်မြတ်သည် ကြည့်နေပါသည်။ အသင့်၏ ကောင်းသော စိတ်ဓါတ်၊ မှန်ကန်သော စိတ်ဓါတ်၊ ရိုးသားသောစိတ်ဓါတ်ကို အလ္လာဟ်အရှင်မြတ်သည် ကောင်းစွာသိသည့်အတွက် အသင်စိတ်ပူရန်မရှိပါ။ အသင်သည် စိတ်ရင်းကောင်းဖြစ်သာ ကူညီစောင်မပါလေ။ အချိန်တန်လျှင် အလ္လာဟ်အရှင်မြတ်သည် အသင့်ကို ကောင်းသည့်အကျိုး ပေးသနားမည်သာဖြစ်ပါသည်။
မကောင်းမှုမှ အသိတရားရလာကာ ကောင်းမှုလုပ်ငန်းများဖက်သို့ ပြန်လည်ရောက်လာသူများ ကို အလ္လာဟ်အရှင်မြတ် အလွန်ပင် နှစ်သက်ပါသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ ကောင်းမှုအလုပ်ဟူသည် အဆုံးတွင် အနိုင်ရရှိသည်ပင်ဖြစ်ပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် လာရှိသည်မှာ အသင့်ကို အလ္လာဟ်အရှင်မြတ် ကြင်နာသနားသလို အခြားသူများကိုလည်း ကြင်နာမှုပေးကြလော့၊ (အလ် ကဆာစ် ၂၈း၇၇)။
Posted by Islamic Josh at 6:48 PM 0 comments
Zakat - ဇကားသ်
ဇကာသ် ဟူသည် မိမိတွင်ရှိသော ပစ္စည်းဥစ္စာများအနက်မှ ရှရီအသ်တရားတော်က သတ်မှတ် ထားသော အစိတ်အပိုင်းကို အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညာတ်တော်အတိုင်း ဆင်းရဲသား များအား အပိုင်ပေးအပ်လှုဒါန်းခြင်းဖြစ်သည်။ ဆွလာသ်နှင့် ရိုဇာသည် ကိုယ်ကာယအားဖြင့် လုပ်ကိုင်ရသော အိဗါဒသ်ဖြစ်ပြီး ဇကာသ်သည် ဥစ္စာပစ္စည်းဖြင့် ပြုလုပ်အပ်သော အိဗါဒသ်ဖြစ် သည်။ ဇကာသ်ပေးခြင်းနှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် ( ၂း၂၇၇၊ ၆း၁၄၁၊ ၉း၅၊ ၄၁း၇၊ ၇၀း၂၄-၂၅၊ ၇၃း၂၀၊ ၉၈း၅) တွင်လာရှိပါသည်။ ဇကာသ်ပေးခြင်းသည် အစ္စလာမ်မဏ္ဍိုင်ကြီး ၅ ခုတွင်တစ်ခုအပါအ၀င်ဖြစ်ပြီး နိဆာဗ် ရှိသူတို့အဖို့ မဖြစ်မနေလုပ်ရမည် ဖရဖ် တာဝန်ဖြစ် သည်။ ဇကာသ်ပေးခြင်းကို ငြင်းဆန်သူသည် ကာဖိရ်ဖြစ်သည်။ ဇကာသ်ပေးဆောင်ရန်တာဝန် ရှိသောသူတို့မှာ-
(၁) မွတ်စ်လင်မ်ဖြစ်ခြင်း၊
(၂) လွတ်လပ်သူဖြစ်ခြင်း
(၃) အသိဥါဏ်ရှိသူဖြစ်ခြင်း၊
(၄) အရွယ်ရောက်သူဖြစ်ခြင်း၊
(၅) နိဆာဗ်ပစ္စည်းထက် ပိုမိုသော ပစ္စည်းဥစ္စာကိုပိုင်ဆိုင်ပြီး ကြွေးမြီကင်းသူဖြစ်ခြင်း၊
(၆) နိဆာဗ်ထက် ပိုသော ငွေကြေးများကို တနှစ်အနည်းဆုံး ပိုင်ဆိုင်သူဖြစ်ခြင်း။ လူတစ်ဦး တွင် ရွှေ ၇ ကျပ်သားခွဲခန့်ရှိလျှင် ထိုသူတွင် နိဆာဗ်ပမာဏ ရှိနေပြီဟု သတ်မှတ်ရမည်။
နိဆာဗ်ဆိုသည်မှာ ရှရီအသ်တရားတော်က သတ်မှတ်ထားသည့် ဇကာသ်ပေးသင့်သည့် လူတစ်ဦးပိုင်ဆိုင်သော ငွေကြေးပစ္စည်း၏ ပိုင်ဆိုင်မှုသတ်မှတ်ချက်ဖြစ်သည်။ ဥပမာ လူတစ်ဦး ထံတွင် ချောင်လည်စွာ စားသောက် ၀တ်စား နေထိုင်နိုင်သည့် အနေအထားသည် နိဆာဗ် ပမာဏ ပင်ဖြစ်သည်။ လူတစ်ဦးတွင် ၄င်းပမာဏထက် ပိုသောငွေရှိပြီး အကြွေးလည်းကင်းသူ ဖြစ်က ထိုသူသည် ဇကာသ်ပေးဆောင်ရမည်။ ငွေကြေးပမာဏအနေဖြင့် လူတစ်ဦးတွင် ငွေသား ၅၄ ကျပ်ခွဲသားခန့် သို့ ရွှေ ၇ ကျပ်ခွဲသားခန့် သည်နိဆာဗ်၏ ပမာဏပင်ဖြစ်သည်။ သို့ဖြစ်၍ ထိုလူသည် ၄င်းငွေသား သို့ ရွှေသား၏ တန်ဖိုးကို တွက်ချက်ယူပြီး စုစုပေါင်းငွေသား ၏ ၄၀ ပုံ တစ်ပုံကို ဇကာသ်အဖြစ်ပေးရမည်။ တနည်းအားဖြင့် ၁၀၀ ကျပ်လျှင် ၂ကျပ် ၅၀ ပြား ပေးရမည်ကို ဆိုလိုသည်။
နိဆာဗ် အထက်ရှိသော မိမိပိုင်ဆိုင်သည့် ပစ္စည်းများတွင် မိမိနေထိုင်သည့် အိမ်၊ အသုံးအ ဆောင်ပစ္စည်းများ မပါဝင်ပါ။
ဥပမာ
(၁) မိမိနေသည့်အိမ်၊
(၂) မိမိ ငှားရမ်းထားသည့်အိမ်များ၊
(၃) အိမ်အသုံးအဆောင်ပစ္စည်းများ မည်မျှ များသည်ဖြစ်စေ၊ (အ၀တ်အစား၊ အိုး၊ခွက်ယောက်၊ ပုကန်၊ ဆိုင်၊ ကား၊ စက်ဘီး၊ ဆိုင်ကယ်)
(၄) အရောင်းအ၀ယ်အတွက်မဟုတ်သည့် ကျောက်မျက်ရတနာများ၊
(၅) လူတစ်ဦးထံတွင် ရွှေ ၃ (သို့) ၄ (သို့) ၅ (သို့) ၆ ကျပ်သားခန့်သာရှိလျှင် နိဆာဗ် ပမာဏဖြစ်သည့် ၇ ကျပ်ခွဲ သားခန့် မရှိသဖြင့် ဇကာသ်ပေးရန်မလိုပါ။
(၆) လူတစ်ဦးတွင် ရွှေ နှင့် ငွေသား ပမာဏ နှစ်ခုပေါင်းလျှင် ရွှေ ၇ ကျပ်ခွဲသား တန်ဖိုးနှင့် ညီမျှသွားလျှင်မူ ဇကာသ်ပေးရမည်။
(၁) မိမိထံရှိ နိဆာဗ် ပမာဏ ပြည့်နေပြီဖြစ်သော ရွှေနှင့် ငွေများ၊ ရွှေခွက် ငွေခွက်များ၊
(၂) ရောင်းဝယ်ရန် ရည်ရွယ်ချက်ဖြင့် ၀ယ်ထားသောပစ္စည်းများ၊
(၃) အသီးအနှံ၊ ကောက်ပဲသီးနှံများ၊ ပဲ၊ ပြောင်း၊ စပါး၊ မုယော၊ ဂျုံ၊
(၄) အ၀တ်အထည်၊စားသောက်ဖွယ်ရာများ၊
(၅) အိမ်သုံးပစ္စည်းများ၊
(၆) အိမ်ထောင်ပရိဘောဂများ၊
(၇) အိမ်၊
(၈) ဆိုင်၊
(၉) ကား၊
(၁၀) ဆိုင်ကယ်၊
(၁၁) တိရိစ္ဆာန်များ၊ နွား၊ ကျွဲ၊ ကုလားအုပ်၊ ဆိတ်၊ သိုးနှင့် အခြားပစ္စည်းများ။
(၁) ဇကာသ်ပေးဆောင်ရန် တာဝန်ရှိသူသည် ဇကာသ်စားထိုင်သူတစ်ဦးကို အလ္လာဟ် အရှင်မြတ် အဖို့ ရည်စူးလျှက် အပိုင်ပေး အပ်လိုက်ရမည်။ဇကာသ်ရသူသည် ၄င်းပစ္စည်း (သို့) ငွေကြေးကို မိမိနှစ်သက်သလို အသုံးပြု နိုင်သည်။
(၂) ဇကာသ်ငွေကို လုပ်ခအဖြစ်၎င်း၊ အလုပ်တစ်ခုခု ခိုင်းသည့် အတွက် အသုံးမပြုနိုင်ပါ။
သို့သော် ဇကာသ်ငွေမှ ပစ္စည်းဝယ်ပြီး ဆင်းရဲသားတို့အား ဝေငှခြင်းသည် ပြုပိုင်ခွင့် ရှိသည်။
(၃)နိဆာဗ်ပစ္စည်းပိုင်ဆိုင်ခြင်း တစ်နှစ်ပြည့်လျှင် ပေးသင့်သောဇကာသ်ပစ္စည်းကို ချက်ချင်းပေးသင့်သည်။
ဇကာသ်ကို ကြိုတင်ပေးထားခြင်းသည်လည်းပြုပိုင်သည်။
(၄) ရမ်ဇာမ်လမရောက် ခင် ရှာဘာန်လကတည်းက ကြိုတင်ပေးကကောင်းသည်။အကြောင်းအမျိုးမျိုးကြောင့် လူတစ်ဦး အား (အလှုငွေဖြစ်စေ) ငွေပေးပြီးနောက် ၄င်းငွေကို ဇကာသ် အဖြစ် ပြောင်းလဲပိုင်ခွင့်မရှိပေ။
(၅)မိမိသိသူတစ်ဦးအား ဇကာသ်ပေးချိန်တွင် ဇကာသ်ဟု မပြောဘဲ ချီးမြှင့်ငွေအဖြစ်၎င်း၊ အီဒ်လက်ဆောင် အဖြစ်ပြောပေးပိုင်ခွင့်ရှိသည်။ မသိသူများကိုမူ ဇကာသ်အဖြစ်ပြောရမည်။
(၆) နိဆာဗ်ပစ္စည်းပိုင်ဆင်ပြီး တစ်နှစ်ပြည့်ပြီးနောက် ဇကာသ်မပေးမီ ၄င်းပစ္စများ မီးလောင် ပျက်ဆီးဆုံးရှုံး သွားလျှင် ထိုသူအပေါ် ဇကာသ်တာဝန်မရှိတော့ပါ။
(၇) တစ်နှစ်ပြည့်သည့်အချိန် မိမိပစ္စည်းများအားလုံးကို အလ္လာဟ်လမ်းတွင် ပေးလှူလိုက် လျှင် ဇကာသ်အတွက် ခွင့်လွှတ်ချက်ရရှိသွားပြီဖြစ်သည်။
နိဆာဗ် ပမာဏပစ္စည်းပိုင်ဆိုင်သူ။
ဆိုင်ယဒ်နှင့် ဗနီဟာရှင်အမျိုးအနွယ်များ။
ဇကာသ်ပေးသူ၏ အမိ၊ အဖ၊ အဖိုး၊ အဖွား၊ အထက်နှင့် အောက် အဆက် အနွယ်များ။
သားသမီး မြေး မြစ် နှင့် ၄င်းတို့မှ ဆင်းသက်လာသောသူများ။
ဇနိး (သို့) ခင်ပွန်း
ကာဖိရ်
ကြွယ်ဝချမ်းသာသူတို့၏ အရွယ်မရောက်သေးသော သားသမီးများ။
နိဆာဗ် ပမာဏမျှ ပစ္စည်းမရှိသူများ။
သူဆင်းရဲများ။
ပစ္စည်းရှိသော်လည်း အကြွေးပေးလိုက်လျှင် နိဆာဗ်ပမာဏမျှ တန်ဖိးုပင် မရှိတော့သူများ။
လမ်းခရီးတွင် ငွေကြေးပြတ်လတ်နေသော ခရီးသည်များ။
ဆင်းရဲသော ဆွေမျိုးသားချင်းများ။
ဆင်းရဲသော အိမ်နီးနာချင်း၊ မြို့ရွာရှိ လူများ။
မိဘမဲ့များ၊ အစောင့်အရှောက်ကင်းသော အဖိုးအိုများ
ဆေးကုသခံနေရသည့် သူဆင်းရဲများ။
ဗလီတည်ဆောက်ခြင်း။
ဗလီအသုံးအဆောင်ပစ္စည်များ ၀ယ်ပေးခြင်း။
