BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, July 22, 2010

အစ္စလာမ် ဘာသာ

ယနေ့ကမ္ဘာပေါ်တွင်ထာဝရဘုရားသခင်တစ်ဆူတည်းအားကိုးကွယ်သောဘာသာကိုပြပါဟုဆိုလျှင်အစ္စလာမ်ဘာသာဖြစ်သည်။အစ္စလာမ်ဆိုသည့် ဝေါဟာရ သည် အာရဗီစကား ငြိမ်းချမ်းရေးဟု အဓိပ္ပာယ်ရသည့် စလာမ်ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ အစ္စလာမ်သည်တစ်ဆူတည်းသောဘုရားဝါဒ ဘာသာရေး ဖြစ်သည်။ အစ္စလာမ် သည် ခံဝန်ခြင်း ဟုအာရပ်စကားဖြင့် အဓိပ္ပါယ်ရှိပြီး၊ အစ္စလာမ် သာသနာဝင်သည် မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ် ၏ အမိန့်ဩဇာကို လုံးဝနားခံရန် ယုံကြည်သူဖြစ်ပြီး ၎င်းတို့အား မွတ်စလင် ဟုခေါ်၏။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေမှာ၁ မှ ၁.၈ ဘီလျံ ရှိ၍ အစ္စလာမ် ဘာသာသည် ခရစ်ယန်ဘာသာပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ဘာသာဖြစ်၏။
တစ်ပါးသူများ အနေဖြင့်အစ္စလာမ် ကို သာသနာ ဘာသာတရား တစ်ခု အဖြစ် မြင်မည် ဖြစ်သော်လည်း အစ္စလာမ်သည် ဘာသာတရား တစ်ခုမျှသာ မဟုတ်ချေ။ စနစ်တစ်ခုဟု ဆိုလျှင် ပိုမို မှန်ကန်ပါလိမ့် မည်။ ကုရ်အာန်ကျမ်းတော်မြတ် ထဲတွင် အစ္စလာမ် အား "ဘဝတည်ဆောက်မှုလမ်းစဉ်" (ဒီန်) အဖြစ် ဖော်ပြထားသည်။အစ္စလာမ် ကို ဘာသာ ဟု သုံးနှုန်းပြီး၊ ထို ဘာသာကို ကိုးကွယ်သူများအား မွတ်စလင်မ် ဟု သုံးနှုန်းသည်။


(၁) အစ္စလာမ်အယူဝါဒ
(၂) နဗီတမန်တော်ချုပ်မုဟမ္မဒ်သခင်(صلي الله عليه و سلم)နှင့်ကုရ်အာန်
(၃) အစ္စလာမ်၏ယုံကြည်ချက်များ
(၄) အစ္စလာမ်၏ အမြစ်တရားငါးပါး
(၅) တစ်မိတစ်ဖတည်း
(၆) လူတန်းစားမခွဲ
(၇) မည်သူ့ကိုမျှ ဒုက္ခမပေးရ
(၈) “စလာမ်”မေတ္တာ
(၉) စားဝတ်နေရေး
(၁၀) မွတ်စလင်ဂုဏ်ရည