သေသူအတွက် ကဖန်ပိတ်ဝယ်ပေးခြင်း။
နာရေးအတွက်သုံးခြင်း။
သေသူ၏အကြွေးကို ပေးဆပ်ခြင်း။
ဗလီအတွက်ရေ၀ယ်ပေးခြင်း။
ဇကာသ်မပေးထိုက်သူတစ်ဦးကို ဇကာသ်ပေးအပ်ပြီးမှ ထိုသူမယူ ထိုက်မှန်းသိရလျှင်လည်း မိမိဇကာသ် အထမြောက် သွားပါမည်။
မြေထွက်သီးနှံများနှင့် ပတ်သက်လျှင် သီးနှံထွက်သည့်နေ့တွင်ပေးရမည်။
ရေသွင်းခြင်းမပြုရဘဲ အလေ့ကြပေါက်သော သီးနှံများအတွက် ၁၀ ပုံ ၁ ပုံ။
ရေသွင်းခြင်းဖြစ်ပေါက်သော သီးနှံများအတွက် ၂၀ ပုံ ၁ ပုံ။
လယ်ယာတစ်ခုတွင် တစ်နှစ် ၂ ကြိမ်၊ (သို့) ၃ ကြိမ်သီးလျှင် သီးတိုင်း ဇကာသ်ပေးရမည်။
လယ်ယာတစ်ကွက်ကို လူတစ်ဦးက ငှားရမ်းသီးနှံစိုက်ပျိုး၏။ ငှားသူကသာ ဇကာသ်ပေးရမည်။ လယ်ရှင်ပေးရန်မလိုပါ။
မိမိအိမ်ဝန်းအတွင်း စိုက်ပျိုးထားသော စားသောက်ပင်များအတွက် ပေးရန် မလိုပါ။
ပျမ်းမျှခြင်းအားဖြင့် ကျွဲနွားကောင်းရေ ၅၀ ရှိလျှင် ဇကာသ်ပေးဆောင်ရမည်။
ကောင်ရေ ၄၀ တွင် ၂ နှစ်သား ၁ ကောင်။
ကောင်ရေ ၆၀ တွင် ၁ နှစ်သား ၂ ကောင်။
ကောင်ရေ ၈၀ တွင် ၂ နှစ်သား ၂ ကောင်။
ကောင်ရေ ၉၀ တွင် ၁ နှစ်သား ၃ ကောင်။
ကောင်ရေ ၁၀၀တွင် ၁ နှစ်သား ၂ ကောင်နှင့် ၁ နှစ်သား ၁ ကောင်။
ဆိတ်ကောင်ရေ ၄၀ တွင် ၁ ကောင်။
ဆိတ်ကောင်ရေ ၁၂၀ တွင် ၂ ကောင်။
ဆိတ်ကောင်ရေ ၂၀၀ တွင် ၃ ကောင်။
ဆိတ်ကောင်ရေ ၄၀၀ တွင် ၄ ကာင်။
၄၀ အထက်ကောင်ရေ ၁၀၀ မပြည့်မချင်း ၁ ကောင်သာပေးရမည်။
၄၀၀ အထက် ၁၀၀ ပြည့်တိုင်း ၁ ကောင်ပေးရမည်။
Posted by Islamic Josh at 6:39 PM 2 comments
ရမ်ဇမ်လတွင် လုပ်ထိုက်သော လုပ်ငန်းကြီးလေးရပ်
အို မွတ်စ်လင် အမျိုးသား အမျိုးသမီးအပေါင်းတို့
လမြတ်ရမ်ဇမ်တွင် အရေးကြီးသော လုပ်ငန်းကြီး လေးရပ်ကို အစဉ် လုပ်ကိုင်သင့်ပါသည်။ ၄င်း လုပ်ငန်းလေးခုဟာ သိပ်ပြီး ပင်ပန်းမှုမရှိသလို နေထိုင်သွားလာစားသောက်ရင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။ ထိုသို့လုပ်ကိုင် ဆောင်ရွက်ရင်း လူသားဟာ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရယူနိုင်ပြီး မိမိရဲ့ မီဇာန် အလေးချိန်ကိုလည်း အလေးစီးစေနိုင်ပါတယ်။
(၁) အစဉ် လာအိလာဟ အိလ္လလ္လာဟါကို ရွတ်ဖတ်နေခြင်း
(၂) အစဉ် အစ်သဂ်ဖိရွလ္လာဟ်ကို ရွတ်ဖတ်နေခြင်း
(၃) အစဉ် ဂျန္နသ်ဥယျဉ်ကို ရရှိရန် တောင်းခံခြင်း
(၄) အစဉ် ဂျဟန္နမ် ငရဲမီးမှ ကင်းလွတ်ခွင့် တောင်းခံနေခြင်း စသည်တို့ဘဲ ဖြစ်ပါတယ်။
(၃) နှင့် (၄) အတွက် အစဉ် ရဗ္ဗနာ အာသိနာ ဖိဒ္ဒြန္ယာ ဟစနသောင် ၀ဖိလ်အာခိရသိ ဟစနသောင် ၀ကိနာ အဇာဗိန်နာရ် ကို ဖတ်ပါ။
အဲ့ဒီလုပ်ငန်းကြီးလေးရပ်ဟာ အလွယ်တကူလုပ်ကိုင်ဆောင်ရွက်နိုင်သော်လည်း လွယ်လွန်းအားကြီးလို့ အထင်မသေးမိရန် အရေးကြီးပါ တယ်။ လွယ်သလောက်လည်း မေ့တတ်လွန်းတဲ့အတွက် လုပ်ဖို့မေ့သွားတတ်ပါတယ်။ ဒါကြောင့် ရမ်ဇာမ်လမှာ သစ်ဘီ တစ်ခုကိုအစဉ် ကိုယ်နဲ့အတူထားပြီး အားတာနဲ့ အနည်းဆုံး လာအိလာဟအိလ္လလ္လာဟ်ကို အနည်းဆုံး ၁၀၀ လောက်ဖတ်ပါ။ ထိုနည်းအတိုင်း အစ်သဂ်ဖိ ရွလ္လာဟ်ကိုလည်း ၁၀၀ နဲ့ ရဗ်ဗနာ..... ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါလို့ သတိပေးလိုက်ပါရစေ။
နောက်ထပ် တတ်နိုင်တဲ့လူတွေအတွက် ပြောချင်တာက ရိုဇဟ်လမြတ်မှာ ရိုဇာစောင့်ထိန်းခြင်းဟာ အလွန်အရးကြီးသလို ရိုဇာစောင့်ထိန်း သူတွေကို ပြုစုစောင့်ရှောက်တာဟာလည်း အလွန်မွန်မြတ်တဲ့ မြင့်မြတ်တဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ တမန်တော်မြတ် (ဆွ) မိန့်တော်မူ တာရှိပါတယ်။ မည်သူမဆို ရိုဇဟ်စောင့်ထိန်းသူတွေကို ၀ါဖြေပေးနိုင်ခဲ့ရင် အဲ့ဒီသူကို အလ္လာဟ်အရှင်မြတ်ဟာ မိမိရဲ့ ဟောဇေကောစရ် မှ
ဖျော်ရည်ကို တိုက်ကျွေးမှာဖြစ်ပါတယ်။ မည်သူမဆို အဲ့ဒီဖျော်ရည်ကို တစ်ခါသောက်မိခဲ့လျှင် နောင်ဘယ်တော့မှာ ရေငတ်တော့မှာ မဟုတ် တော့ဖူးလို့လည်း မိန့်ကြားပါတယ်။
ဆွဟာဘာကြီး စအီဒ် ခွဒ်ရီ (ရ) က တမန်တော်မြတ်ရဲ့ ဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ဆိုထားတာက အလ္လာဟ်အရှင်မြတ်ဟာ ရမ်ဇမ်လမှာ ဂျန္နသ်ဥယျဉ်ဘုံရဲ့ တစ်ခါချက်များအားလုံးကို တစ်လုံး ဖွင့်လှစ်ထားပါတယ်. အဲ့ဒီ ဂျန္နသ်ဥယျဉ်ဘုံအတွင်းမှာ နီတျာရဲနေတဲ့ ပတ္တမြားဖြစ်ပြီး တဲ့ ဟောနန်းတစ်ဆောင်အလား ကြီးကျယ်တဲ့ အိမ်ကြီးတစ်ခုကို ရိုဇာစောင့်ထိန်းသူအတွက် ပေးအပ်မယ်လို့ဆိုပါတယ်။ အဲ့ဒီအိမ်တော်မှာ တံခါးပေါက်ပေါင်း ခုနှစ်သောင်းကျော်ရှိပါမယ်။ အဲ့ဒီတံခါးများအားလုံးကို ရွှေဖြင့်ပြုလုပ်ထားပြီး ရွှေတံခါးချပ်တိုင်းပေါ်မှာ ပတ္တမြားတွေနဲ့ အလှ ဆင်ထားတာဖြစ်ပါတယ်။
ဆက်လက်ပြီး မိန့်ကြားတာက မု့မင်န်တစ်ဦးဟာ ရမ်ဇာမ်လမှာ ပထမနေ့ ရိုဇဟ်စောင့်ထိန်းခဲ့ရင် အဲ့ဒီလူကို နောက်ဆုံးရမ်ဇာမ် ရက်များ အထိ သူ့ရဲ့အပြစ်ဂိုနာများကို ခွင့်လွတ်မှာဖြစ်ပါတယ်။ ဒုတိယနေ့တွင် မု့မင်န်တစ်ဦးသည် ရိုဇာဟ်စောင့်ထိန်းခဲ့လျှင် ထိုသူအတွက် ရမ်ဇာမ်တစ်လလုံးအတွက် ကဖ်ဖာရာများ ပေးပြီးဖြစ်သွားမည်ဖြစ်သည်။ ထို့နောက် ကျန်တဲ့ရိုဇဟ်များအားလုံးအတွက် ရိုဇဟ်တစ်လုံး ထားတိုင်း ဂျန္နသ်ဥယျဉ်အတွင်း ရွှေဖြင့်ပြီးသော အိမ်တစ်စောင်ကို ပေးအပ်မည်ဖြစ်ပါသည်။ အဲ့ဒိအိမ်မှာလည်း တံခါးပေါက်ပေါင်း တစ်ထောင်ကျော်ရှိပါတယ်။ နောက်ပြီး အဲ့ဒီမု့မင်န်အတွက် ကောင်းကင်တမန် ၇ သောင်းကျော်ဟာ ခွင့်လွတ်မှုအတွက် အစဉ် ဆုတောင်းနေပါတယ်တဲ့။ နောက်ပြီး ရမ်ဇာမ်လမှာ မုမင်န် တစ်ဦးရဲ့ စိဂ်ျဒဟ် တစ်ခုအတွက် တစ်ထောင့်ခုနှစ်ရာသော အကျိုးစ၀ါဗ်များကို ပေးအပ်မှာဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒီစိဂ်ျဒဟ် အတွက် သစ်ပင်တစ်ပင်လည်း ရရှိမှာဖြစ်ပါတယ်။ ထူးခြားတာက အဲ့ဒီသစ်ပင်ရဲ့ အရိပ်ဟာ အလွန်ကြီးမားလွန်းပြီး လူတစ်ယောက်ဟာ အဲ့ဒီအရိပ်မှာ နှစ်ပေါင်းတစ်ထောင် မြင်းနဲ့ နှင်ရင်တောင် အဲ့ဒီ အရိပ်ဟာ ကုန်ဆုံးလိမ့်မည်မဟုတ်လို့ဆိုထားပါတယ်။
တမန်တော်မြတ် (ဆွ) ဆက်လက်မိန့်တော်မူတာက- အလ္လာဟ်အရှင်မြတ်ဟာ ရမ်ဇာမ်လရဲ့ ပထမညမှာ လူ့တိုင်းဋ္ဌာနေကို မျက်နှာတော်မူပါတယ်။ အကယ်၍ အရှင်မြတ်ရဲ့ အကြည့်ဟာ လူတစ်ဦးအပေါ်ကျရောက်ပြီဆိုရင် အဲ့ဒီလူဟာ ဘယ်တော့မှ အပြစ်ပေးခြင်းခံရတော့မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ နေ့စဉ် လူပေါင်းတစ်သန်းကို ငရဲမီးကနေ ကယ်တင်သွားပါလိမ့်မယ်။ အလ္လာဟ်အရှင်မြတ်ဟာ လူသားတွေကို အပြစ်တွေက ကယ်တင်တဲ့ အလုပ်တစ်ခုကိုသာ လုပ်တာမဟုတ်ပါဘူး၊ လူသားတွေကို နေမသ် တွေလည်း မြောက်များစွာပေးအပ်ပါတယ်။ သဘောက မည်သူမဆိုအပေါ် အလ္လာဟ်အရှင်မြတ်ရဲ့ အကြည့်တော် ကျရောက်ပြီဆိုရင် အဲ့ဒီလူသားဟာ နောင်ကို မည်သည့်အခါမျှ မကောင်းမှု လုပ်ချင်တဲ့ စိတ်ကူး မဖြစ်ပေါ်တော့ပါဘူး။
Posted by Islamic Josh at 6:21 PM 0 comments
Wednesday, August 11, 2010
ကဒ်ရ် ညဉ်မြတ်
ကဒ်ရ်ညဥ့်မြတ်အကြောင်း …
ရမသွာန်လမြတ်၏ ညများအနက် ညတစ်ညကို ကဒ်ရ် ညမြတ်ဟုခေါ်လေသည်။ ထိုညကား အလွန်ပင်မွန်မြတ် "ဘရ်ကတ်" ရှိသော ညဖြစ်ပေသည်။ ကုရ်အာန်ကျမ်းတော်မြတ်၌ထိုညကို လပေါင်းတစ်ထောင်ထက် သာမြတ်သည်ဟုမိန့်ဆိုထားပေသည်။ လပေါင်းတစ်ထောင်သည် ၈၃ နှစ်. ၄ လဖြစ်ပေသည်။
ကဒ်ရ် ညဥ့်ဖြစ်ပေါ်လာပုံ …
- ဟဒီးသ်တော်များတွင်လာရှိသည်မှာ ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်သည် လွန်လေပြီးသော သူများ၏ သက်တမ်းကို ကြည့်တော်မူလေရာ၊ အသက်ရှည်လွန်းနေသည်ကို တွေ့ရပေသည်။ ကိုယ်တော်၏ အွမ္မတ်သားမျာသည် ထိုပုဂ္ဂိုလ်များနှင့်စာလျှင်သက်တမ်းအလွန်တိုတောင်းလှပေသည်။ ကောင်းမှုကုသိုလ်များကို လွန်လေပြီးသော ပုဂ္ဂိုလ်များနှင့်တန်းတူပြုမူကြသော်လည်း ၎င်းတို့က အသက်ပိုရှည်နေသဖြင့် တန်းတူမဖြစ်နိုင်ပေ။ ဤသည်ကို အစားထိုးရန် ကဒ်ရ် ညမြတ် ကျရောက်လာခဲ့သည်။ ဤည ၁ဝ ည ရရှိလိုက်သူသည် တတ်က်ဒီးရ် ကောင်းသူပင်ဖြစ်ပေသည်။ ထိုညကို အေဗာဒတ် ပြုခြင်းဖြင့် ကုန်လွန်စေလျှင် ပမာဆိုသော် ၈၃၃-နှစ်၊ ၄-လ ထက်ပိုသောပြည့်ဝသော အေဗာဒတ်၏ အကျိုးကို ရရှိပေမည်။
- အချို့ဟဒီးတော်များအရ သိရသည်မှာ.. ရစူလွလ္လာဟ် (ဆွလ္လာဟု) ကိုယ်တော်က ဗနီအစ္စရာအီလ် အနက် နှစ်ပေါင်းတစ်ထောင်တိတိ ဂျေဟာဒ် အသျှင်မြတ်လမ်းတော်တွင်တိုက်ခိုက်သည့် ပုဂ္ဂိုလ်တစ်ပါးအကြောင်းကို ပြောပြတော်မူလေရာ ဆွဟာဗဟ် (ရသွေ့ကလ္လာဟုအန်တွန်မ်) သခင်များသည် စိတ်မကောင်းဖြစ်သွားကြလေသည်။ ထို့ကြောင့် ကြီးကျယ်နိုင်နင်း တံခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်က ကဒ်ရ် ညကို ချပေးသနားတော်မူခြင်းဖြစ်လေသည်။
ဤသို့ပင် မြောက်များစွာသော ရေ၀ါယတ် များလာရှိပေသေးသည်။ မည်သို့သော အကြောင်းကြောင့် ကျရောက်သည်ဖြစ်စေ ဤညသည် ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်သော ဆုလာဘ်တော်ပင်ဖြစ်သည်။ ဤညသည် အလ္လာဟ်အရှင်မြတ်ဟ အသနားတော်ဖြစ်သည်။ ထိုည၌ အမလ် ပြုရန်စွမ်းအားသည်လည်း အရှင်မြတ်ပေးသနားတော်မူမှသာလျှင် ရမည်ဖြစ်လေသည်။
- "အင်န်နာ အန်ဇလ်နာဟို့ ဖီးလိုင်း လသေ့လ် ကဒ်ရ်"… ဧကန်အမှန် ငါအသျှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်ကို ကဒ်ရ်ညဥ့်မြတ်၌ ချပေးတော်မူခဲ့သည်။
ဤညကား ချမ်းမြေ့ခြင်းအတိပြီးလေသည်။ ဆိုလိုတော်မူသည်မှာ.. တစ်ညတာလုံး ဖွရစ်ရှတဟ် များဘက်မှ မုအ်မင်န် များအတွက်ချမ်းမြေ့ခြင်းများ သက်ရောက်နေပေသည်။ တစ်သုတ်လာ၍ ပြန်သွားကြလေရာ တစ်သုတ်က ဆင့်ကဲရောက်လာကြပေသည်။
ထိုညသည် (ထိုဘရ်ကတ်များဖြင့်) တစ်ညလုံး ဖွဂျရ်အချိန်ထိနေလေသည်။
ကဒ်ရ်ညဥ့်၌ အေဗာဒတ်ပြုသူသည် တစ်သက်လုံးပြုခဲ့သော
ဂိုနာဟ်များမှချမ်းသာရခြင်းအကြောင်း …
ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ.. အကြင်သူသည် ကဒ်ရ်ညမြတ်၌ အီမာန်နှင့်တကွ သဝါဗ်၏ မက်ဖြင့် (အေဗာဒတ် ခဝတ်ရန်အတွက်) ရပ်လျှင် ထိုသူနောက်နောင်က ကျူးလွန်ခဲ့သော ဂိုနာဟ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူလေသည်။
- ရပ်လျှင်ဟူ၍ မိန့်ဆိုခြင်းမှာ …. နမာဇ်ဝတ်ပြုနေခြင်း၊ ၎င်းအခြားသော အေဗာဒတ် ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ခြင်း၊ သစ်က်ရ် စသည်များ၌ မွေ့လျော်နေခြင်းဖြစ်ပေသည်။
သောင်ဗဟ် ဆိုသည်မှာ နောက်နောင်က ပြုမူခဲ့သည်များကို သံဝေဂရ၍ ရှေ့တွင် မကျူးလွန်တော့ကြောင်း ဝန်ခံချက်ပေးခြင်းပင်ဖြစ်ပေသည်။ ထို့ကြောင့်အကြင်သူသည် ဂိုနာဟ်ကဗီရဟ်များကိုလည်း ကျူးလွန်ခဲ့သူဖြစ်လျှင် ကဒ်ရ်ညမြတ် ၎င်း မည်သည့်အေဗာဒတ်ပြုရာ၌ မဆို မိမိကျူးလွန်ခဲ့သည်များကို စိတ်ရောကိုယ်ပါဝန်ချတောင်းပန်သောင်ဗဟ်ပြုရန်သင့်ပေသည်။ သို့မှသာအလ္လာဟ်အရှင်မြတ်၏ ပြည့်စုံသော ရဟ်မဟ် သက်ရောက်ပေမည်။ ဂိုနာဟ်အကြီးအငယ်မှလည်း ချမ်းသာပေးမှုရရှိပေမည်။
ကဒ်ရ်ညဥ့်ကို မရသူသည် လက်မဲ့ဖြစ်ခြင်း …
ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ.. သင်တို့အပေါ်၌လတစ်လရောက်လာပေပြီ။ ထိုလထဲမှ ညတစ်ညသည် လပေါင်းတစ်ထောင်ထက် သာမြတ်ပေသည်။ အကြင်သူသည် ထိုညကို လက်လွတ်သွားလျှင်၊ ပမာဆိုသော်.. ကောင်းမှုအပေါင်းမှ လက်မဲ့ဖြစ်သူပင်ဖြစ်ပေသည်။ ထိုည၏ကောင်းမှုများမရရှိပေ။ သို့သော် ထိုသူသည် အမှန်ပင် မရထိုက်ခြင်းကြောင့် လက်မဲ့ဖြစ်ခြင်းဖြစ်ပေသည်။ အမှန်မှာ ထိုသူသည်ဤမျှကြီးကျယ်သော စည်းစိမ်ကို လက်လွှတ်ခဲ့သဖြင့် ထိုသူ လက်မဲ့ဖြစ်နေခြင်းမှာ စဉ်းစားတွေးတောနေရန်မလိုပေ။ မီးရထားအလုပ်သမားများသည် ငွေအသာပြာအနည်းငယ်အတွက် တစ်ညလုံးမအိပ်စက်ပဲကုန်လွန်စေကြသည်။ အကယ်၍ နှစ်ပေါင်း ၈၀- အေဗာဒတ် အတွက် တစ်ညမအိပ်ပဲနေလျှင် ခဲယဉ်းဖွယ်ရာမရှိပေ။
- ရှဒ်ဒါဒ် (ရသွေ့) သခင်သည် တစ်ညလုံး လူးလွန့်၍ကုန်လွန်စေသည်။ အို.. အသျှင် မီးလျှံကို ကြောက်ရွံ့မှုက ကျွန်တော်မျိုးအား သက်သက်သာသာအိပ်စက်မှုကို ပျက်စီးစေပါသည် ဟုမိန့်တော်မူလေသည်။
- စွေလဟ်ဗင်အသီမ် (ရဟေ့) သခင်သည် တစ်ညလုံးနမာဇ်များဖတ်တော်မူပြီး နံနက်တွင် ဒိုအာတောင်းသည်မှာ၊ အို… အလ္လာဟ်အသျှင်မြတ် ကျွန်တော်မျိုးသည် ဂျန္နတ်ကို တောင်းနိုင်သော စွမ်းအားမရှိပါ။ ကျွန်တော်မျိုးကို မီးလျှံ၏ ဘေးမှ ချမ်းသာပေးတော်မူပါရန်ကိုပင် တောင်းဆိုအသနားခံပါ၏။
- အေမာမ်ရှာဖွေအီ (ရဟမတွလ္လာဟ်) သခင်သည် ရမသွာန်လမြတ်၌ နေ့-ည နမာဇ် များတွင် ကုရ်အာန် ကျမ်းတော်မြတ်ကို အစအဆုံး အကြိမ် (၆၀) ဖတ်တော်မူလေသည်။
ကဒ်ရ်ညမြတ်၌ ကောင်းမှုပြုသူ၏ ဂိုနာဟ် ချွတ်ကယ်တော်မူခြင်းအကြောင်း …
ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ.. လိုလတွလ်ကဒ်ရ် ညဥ့်မြတ်၌ ဂျစ်ဗ်ရာအီလ် (အလိုင်ဟစ္စလာမ်) သခင်သည် ဖွရစ်ရှတဟ် ကောင်းကင်တမန်တော်များနှင့်အတူလောကသို့ဆင်းသက်လာတော်မူလေသည်။ ထိုင်လျက်ဖြစ်စေ၊ ရပ်လျက်ဖြစ်စေ၊ အိပ်လျောင်းလျက်ဖြစ်စေ အေဗာအတ် နှင့် သစ်က်ရ်ပြုနေသူများကို အလ္လာဟ်အရှင်မြတ်၏ ရဟ်မတ် မဟာကရုဏာ သက်ရောက်စေရန် ဒိုအာ ဆုမွန်များပြုကြပေသည်။
ရှိုင်ခ်အဗ်ဒွလ်ကာဒင်ရ်ဂျီလာနီ (ရဟမတွလ္လာဟ်) သခင်က ဂွန်ယဟ် ကျမ်းတွင် အစ်ဗ်နိုအဗ်မာစ် (ရသွေ့) သခင်၏ ဆင့်ပြန်ချက်ကို ရေးသားထားသည်မှာ … ဖွရစ်ရှတဟ်များ သည် ဂျစ်ဗ်ရာအီလ် ( အလိုင်ဟစ္စလာမ်) သခင်၏အမိန့်အရ မြို့၊ ရွာ၊ တော၊ တောင်၊ ပင်လယ်၊ သမုဒ္ဒရာ စသည့်မူစလင်များရှိသရွေ့ နေရာတိုင်း၌အီးဒ်နေ့တွင် သွားရောက် လက်ဆက်ကြပေသည်။ သို့သော် ခွေး၊ ဝက်၊ ဇေနာမူကြောင့်ရေချိုးရန်ရှိသူ၊ သက်ရှိသတ္တဝါပုံရှိသော အိမ်များသို့မူ မဝင်ရောက်ကြပေ။
- ကဒ်ရ်ညသည် ရမသွာန်လ နောက်ဆုံး ၁၀ ရက်၏ 'မ'ရက်များတွင်ရှိသည်။ ၂၁၊ ၂၃၊ ၂၅၊ ၂၇၊ ၂၉ ။
ကဒ်ရ်ညဥ့်မြတ်တွင် တောင်းဆိုရန် ဒိုအာအကြောင်း …
- "အလ္လာဟ်ဟွမ်မ အန်န်နက အဖုဝွန် တို့ဟစ်ဗွလ် အဖ်ဝ ဖအ်ဖို့အန်နီ" ..
အဓိပ္ပာယ်မှာ၊ "အို… အလ္လာဟ်အသျှင်မြတ် ဧကန်မုချအသျှင်သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသော အရှင်ဖြစ်တော်မူပါသည်။ ၎င်းချမ်းသာပေးမှုကိုလည်း နှစ်သက်တော်မူသော အရှင်ဖြစ်တော်မူပါသည်။ သို့ရှိရာ ကျွန်တော်မျိုး/ မ ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ" ။
စွဖ်ယာန်သောင်ရီ ( ရဟမတွလ္လာဟ်) သခင်က မိန့်တော်မူသည်မှာ… ထိုည၌ အခြားသော အေဗာဒတ်များ ဆောက်တည်မည့်အစား ဒိုအာ၌ ပင် မွေ့လျော်ခြင်းက သာကောင်းလေသည်။
အစ်ဗ်နို့ရဂျမ် (ရဟမတွလ္လာဟ်) သခင်က မိန့်တော်မူသည်မှာ … ဒိုအာသက်သက်ပင်မဟုတ်ပဲ အခြားသော အေဗာဒတ်များ ဆောက်တည်ခြင်းက ပို၍မြတ်လေသည်။ ဥပမာ။ ။ ကုရ်အာန် ကျမ်းတော်မြတ် သရဇ္ဈာယ်ခြင်း၊ နမာဇ်ဝတ်ပြုခြင်း၊ ဒိုအာဆုမွန်တောင်းခြင်း၊ မိုရာကဗဟ် စသည်များဖြစ်လေသည်။
ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ.. ဤသည်သော ကုသိုလ်များပွားကြရန် လာရှိသဖြင့် အားလုံးသော အေဗာဒတ်များပြုမူကြရန် အကောင်းဆုံး ဖြစ်ပေသည်။
×××× _ တဗ်လီးဂ် ပေါင်းချုပ်ကျမ်း(ဖွသွာအေ့လေ့ ရမသွာန်ကျမ်း) မှ _ ××××
Posted by Islamic Josh at 4:32 PM 0 comments
ရမသွာန်လမြတ်အကြောင်း
ရိုဇာဟ် ဥပုသ်စောင့်ထိန်းခြင်း
"အလ္လာဟ်အရှင်မြတ်၏ထံတော်ပါး၌ ရိုဇာဟ် ဥပုသ်စောင့်ထိန်းသူ၏ ဂုဏ်အဆင့်သည် အလွန်တရာပင် မြင့်မားလှပေသည်.. " "အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုသက်သက်ကိုရှေးရှု၍ အကျိုး ဆဝါဗ် ကိုမျှော်ကိုးလျက် ရမသွာန် ၏ ရိုဇာဟ်ကိုစောင့်ထိန်း၏။ ထိုသူ၏ အတိတ်က အပြစ်များကို ခွင့်လွှတ်တော်မှုမည် ဖြစ်၏ .. " "ရိုဇာဟ်စောင့်ထိန်းသူ၏ ပါးစပ်မှထွက်သော အနံ့အသက်သည် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ ကတိုးအနံ့ထက်ပို၍ မြတ်နိုးဖွယ်ရာဖြစ်ပေသည် .. " "ကိယာမတ် နေ့တွင် ရိုဇာစောင့်ထိန်းသူတို့သည် ရိုဇဟ် ၏ ကြီးမားလှစွာသော အကျိုးဆုလာဘ်တော်များကိုရရှိကြမည် ဖြစ်သည်.. " ရမသွာန် လ၏ပညတ်ချက်များ ၁) လမြတ် ရမသွာန် ၏ ရိုဇဟ် သည် ရူးသွပ်သူ နှင့် အရွယ်မရောက်သေးသူမှအပ အခြား မူစလင် တိုင်းအပေါ်၌ ဖရ်သွ် မလုပ်မနေရ တာဝန်ဖြစ်သည်။ ၂) ဖဂ်ျရ် ဝင်ရောက်လာပြီး အချိန်မှစ၍ နေဝင်သည်အချိန်အထိ ရိုဇဟ် ၏ နီယတ်ဖြင့်စားခြင်း၊ သောက်ခြင်း နှင့် ကာမစပ်ယှက် မှု စွန့်လွှတ်ခြင်း ကို ယှရီအတ် တွင် ရိုဇာ ကိုခေါ်သည်။ ၃) နှုတ်ဖြင့် နီယတ် ပြုခြင်း၊ တစ်စုံတစ်ရာကို မြွက်ဆိုခြင်းစသည်တို့ပြုလုပ်ရန်မလိုအပ်ချေ။ စိတ်အတွင်း၌ "ယနေ့ငါသည် ရိုဇာဟ် နှင့်ဖြစ်သည် " ဟု ရည်စူးလျက် တစ်နေ့လုံး တစ်စုံတစ်ရာ မစားမသောက် မေထုံမှု မပြုပဲ နေလိုက်လျှင် ရိုဇာဟ် အထမြောက်လေသည်။ ၄) အကယ်၍ တစ်ဦးတစ်ယောက်သည် နံနက်မှ မိုးချုပ် သည်အထိ တစ်နေကုန် မစားမသောက်ပဲ နေခဲ့သည်။ စိတ်ထဲ၌ ရိုဇဟ် ကို ရည်စူးခြင်းမရှိ။ မဆာသဖြင့် သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် မစားမသောက်ခြင်းဖြစ်သည်။ ထိုအခါ ထိုသူ၏ ရိုဇဟ် သည် အထမမြောက်ချေ။ အကယ်၍ စိတ်ထဲ၌ ရိုဇာဟ် ၏ နီယတ် ပြုလိုက်လျှင် သူ၏ ရိုဇဟ် သည် အထမြောက်လေသည်။ ၅) ယှရီအတ် တရားတော်အရ ရိုဇဟ် ၏ အချိန်သည် နံနက်အရုဏ်တက်ချိန်မှ စတင်လေသည်။ ထို့ကြောင့် အရုဏ်တက်ချိန် မရောက်မချင်း စားခြင်း သောက်ခြင်းစသည်တို့ပိုင်လေသည်။ ၆) လမြတ်ရမသွာန်တွင် ညဥ့်အချိန်၌ ရိုဇဟ် ၏ နီယတ် ပြုလျှင်လည်း ဖရ်သွ် တာဝန်ကျေသွားလေသည်။ အကယ်၍ ညဥ့်အချိန် ရိုဇဟ် ထားရန်မရည်ရွယ် နံနက်မိုးလင်းသောအခါလည်း ယနေ့ရိုဇဟ် မထားတော့ဘူးဟုကြံရွယ်ခဲ့၏။ နေအတော်ကလေးမြင့်လာသော အခါ (နေမွန်းမတည့်ခင် တစ်နာရီအလိုအထိ) ဖရ်သွ် ရိုဇဟ် လွတ်ခြင်းမကောင်းဟု စဉ်းစားကာ နီယတ် ချည်လိုက်လျှင် ရိုဇဟ်အထမြောက်လေသည်။ သို့ရာတွင် နံနက်အချိန်၌ တစ်စုံတစ်ရာစားသောက်မိလျှင် နီယတ် မပြုအပ်၊ ရိုဇဟ် မပိုင်တော့ချေ။ စဲဟ်ရီစားခြင်းနှင့် အိဖ့်တွာရ်ပြုခြင်း (ဝါဝင် ဝါထွက် အစား စားသောက်ခြင်း) ၁) စဲဟ်ရီ စားသောက်ခြင်းသည် စုန္နတ်ဖြစ်လေသည်။ အကယ်၍ စွံပလွံသီး ၂ လုံး ၃ လုံးခန့်ဖြစ်စေ၊ သို့မဟုတ် အခြားအစားအစာ တစ်ခုခု အနည်းငယ်ဖြစ်စေ၊ သို့မဟုတ် ဘာတစ်ခုမျှမစားသောက်ချင်လျှင်လည်း ရေအနည်းငယ်ဖြစ်စေ စားသောက်ရမည်။ ၂) စဲဟ်ရီ စားသောက်ရာတွင် အတတ်နိုင်ဆုံး အချိန်ဆွဲဆိုင်းငံ့၍ စားလျှင် ကောင်း၏ .. ။ သို့ရာတွင် အရုဏ် တက်လာပြီး ရိုဇဟ် ပိုင်မည် မပိုင်မည် ဟု သံသယဖြစ်လာသည်အထိ နောက်ကျမခံရ။ ၃) အကယ်၍ ညဥ့်အချိန်တွင် စဲဟ်ရီ စားရန် အိပ်ရာမှမနိုးပဲ အားလုံးအိပ်ပျော်နေကြသဖြင့် စဲဟ်ရီမစားဖြစ်သော်ငြားလည်း နံနက်တွင် ရိုဇဟ် ထားလိုက်ရပေမည်။ စဲဟ်ရီ လွတ်သွားသည့်အတွက် ရိုဇဟ် ကိုလွှတ်လိုက်ခြင်းသည် ကြီးလေးသော ဂုနာဟ် ထိုက်လေသည်။ ၄) မိုးလင်းလေပြီဟု သံသယဝင်ဖွယ်ရှိသည်ခန့်မျှ အချိန်နောက်ကျသွားလျှင် စားသောက်ခြင်းမပိုင်တော့ချေ။ မက်ရူးဟ် ဖြစ်သည်။ ထိုသို့သောအချိန်၌ တစ်စုံတစ်ရာစားသောက်မိလျှင် ဂိုနာဟ် ဖြစ်လေသည်။ တစ်ဖန်မိုးလင်းနေပြီ ဖြစ်သောကြောင့် ထိုရိုဇဟ် ၏ ကသွာ ကိုထားရမည်။ ၅) နေလုံးသည် လုံးဝဝင်သွားလေပြီဟု အတိအကျသိလျှင် သိချင်း ဝါဖြေလိုက်ခြင်း သည် မုစ့်တဟဗ် ဖြစ်လေသည်။ နေဝင်ပြီးနောက်ဝါဖြေရာတွင် အချိန်နောက်ကျခံခြင်းသည် မက်ရူးဟ် ဖြစ်လေသည်။ ၆) စွံပလွံသီးဖြင့် ဝါဖြေခြင်းသည် မွန်မြတ်လှပေသည်။ သို့မဟုတ် အခြား ချိုမြသော ပစ္စည်းတစ်ခုခုဖြင့် ဝါဖြေရမည်။ အကယ်၍မလွယ်က ရေနှင့်ဖြေရမည်။ အချို့ယောက်ျား မိန်းမတို့သည် ဆားခဲဖြင့် ဝါဖြေလေ့ရှိကြသည်။ ထိုသို့ဝါဖြေရာတွင် အကျိုးဆဝါဗ် ရှိသည် ဟု ထင်မှတ်ယုံကြည်ကြသည်။ ဤကဲ့သို့အယူထားခြင်းသည် လုံးဝမှားယွင်းသည်။ ၇) နေဝင်ရာတွင် သံသယရှိသမျှကာလပတ်လုံး ဝါဖြေခြင်း မပိုင်ချေ။ * အစ္စလာမ့်ပညတ်ချက်များ ပေါင်းချုပ် စာအုပ်မှ *
Posted by Islamic Josh at 4:25 PM 0 comments
Monday, August 9, 2010
ပြစားသူကို သိနိုင်မည့် အထောက်အထား (၄)ချက်
ပြစားမှုပြုသူကိုသိနိုင်မည့်အထောက်အထား(၄)ချက်မှာ အောက်ပါ အတိုင်းဖြစ်သည်..။
(၁) မိမိတစ်ဦးတည်းရှိနေချိန် တွင် ကောင်းမှုကုသိုလ်ပွားများရာ၌ ပျင်းရိလေးလံနေမည်။
(၂) လူအများရှေ့ မှောက် ကောင်းမှုပြုရာတွင်အလွန် အင်မတန်ပျော်ရွင်စွာဖြင့် အမလ်ပြုမည်။
၎င်းနောက်ဖျတ်လတ်စွာဖြင့်အမလ်ပြုမည်။
(၃)အကြင်လုပ်ရပ်အပေါ် လူအများက ချီးမွှမ်းမည်ဆိုလျှင်ထိုကိစ္စကို များမြောင်စွာပြုမည်..။
(၄)လူအများက မကောင်းပြောဆိုလာသော် ထိုအလုပ်ကို ပုံမှန်အတိုင်းမလုပ်ဆောင်တော့ပဲ
အရှိန်လျှော့ချလိုက်သည်..။ စသည်တို့ သည် ပြစားမှုကို သိစေနိုင်သောအချက်များဖြစ်သည်ဟု ဟဇရသ်အလီ (ရသွေရလာဟုအန်ဟု) က အမိန့် ရှိခဲ့ပါသည်..။
Posted by Islamic Josh at 1:18 PM 0 comments
Thursday, July 22, 2010
အစ္စလာမ် ဘာသာ
ယနေ့ကမ္ဘာပေါ်တွင်ထာဝရဘုရားသခင်တစ်ဆူတည်းအားကိုးကွယ်သောဘာသာကိုပြပါဟုဆိုလျှင်အစ္စလာမ်ဘာသာဖြစ်သည်။အစ္စလာမ်ဆိုသည့် ဝေါဟာရ သည် အာရဗီစကား ငြိမ်းချမ်းရေးဟု အဓိပ္ပာယ်ရသည့် စလာမ်ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ အစ္စလာမ်သည်တစ်ဆူတည်းသောဘုရားဝါဒ ဘာသာရေး ဖြစ်သည်။ အစ္စလာမ် သည် ခံဝန်ခြင်း ဟုအာရပ်စကားဖြင့် အဓိပ္ပါယ်ရှိပြီး၊ အစ္စလာမ် သာသနာဝင်သည် မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ် ၏ အမိန့်ဩဇာကို လုံးဝနားခံရန် ယုံကြည်သူဖြစ်ပြီး ၎င်းတို့အား မွတ်စလင် ဟုခေါ်၏။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေမှာ၁ မှ ၁.၈ ဘီလျံ ရှိ၍ အစ္စလာမ် ဘာသာသည် ခရစ်ယန်ဘာသာပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ဘာသာဖြစ်၏။
တစ်ပါးသူများ အနေဖြင့်အစ္စလာမ် ကို သာသနာ ဘာသာတရား တစ်ခု အဖြစ် မြင်မည် ဖြစ်သော်လည်း အစ္စလာမ်သည် ဘာသာတရား တစ်ခုမျှသာ မဟုတ်ချေ။ စနစ်တစ်ခုဟု ဆိုလျှင် ပိုမို မှန်ကန်ပါလိမ့် မည်။ ကုရ်အာန်ကျမ်းတော်မြတ် ထဲတွင် အစ္စလာမ် အား "ဘဝတည်ဆောက်မှုလမ်းစဉ်" (ဒီန်) အဖြစ် ဖော်ပြထားသည်။အစ္စလာမ် ကို ဘာသာ ဟု သုံးနှုန်းပြီး၊ ထို ဘာသာကို ကိုးကွယ်သူများအား မွတ်စလင်မ် ဟု သုံးနှုန်းသည်။
(၁) အစ္စလာမ်အယူဝါဒ
(၂) နဗီတမန်တော်ချုပ်မုဟမ္မဒ်သခင်(صلي الله عليه و سلم)နှင့်ကုရ်အာန်
(၃) အစ္စလာမ်၏ယုံကြည်ချက်များ
(၄) အစ္စလာမ်၏ အမြစ်တရားငါးပါး
(၅) တစ်မိတစ်ဖတည်း
(၆) လူတန်းစားမခွဲ
(၇) မည်သူ့ကိုမျှ ဒုက္ခမပေးရ
(၈) “စလာမ်”မေတ္တာ
(၉) စားဝတ်နေရေး
(၁၀) မွတ်စလင်ဂုဏ်ရည်
(၁) အစ္စလာမ်အယူဝါဒ
အစ္စလာမ်သည့်စကြဝဠာခပ်သိမ်းကုန်တို့ကိုဖန်ဆင်းမွေးမြူတော်မူသောအလုံးစုံကိုသိမြင်တော်မူ၍ပြည့်စုံတော်မူသောတစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူသောမဟာကရုဏာရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်ဟောကြားတော်မူအပ်သော ဒေသနာတော်မြတ်ဖြစ်ပေသည်။ နှစ်ဘဝ၏ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။အစ္စလာမ်သည်“နာခံခြင်း”ဟူသောအထူးဝိသေဂုဏ်ပုဒ်တစ်ခုကိုဆောင်လျက်ရှိသည်။ အစ္စလာမ်၏အဓိက ရည်ရွယ်ချက်မှာ မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင်ခေတ်မရွေး၊ပြည်မရွေး၊လူမျိုးမရွေး၊အုပ်စုမရွေး၊လူတန်းစားမခွဲ၊ဖြူနက်မခြားအစ္စလာမ်တည်းဟူသော ဂုဏ်ပုဒ်နှင့်ပြည့်စုံကြကုန်သောပုဂ္ဂိုလ်မွန်တို့သည်အတိတ်ခေတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြသည်။ယခုပစ္စုပ္ပန်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။နောင်အနာဂတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြမည်။အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသည် အစ္စလာမ်ဟုအမည်သမုတ်ခြင်းမှာလည်း ဤအယူဝါဒကို လက်ခံနာယူသော မွတ်စလင်တိုင်းသည် အရေးကိစ္စအဝ၀တွင် အလ္လာဟ်အရှင်မြတ်၏ ဒေသနာမြတ်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးရခြင်းကြောင့်ပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအဝန်းကို စတင်ပြုစုပျိုးထောင်တော်မူသော ပိုင်ဆိုင်စိုးမိုး စီမံ ကွပ်ကဲအုပ်ချုပ်တော်မူသော အရှင်သခင်ဖြစ်တော်မူပေရာ တစ်နည်းဆိုသော် စကြဝဠာရှင်၏ အမိန့်တော်နာခံခြင်းပင်စကြဝဠာတွင်ငြိမ်းချမ်းသာယာမှုကိုဖန်တီးရာမည်သည်။သို့ဖြစ်ရာအစ္စလာမ်သည်ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒဖြစ်၍ မွတ်စလင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒီဖြစ်သည်။
(၂) နဗီတမန်တော်ချုပ်မုဟမ္မဒ်သခင်(صلي الله عليه و سلم)နှင့်ကုရ်အာန်
အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄၀ဝ)ကျော်က ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကရုဏာ တရားပွားများ၍ နှစ်ဘဝ၏ သုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ် ဖြစ်သောတမန်တော်မြတ် မုဟမ္မဒ်(صلي الله عليه و سلم)အား (ကောင်းချီးမင်္ဂလာအဖြာဖြာသည် တမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ)နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်တော်မူ၍ ကျမ်းဂန်အပေါင်းတို့၏ အချုပ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ် ကိုလည်း တမန်တော်မုဟမ္မဒ်(صلي الله عليه و سلم)ထံသို့ ချပေးသနားတော်မူခဲ့ပေသည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်ဖြစ်သည်။ တမန်တော်မြတ်(صلي الله عليه و سلم)သည်မိမိကျရောက်လာခဲ့သော ကုရ်အာန်ကျမ်းလာ အာယသ်တော်များကို အချိန်မလင့်စေဘဲ စနစ်တကျ ရေးမှတ်စေတော်မူခဲ့သည်။ အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို စလယ်ဆုံး အာဂုံဆောင်ထားကြသော (ဟာဖစ်ဇ်)တို့၏ နှလုံးသားများတွင်လည်းကောင်း တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုရ်အာန်ကျမ်းမြတ်အစောင်ပေါင်းအသင်္ချေ၊ အသင်္ချာရှိငြားသော်လည်း တစ်စောင်နှင့်တစ်စောင်အကြား ပုဒ်၊ပဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျင်းမရှိဘဲ ပကတိအတိုင်း လုံးလုံးလျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာ ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ဤသည် “ကုရ်အာန် ကျမ်းမြတ်ကိုငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍ ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်း စောင့်ရှောက်တော်မူမည်”ဟူသော ဗျာဒိတ်တော်၏ကျေးဇူးပင်ဖြစ်သည်။ (ကုရ်အာန် ၁၅း၉ ကိုရှု) “ကုရ်အာန်” ဟူသောပုဒ်သည် များစွာရွတ်ရသောကျမ်းဟု အနက်ပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီယနေ့တိုင် ကမ္ဘာတွင်အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသောကျမ်းတစ်ဆူလည်းဖြစ်ပေသည်။ တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့်သုံး ပြသတော်မူခဲ့သည်။ တိုတောင်းလှစွာသော (၂၃)နှစ်အတွင်း ဆိုးသွမ်းမိုက်မဲ လမ်းလွဲလျက်ရှိနေခဲ့ကြသောသူများအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်တော်မူခဲ့သည်။
လူ့ဘဝတွင်လူရိုင်းတို့အားယဉ်ပါးစေတော်မူခဲ့သည်။လူ့ဘဝတွင် အောက်ဆုံးအဆင့်သို့ရောက်ရှိနေခဲ့ကြသောသူတို့အားလူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်မူခဲ့သည်။
တမန်တော်မြတ်(صلي الله عليه و سلم)သည်အစ္စလာမ်အယူဝါဒကိုမိမိကိုယ်တိုင်ကျင့်သုံးပြသတော်မူခဲ့သည်သာမက
စံပြမွတ်စလင်အုပ်စုကြီးတစ်ခုလုံးကိုလည်း မွေးထုတ်ထားတော်မူခဲ့ ပေသည်။အစ္စလာမ်အယူဝါဒသည် တစ်နေ့တစ်ခြား ပျံ့ပွားလာခဲ့ပေရာ ယနေ့မွတ်စလင်တို့သည် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။
(၃) အစ္စလာမ်၏ယုံကြည်ချက်များ
(၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း။
(၂) ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို ယုံကြည်ခြင်း။
(၃) ထိုအရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည်ခြင်း။
(၄) ထိုအရှင်မြတ်၏ တမန်တော်များကို ယုံကြည်ခြင်း။
(၅) စကြဝဠာပျက်ဆီးဆိတ်သုဉ်းမည့်နောက်ဆုံးနေ့ကို ယုံကြည်ခြင်း။
(၆) သေပြီးနောက် ရှင်ပြန်ထရမည်ကိုယုံကြည်ခြင်းဟူ၍ဖြစ်သည်။
(၄) အစ္စလာမ်၏ အမြစ်တရားငါးပါး
(၁) အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလည်းကောင်း၊
တမန်တော်မြတ် မုဟမ္မဒ်(صلي الله عليه و سلم)သည် ထိုအရှင်မြတ်၏ တမန်တော်ဖြစ်သည်ကိုလည်း ယုံကြည်သက်သေခံခြင်း။
(၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)။
(၃) ဇကားသ်ပေးလှူခြင်း။
(၄) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း။
(၅) ဟဂ်ျပြုခြင်းဟူ၍ဖြစ်လေသည်။
(၅) တစ်မိတစ်ဖတည်း
အစ္စလာမ်အယူဝါဒအရ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့သည် တစ်မိတစ်ဖတည်းမှ ဆင်းသက်ပေါက်ဖွားလာကြသော ညီရင်းအစ်ကို မောင်ရင်းနှမများပင်ဖြစ်ကြပေသည်။ “အို-လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည်အသင်တို့အားတစ်မိတစ်ဖတည်းမှစတင်ဖန်ဆင်းတော်မူခဲ့သည်။ အသင်တို့အချင်းချင်း သိကျွမ်း၍မေတ္တာသက်ရန်အလို့ငှာငါအရှင်မြတ်သည် အသင်တို့အားလူမျိုးအဖုံဖုံ၊မျိုးနွယ်အစားစားပြုလုပ်ထားတော်မူသည်။ ငါအရှင်မြတ်ထံတော်၌ အမွန်မြတ်ဆုံးသောသူမှာ စင်ကြယ်သန့်ရှင်းအပြစ်ကင်းသူသာဖြစ်ပေသည်။” (ကုရ်အာန် ၄၉း၁၃)
(၆) လူတန်းစားမခွဲ
အစ္စလာမ်အယူဝါဒတွင် လူတန်းစားခွဲခြားမှုအလျဉ်းမရှိ။ အဖြူသည် အနက်ထက်မသာ၊ ကိုယ်ကျင့်တရား ကောင်းခြင်းအားဖြင့် တစ်ဦးထက်တစ်ဦးသာနိုင်ပေသည်။ “အို-လူသားအပေါင်းတို့၊ အသင်တို့အရှင်သခင်သည် တစ်ပါးတည်း၊ အသင်တို့၏ဖခင်သည် တစ်ဦးတည်း၊ အာရဗ်လူမျိုးသည် အခြားလူမျိုးထက်မသာ၊ အနီသည် အနက်ထက်မသာ၊ အနက်သည် အနီထက်မသာ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ စင်ကြယ်သန့်ရှင်းအပြစ်ကင်းခြင်းအားဖြင့်သာလျှင်တစ်ဦးထက်တစ်ဦးသာသည်။ ”
(တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)
(၇) မည်သူ့ကိုမျှ ဒုက္ခမပေးရ
အစ္စလာမ်အယူဝါဒအရ ကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုလုံးသည် မိသားစုကြီးဖြစ်ရာမွတ်စလင် တစ်ဦးအဖို့ ကမ္ဘာ့ အိမ်ထောင်စုအတွင်း၌ သူစိမ်းဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိပေ။ အားလုံးတို့သည် မိသားစုများဖြစ်ကြပေရာ အချင်းချင်း အကျိုးပြုရမည်သာဖြစ်၍ ဒုက္ခမပေးရ။ “မွတ်စလင်သည် မိမိ၏နှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း မည်သူကိုမျှဒုက္ခမပေးရ။ ကြီးသူကိုမလေးစား၊ ငယ်သူကိုမသနားသူသည် ငါ၏တပည့်မဟုတ်။ မိမိအဖို့ နှစ်ခြိုက်သောအရာကို သူတစ်ပါးအဖို့ မနှစ်ခြိုက်သောသူသည် မွတ်စလင်မဟုတ်။ အိမ်နီးချင်းကို ဒုက္ခပေးသူသည် မွတ်စလင်မဟုတ်။ အသင်တို့သည် ကမ္ဘာမြေ၌ရှိသူတို့အား သနားကြင်နာကြကုန်။ ကောင်းကင်ထက်ရှိတော်မူသော အရှင်သည်အသင်တို့အား သနားကြင်နာတော်မူအံ့။” (တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒ)
(၈) “စလာမ်”မေတ္တာ
အစ္စလာမ်ဝါဒီ မွတ်စလင်များသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ (အတ်စ္စလာမုအလိုင်ကွန်မ်) “အသင်တို့အပေါ်၌ ငြိမ်းချမ်းသာယာမှု အစုစုသက်ရောက်ပါစေ”ဟုမေတ္တာပို့သကြသည်။မေတ္တာပို့သခြင်း ခံရသူများကလည်း (ဝအလိုင်ကု မုစ္စလာမ် ဝ-ရဟ်မတုလ္လာဟ်၊ ဝ-ဗုရကာတူဟူ)၊ “အသင်တို့အပေါ်၌လည်းငြိမ်းချမ်းသာယာမှုအစုစုသက်ရောက်ပါစေ။အလ္လာဟ်အရှင်မြတ်၏ဂရုဏာတော်နှင့်မင်္ဂလာတော်များလည်းသက် ရောက်ပါစေ”ဟုမေတ္တာတုံ့ပြန်ကြပေသည်။ဤသို့ဖြင့်မွတ်စလင်တို့စုဝေးရာဌာနများတွင်မေတ္တာသံများသည်ပဲ့တင်ထပ်မျှဖြစ်ရှိနေပေသည်။ “ကျွန်ုပ်သည်မိမိ၏အရှင်အားတိုင်တည်ပြောအံ့။အသင်တို့သည်အလ္လာဟ်အရှင်မြတ်အားမယုံကြည်သမျှကာလပတ်လုံးအလ္လာဟ်အရှင်မြတ် အားယုံကြည်နိုင်ကြမည်မဟုတ်။ကျွန်ုပ်သည် အသင်တို့အား အသင်တို့အချင်းချင်း ချစ်ခင်ရန်လမ်းစဉ် ညွှန်ပြမည်။ ထိုလမ်းစဉ်ကား အခြားမဟုတ်။ အသင်တို့ အချင်းချင်း ဖြူစင်ပွင့်လင်းစွာ စလာမ်မေတ္တာကို ပို့သကြကုန်” (တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)
(၉) စားဝတ်နေရေး
အစ္စလာမ်သည် နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကို ညွှန်ပြသည်။ လူ့လောကတွင် စားဝတ်နေရေးသည် လျစ်လျူရှုထား၍ဖြစ်နိုင်သောကိစ္စမျိုးကား အလျင်းမဟုတ်။ စားဝတ်နေရေး အဆင်မပြေက လောကုတ္တရာရေးရာများကို မဆိုထားနှင့်၊ လောကီရေးရာများကိုပင် ကောင်းစွာ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ အူမတောင့်မှ သီလစောင့်နိုင်သည်ဟူသော ဆိုရိုးစကားသည် မှန်ကန်လှပေသည်။ ထို့အတွက် ကုရ်အာန်ကျမ်းမြတ် (၆၂း၁၀)တွင် "အသင်တို့သည် ဆွလာသ် ဆောက်တည်ပြီးသောအခါ ကမ္ဘာသို့လှည့်၍ အလ္လာဟ်အရှင်မြတ်၏ ရိက္ခာတော်ကို ရှာဖွေကြကုန်လော့" ဟု အတိအလင်း မိန့်ကြားထားတော်မူသည်။ တရားသဖြင့် ဥစ္စာပစ္စည်းရှာဖွေရမည့်အကြောင်းနှင့်စပ်လျဉ်း၍ တမန်တော်မြတ်(صلي الله عليه و سلم)ကလည်း “ဆင်းရဲ နွမ်းပါးမှုသည် သာသနာပဖြစ်စေတတ်သည်။ တရားသဖြင့် စီးပွားရှာဖွေခြင်းသည် မလုပ်မနေရ တာဝန်များနောက် မလွဲမရှောင်သာသော တာဝန်တစ်ရပ်ပင်ဖြစ်သည်။ အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားများအား ဝ၀လင်လင် ရှာဖွေကျွေးမွေးကြကုန်။ ဤသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျီဟာ့ဒ် သက်စွန့် ကြိုးပမ်းရာမည်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ လယ်ယာကိုင်းကျွန်းနှင့် စက်မှုလုပ်ငန်းများသည် စားဝတ်နေရေးတွက် အလွန်အရေးပါသောလုပ်ငန်းများဖြစ်ကြောင်းနှင့်
စပ်လျဉ်း၍လည်း တမန်တော်မြတ်(صلي الله عليه و سلم)က “အသင်တို့သည် လယ်ယာကိုင်းကျွန်း လုပ်ကိုင်ကြ၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းသည်အလွန်မင်္ဂလာရှိ၏၊တိုးပွား၏”ဟူ၍လည်းကောင်း၊ "အသက်မွေးဝမ်းကျောင်းနှင့်စပ်ဆိုင်သောအတတ်ပညာသည်များကိုအလ္လာဟ်အရှင်မြတ်သည်အထူးနှစ်သက်မြတ်နိုးတော်မူသည်"ဟူ၍လည်းကောင်း မိန့်တော်မူခဲ့လေသည်။ စားဝတ်နေရေးတွင် ဆူကြုံနိမ့်မြင့် အလွန်အကျွံ ကွာခြားနေပါက ဒုက္ခရောက်နိုင်သည်။ ထို့အတွက်ကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်(၅၉း၇)တွင် “ဥစ္စာပစ္စည်းသည် အသင်တို့အနက် ကုံလုံ ကြွယ်ဝသူတစ်စု၏ လက်တွင်း၌သာ စုပုံမနေရာ”ဟု အတိအလင်းမိန့်ကြားတော်မူခြင်းဖြစ်သည်။ ထို့ပြင်တဝ ကုရ်အာန်ကျမ်းမြတ်တွင် ဇကားသ်ပေးရမည့်အကြောင်း၊ အတိုးအညွန့်မစားသုံးရမည့်အကြောင်း၊ အတိုးအညွန့်စားသုံးသူများကိုတိုက်ရမည့်အကြောင်း၊ အလောင်းအစားမပြုလုပ်ရမည့်အကြောင်း၊ အပျော်အပါးမလိုက်စားရမည့် အကြောင်း၊ ခိုးဝှက် တိုက်ခိုက် လုယက်ခြင်း မပြုလုပ်ရမည့်အကြောင်း၊ မဖြုန်းတီးရမည့်အကြောင်း၊ စားဝတ်နေရေးတွင် အလယ်အလတ်လမ်းစဉ်ကို လိုက်နာရမည့်အကြောင်း၊ ခြိုးခြံစွာနေထိုင်ရမည့်အကြောင်းများကို အထပ်ထပ်အခါခါ မိန့်ကြားထားတော်မူသည်။
(၁၀) မွတ်စလင်ဂုဏ်ရည်
အစ္စလာမ်အယူဝါဒကို လက်ခံနာယူကျင့်သုံးသူတစ်ဦးသည် -
(၁) ယုံကြည်ချက် မှန်ကန်ရမည်။
(၂) ပတ်ဝန်းကျင်နှင့် ဆက်ဆံမှုပြေပြစ်ရမည်။
(၃) သူတစ်ပါးအကျိုးဆောင်ရမည်။
(၄) သီလကောင်းရမည်။
(၅) ဇွဲသတ္တိရှိရမည်။
Posted by Islamic Josh at 12:14 PM 0 comments
အစ္စလာမ်ဘာသာနှင့် မြန်မာနိုင်ငံ
မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာစတင်ဝင်ရောက်ပုံ
အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀)ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်း နှစ်ဦးချင်းအားဖြင့်လည်းကောင်း ပျံ့နှံ့ဝင်ရောက်ခဲ့ပါသည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ်ဘာသာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို့ လာရောက်သာသနာပြုသဖြင့် ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။
မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာရောက်ရှိလာပုံနှင့်ပတ်သက်၍ အောက်ပါ သမိုင်းမှတ်တမ်း အထောက်အထားများအရ လေ့လာသိရှိပါသည်။
အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များမှတစ်ဆင့် အာရဗ်ကုန်သည်များသည် မြိတ်မြို့သို့ ရောက်ရှိနေကြပြီးဖြစ်သည်။ (ဦးခင်မောင်ကြီး မြန်မာပြန်၊ မောရစ်ကောလစ်ရေး Into Hidden Burma စာ-၂၁၁)
အေဒီ ၇၀၀ နှင့် ၁၅၀၀ အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှင်းကုန်သည်နှင့် ရောမကုန်သည်တို့သည် မိမိတို့ ပင်ရင်းတိုင်းပြည်များမှ ရွက်သင်္ဘောများဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကိုလည်းကောင်း၊ ယင်းကိုကျော်လွန်ကာ အရှေ့ဘက် တရုတ်ပြည် ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။ ရမ်းဗြဲကျွန်းအနီး ပျက်စီးသော အာရဗ်သင်္ဘောရှိ မွတ်စလင်မ်တို့သည် ထိုအခါကပင် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း တွေ့ရပေသည်။
ရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် အေဒီ ၇၈၈-၈၁၀ တွင် ရမ်းဗြဲကျွန်းအနီး သင်္ဘောများစွာပျက်စီးခဲ့ကြောင်း အစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးခဲ့ကြောင်း တွေ့ရ၏။ မြန်မာနိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများပျက်ပြားခြင်းဆိုင်ရာ အကြောင်းအရာများမှာ အချိန်ကာလစောစွာကပင် ရှိခဲ့သည်။ မွန်နှင့်မြန်မာ ရာဇ၀င်များနှင့် အချို့သောဘုရားသမိုင်းများတွင် သင်္ဘောပျက်စစ်သားများ၊ ကုန်သည်များ၊ သင်္ဘောသားများအကြောင်း ရေးသားထားသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါများခေါ် သူတော်စင်များ၏ ဂူဗိမာန်များက သက်သေခံနေသည်။
(၁၈၇၉-ခုနှစ် ဗြိတိသျှဘားမား ဂေဇက်ကို ကိုးကား၍ ဆရာချယ်ရေး ဗမာမွတ်စလင်မ် ရှေးဟောင်း အတ္ထုပ္ပတ္တိ စာ-၁၆) သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရဗ်ကုန်သည်များ ရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများသည် အနောက်ဘက် ဒမတ်စတကတ်ကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်မအထိ အာရဗ်များ ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ (ဦးကြည်၊ ဘီအေ၊ ရာဇ၀င်ဂုဏ်ထူးရေး၊ မြန်မာရာဇ၀င်မှသိကောင်းစရာများ၊ စာ ၁၅၆-၁၅၇) တပင်ရွှေထီးလက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလားပန်းသေးတို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်(ဒုတိယတွဲ) စာ ၁၈၆) အရလည်းကောင်း သမိုင်းသုတေသီ ပညာရှင်များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ ရောက်ရှိ အခြေချ နေထိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
ပြန့်နှံ့ပုံ
မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစုအတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျားပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများသို့လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယပြည်၌ ရှာဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်ထောင် ကြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မမင်းအား ကတိမတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေးသည်တော်)တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာသော ကမန်တို့အား ရမ်းဗြဲကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ်စလင်မ်တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြသော အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်။
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ကို ၀င်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန်လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်းမှ ရောက်ရှိလာသော သင်္ဘောများမှ မွတ်စလင်များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်တို့၌လည်းကောင်း နေရာချထားခဲ့ကြောင်း တွေ့ရသည်။
ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန်လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ ၀င်ရောက်လာသော မွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက်ဖော်ပြပါ ၁၂-နေရာ၌ နေရာချထားခဲ့ကြောင်းတွေ့ရသည်။
(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့တွင် ဖြစ်သည်။
အထက်ဖော်ပြပါအတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက် နေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်းရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ရေကြည်ရာ မြက်နုရာသို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။ ၁၉၉၃-ခုနှစ် ကောက်ယူရရှိသည့် သန်းခေါင်းစာရင်းအရ အစ္စလာမ်ဘာသာဝင်များမှာ မြန်မာနိုင်ငံ ပြည်နယ် တိုင်းများတွင် လူဦးရေ ၁၆,၂၀,၂၃၃ ဦး ရှိသဖြင့် မြန်မာနိုင်ငံ လူဦးရေ၏ ၃ ဒဿမ ၇၉ % မျှရှိလေသည်။
အစ္စလာမ်ဘာသာဝင်များ တစ်နေ့ ငါးကြိမ် ၀တ်ပြုနိုင်ရန် ရန်ကုန်မြို့တွင် ဗလီကျောင်း ၁၇၁-ကျောင်းနှင့် တစ်နိုင်ငံလုံးတွင် ဗလီဝတ်ကျောင်းပေါင်း ၂,၂၆၆ ခန့်ရှိပါသည်။
(သာသနာရောင်ဝါထွန်းစေဖို့စာအုပ်၊ စာမျက်နှာ ၆၅-၆၈)မှ ထုတ်နှုတ်ပါသည်။
Posted by Islamic Josh at 11:32 AM 0 comments
Tuesday, July 20, 2010
အစ္စလာမ်ဆိုတာ
အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည်အစ္စလာမ်သာသနာတော်အတွင်းသို့ လုံးလုံးလျားလျား (စိတ်ရောကိုပါ)
ဝင်ရောက်ကြကုန်လော။ ၄င်းအပြင် ရှိုင်သွာန်၏နောက်သို့ ဖ၀ါးခြေထပ်မလိုက်ကြကုန်လင့်။ ထိုရှိုင်သွာန်သည်မုချဧကန် သင်တို့အဖို့ ထင်ရှားသော ရန်သူပင်ဖြစ်ပေသည်။(၂း၂၀၈)
ဒိအယသ်တော်မှာ စဉ်းစားစရာအချက်တွေရှိလာတယ်။ပထမဥိးဆုံးဆိုလိုချင်တာက အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ ဆိုလိုတာက အီမာန်ကိုလက်ခံယုံကြည်ထားကြသူတွေပေါ့။
နောက်ထပ်ဆိုလိုထားတာက အစ္စလာမ်သာသနာတော်အတွင်းသို့ လုံးလုံးလျားလျား ၀င်ရောက်ကြလို့ အမိန့်ရှိတော်မူထားတယ်။ဒိနေရာမှာ စဉ်းစားမိတာကအိမာန်ကိုလက်ခံလိုက်ရုံနဲ့
မွတ်စ်စလင်မ် ဖြစ်မသွားဘူးလား။အစ္စလာမ်သာသနာဘောင်ထဲကို ရောက်သွားစပြိလို့ မဆိုလိုဘူးလား။ ဒါမှမဟုတ်အိမာန်ကတခု အစစလာမ်ကတခု လို့ဆိုလိုတာလား။
ဒါကစဉ်းစားစရာဖြစ်လာတယ်။
ဒါကြောင့်မှတ်ထားရမှက အစ္စလာမ်ဆိုတာ ကလိမဟ် ဖတ်လိုက်ရုံနဲ့ စိတ်ထဲက ယုံကြည်လိုက်ရုံနဲ့မလုံလောက်ဘူး။
အရှင်မြတ် အမိန့်တော်နဲ့ တမန်တော်မြတ်(ဆွ) ပြသခဲ့တဲ့လမ်းစဉ်ထဲမှ အပြည့်အ၀ မ၀င်ရောက်မနာခံ မကျင့်သုံးသမျှ ဒိလူဟာ ပြည့်ဝတဲ့မွစ်စလင်မ်တယောက် မဖြစ်သေးပါဘူး။
အကယ်ရျု အရှင်မြတ်ရဲ့ အမိန်တော်တွေကို မိမိဥိးနှောက်နဲ့ဝေဖန်ပြိး ဆင်ခြေတွေပေးနေမယ် စောဓကတွေတက်နေမယ် ဆိုလို့ရှိရင်တော့ လူသားဟာ ဦးနှောက်ရဲ့ကျေးကျွန်
ဖြစ်သွားလိမ့်မယ်။အရှင်မြတ်ရဲ့ကျေးကျွန်ဖြစ်ဖို့ အကြောင်းမရှိတော့ဘူး။
ဒါကြောင့်အရှင်မြတ်က အမိန့်ရှိတော်မူထထားတယ်။အကြင်လူသားက မိမိဘ၀ကိုလမ်းဖြောင့်လမ်မှန် အတိုင်းလျှောက်လှမ်းလိုတယ်ဆိုရင် အရှင်မြတ်နဲ့အရှင့်ရစူလ်ရဲ့ အမိန့်နဲ့လမ်းစဉ်ပေါ်မှာ
ကြည်ကြည်ဖြူဖြူ နဲ့နာခံလိုက် ဦးနှောက်သုံးပြိး ဘာစောဓကမှမတက်နဲ့ ဘာဆင်ခြေမှမပေးနဲ့။အဲ့ဒိလို အပြည့်အ၀နာခံခြင်းကို အစ္စလာမ် လို့ခေါ်တာ။
အထက်ပါအယာသ်ရဲ့အလိုသဘောက ဒါပဲဖြစ်ပါတယ်။ ဗလီထဲမှာပဲမွစ်စလင်မ် ဖြစ်နေရမှာမဟုတ်ဘူး အိမ်မှာနေရင်ရော ဆိုင်မှာထိုင်နေရင်ရော မွတ်စလာင်မ် ဖြစ်အောင်လုပ်၇မယ်။
အစ္စလာမ်သာသနာကို အပိုင်း(၅)ပိုင်းနဲ့ ခွဲခြားထားတယ်........
ဒီ(၅)ပိုင်းလုံးပြည့်စုံမှ မွတ်စ်လင်မ် ဖြစ်မယ်။
(၁)အီမာနီယာသ်......အကီဒဟ်မှန်ကန်ရမယ်။ ယုံကြည်ချက်မှန်ကန်ရမယ်။
(၂)အိဗာဒါသ်..........ဆိုလိုတာက နမာဇ် ၊ ရိုဇာ ၊ ဇကာသ် ၊ ဟဂ်ျ ၊ မှန်ကန်စွဲမြဲရမယ်။
(၃)မိုအာမလာသ်.......အရောင်းအ၀ယ် အပေးအယူအစရှိတဲ့ စိးပွားရေးကိစ္စတွေမှာ အရှင်မြတ်ရဲ့အမိန့်တော်ကိုနာခံရမယ်။
တမန်တော်မြတ်(ဆွ) ရဲ့နည်းစနစ်ကိုကျင့်သုံးရမယ်။ဟလာလ်ဖြစ်အောင် ကြိုးစားရမယ်။
မိမိဝင်ငွေများ မိမိပိုင်ဆိုင်မှုတွေမှာ ဟရာမ်မဖြစ်စေရဘူး။
(၄)အခ်လာကီယာသ်.....အကျင့်စာရိတ္တမှန်ကန်ရမယ် ။ စိတ်နေသဘောထားမှန်ကန်ဖြူစင်ရမယ်။
(၅)မုအာရှရသ်.......လူမှုကျင့်ဝတ်
ဒိအချက်တွေကြည့်လိုက်ရင်သိရတယ်။အစ္စလာမ်သာသနာက အေဗာဒါသ်က လေးပုံတပုံပဲရှိပါတယ်။
ကျန်တဲ့လေးပုံသုံးပုံက လူသားတွေနဲ့ပတ်သတ်တဲ့ အရေးကိစ္စတွေ ဖြစ်တယ်။
ဒိလူသားအချင်းချင်းနဲ့ ပတ်သက်တဲ့ တာဝန်ဝတ္တရားတွေကို မှန်မှန်ကန်ကန် မကျေပွန်နိုင်ပဲနဲ့ ပြည့်ဝတဲ့မွတ်စလင်မ်
တယောက်မဖြစ်နိုင်သေးပါဘူး။တနည်းအားဖြင့်အစ္စလာမ်သာသနာ ထဲကို အပြည့်အ၀ မ၀င်ရောက်သေးဘူးလို့ဆိုလိုတယ်။
ဒါကြောင့် အစ္စလာမ်သာသနာထဲကို အပြည့်အ၀ ၀င်ပါ။တစ်စိတ်တပိုင်း ၀င်တာမျိုးမလုပ်ပါနဲ့ ။
မိမိကြိုက်တဲ့ အလုပ်ကိုကြတော့ တခမ်းတနား ဂုဏ်ပြုပွဲတွေ အခမ်းအနားတွေနဲ့ ဂုဏ်သရေရှိလူကြိးတွေကိုဖိတ်ပြိးတော့ လုပ်ကြတယ်။
ကိုယ်မကြိုက်တဲ့အလုပ် ကြတော့ သာသနာထဲမှာရှိနေပါလားလို့မအောင့်မေ့သတိမရတော့ဘူး။ သတိထားကြပါ။သာသနာမှာမိမိကြိုက်တာကိုလည်း လုပ်ကြပါ။မိမိမကြိုက်တဲ့အရာလည်းလုပ်ပါ။
ဒါမှသာသနာကို အပြည့်အ၀ ၀င်ရောက်ရာေ၇ာက်မယ်။
ကျွန်တော်တို့အားလုံးကို သာသနာထဲမှာ အပြည့်အ၀ ၀င်ရောက်နိုင်စွမ်း အရှင်မြတ်ချိးမြှင့်တော်မူပါ့စေ။(အာမိးန်)
မော်လာနာ မုဖ်သိသကီး ဟောကြားသော အိဆ်လာဟီးခွသ်ဗားသ်
မှ
ကောက်နုတ်တင်ပြသည်။
Posted by Islamic Josh at 6:57 PM 0 comments
ကုရ်အာန်အပြင် အခြားမလိုအပ်ဟု ဆိုရာဝယ်
စစ်မှန်သော မွတ်စ်လင်မ်
စစ်မှန်သော အစ္စလာမ် ဘာသာဝင်တစ်ဦးသည် အထက်ဖော်ပြပါကဲ့သို့ စစ်မှန်သော အကီဒါဟ် ခံယူချက် ထားရှိသည့် အတွက် လူ့ဘ၀ သက်တမ်းတွင် ပြစ်မှု ဒုစရိုက်များ သာပို၍ ပြုလုပ်မိခဲ့သော်လည်း အကီဒါဟ်ခံယူချက် မှန်ကန်နေ၍ မိမိသည် အမှားကျူးလွန်နေကြောင်း ၀န်ခံနားလည် သဘောပေါက်ကာ ကျူးလွန်နေမည်ဖြစ်သည်။ ထို့ကြောင့် အလ္လာ့ဟ်အရှင်မြတ်သည် အဆုံးတစ်နေ့တွင် ထိုမှားယွင်းမှုအပေါ် အရှက်ကြီးစွာရစေပြီး စစ်မှန်သော သောင်ဗဟ်ပြုနိုင်စွမ်း ပေးသနားတော်မူတတ်၏ ။
ထို့ကြောင့် စစ်မှန်သော အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်စေရန်အတွက် သာသနာတော်အပေါ်တွင် ထားရှိရမည့် အကီဒါဟ် ခံယူချက်သည် မှန်ကန်ရန်အလွန်အရေးကြီး၏ ။ ကုရ်အာန်၊ ဟဒီးစ် နှင့် အိဂ်ျမာအ် အပေါ် တိကျပြည့်ဝစွာ အီမာန်သက်ဝင်ယုံကြည်ထားသော မွစ်လင်မ်တစ်ဦးအတွက် ကိစ္စရပ်တိုင်းတွင် အစ္စလာမ့် စည်းစနစ်ဖြင့်သာ ဆောင်ရွက်ရမည်မှာ မုချမလွဲပင် ။
အဘယ်မျှပင်ဆိုသော် . . .
မွစ်လင်မ် တစ်ဦးသည် ကျင်ကြီးကျင်ငယ် စွန့်ရာတွင်လည်းကောင်း၊ ဇနီးမောင်နှံ ဆက်ဆံရာတွင် လည်းကောင်း၊ ပေါင်းသင်းရာတွင်လည်းကောင်း၊ ပြောဆိုရာတွင်လည်းကောင်း၊ သွားလာလုပ်ကိုင်စားသောက်ရာတွင်လည်းကောင်း၊ ရောင်းဝယ်မှုပြုရာတွင်လည်းကောင်း . . . စသည့် လူ့ဘ၀ သက်တမ်း၏ ကိစ္စ ရပ်တိုင်းတွင် တမန်တော်မြတ်(ဆွ) ၏ နည်းစနစ် ကျင့်ထုံးများနှင့် အညီသာ မလွဲမသွေ ဆောင်ရွက်ရမည် ဖြစ်၏ ။
ဟဒီးစ်နှင့် အိဂ်ျမာအ်
သို့သော်ယခုခေတ်သမယ၏ အချို့သူများသည် မိမိကိုယ်မိမိ မွစ်လင်မ်ဟု အမည်ခံပြီး သာသနာပေါ်တွင် အလွယ်လိုက်မှုများ ပြုလုပ်လိုပါ၍ အထက်ဖော်ပြပါ ဟဒီးစ်နှင့် ဖကီးဟ် အများစု၏ ဓမ္မသတ် ဆုံးဖြတ်ချက် အိဂ်ျမာ ကို အကြောင်းအမျိုးမျိုးပြကာ မလိုအပ်ကြောင်း ပြောဆိုလျက်ရှိနေ၏ ။
ကုရ်အာန်ကျမ်းတော်မြတ်တွင် အချို့အသေးစိတ်ရှင်းလင်းချက် မပါရှိ
ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်မိမိ မွတ်စလင်မ် ဟု အမည်ခံ၍ ဟဒီးစ်နှင့် အိဂ်ျမာအ် ကို ငြင်းပယ် ခဲ့လျှင် အောက်ဖော်ပြပါ မွစ်လင်မ် တစ်ဦးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စ ရပ်များ၏ အသေးစိတ်ရှင်းလင်းချက် ကုရ်အာန်ကျမ်းတော်မြတ်တွင် မပါရှိ၍ ထိုအမည်ခံမွစ်လင်မ်သည် အဘယ်သို့ ဆောင်ရွက်မည်နည်း ။ . . . .
၁ - သေသူအား ရေချိုးပေးခြင်း။
၂ - ကဖန် ၀တ်ပေးခြင်း။
၃ - ဂျနာဇဟ် နမာဇ်ဝတ်ပြုခြင်း။
၎ - မီးသဂြိ င်္ုဟ်မှု မပြုဘဲ မြေတူး၍ သင်္ဂြိုဟ် ခြင်း။
၅ - အမျိုးသားနှင့် အမျိုးသမီး ကဖန် ၀တ်ပေးရာ၌ ကွာခြားခြင်း။
၆ - ဖဂျေ်နမာဇ် အား (၄)ရကာအသ်သာ ၀တ်ပြုခြင်း။
၇ - ဇဟိုရ်တွင် (၁၂) ရကာအသ် ၀တ်ပြုခြင်း။
၈ - အဆွရ်တွင် (၈) ရကာအသ် ၀တ်ပြုခြင်း။
၉ - မဂ်ရိဘ်တွင် (၇) ရကာအသ် ၀တ်ပြုခြင်း။
၁၀ - အီရှာတွင် (၁၇) ရကာအသ် ထိ ၀တ်ပြုခြင်း။
၁၁ - ဇကားသ် ပေးရာတွင် (၄၀) ပုံ (၁) ပုံ အား ပေးလှူခြင်း။
၁၂ - ဟဂ်ျပြုရာတွင် ဟာဂျီများ ပြုကျင့်နေသော အစီအစဉ်တကျ အစမှ အဆုံးအထိ အသေးစိတ် ဟဂ်ျကျင့် စဉ် များနှင့် အခြား
မြောက်များစွာသော အသေးစိတ် အချက်အလက်များသည် ကုရ်အာန် ကျမ်းတော်မြတ်တွင် လုံးဝ မပါရှိချေ။
ကုရ်အာန်အပြင် အခြားမလိုဟု ဆိုရာဝယ်
သို့ဖြစ်ပေရာ ကုရ်အာန်ကျမ်းတော်မြတ်၏ အမိန့်တော်များအား လိုက်နာကျင့်သုံးရန်အတွက် ကုရ်အာန်အပြင် အခြားမလိုဟု ယူဆသော သူများသည် အထက်ပါ ကိစ္စ ရပ်များအား မည်သည့် အထောက်အထားဖြင့် ဆောင်ရွက်နေရပါသနည်း? ကုရ်အာန် အပြင် အခြားမလိုဟု မြွက်ဟ သူ တစ်ဦးသည် သေဆုံးကွယ်လွန်သော အခါ မည်သူ၏ နည်းစနစ် ဓလေ့ထုံးစံဖြင့် ယင်းသေသူ၏ ကိစ္စ အ၀၀ အားဆောင်ရွက်ကြမည်နည်း ?
ဟဒီးစ်ကို လက်မခံသည့် အတွက် ယင်းသူအား တမန်တော်မြတ်(ဆွ)၏ ကျင့်စဉ်ဓလေ့ ထုံးစံဖြင့်လည်း ဆောင်ရွက်စရာ အကြောင်း မရှိ။ ထိုနည်းတူစွာ ကုရ်အာန်ကျမ်းတော်မြတ်ထဲတွင် . . . . .
မြွေ၊ဆင်၊ ကျား၊ ၀က်ဝံ၊ ကြံ့၊ မျောက်၊ ခြင်္သေ့ စသည့်မြောက်မြားစွာသော သတ္တ၀ါ များအား စားသောက်သုံးစွဲခြင်း နှင့်စပ်လျဉ်း၍ မည်သို့မျှ မိန့်ကြားချက် တစ်စုံတစ်ရာမပါရှိချေ။
သို့သော်လည်း ကမ္ဘာ့ မွစ်လင်မ် တစ်ခုလုံးက အထက်ပါ သတ္တ၀ါ များနှင့်စပ်လျဉ်း၍ ကုရ်အာန်တွင်ဖော်ပြထားခြင်း မရှိသော်လည်း ဟဒီးစ်နှင့် အိဂ်ျမာအ် ၏ ဓမ္မသတ် ဆုံးဖြတ်ချက်အရ ဟရာမ်ဖြစ်သည်ဟု သတ်မှတ်ထား၍ လုံးဝ စားသောက်သုံးစွဲခြင်း မပြုပေ။
ဟဒီးစ် နှင့် အိဂ်ျမာအ် အား လက်မခံသည့် မွစ်လင်မ် တစ်ဦးအနေဖြင့် အထက်ပါသတ္တ၀ါများနှင့် စပ်လျဉ်း၍ ကုရ်အာန် အပြင် မည်သည့် အထောက်အထားကိုးကားချက်ဖြင့် ဟရာမ်ဟု သတ်မှတ်ပါမည်လော . . . . . .
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
မော်လာနာဂါဇီကရီမ်ဘစ်ရှ် ဦးစိုးလွင် (မဟ်မူဒီ) ၏ ကုရ်အာန် ပြီးလျှင် ဟဒီးစ် အဘယ့်ကြောင့် အရေးပါသနည်း စာအုပ်မှ ကူးယူပါသည်။
Posted by Islamic Josh at 6:15 PM 1 comments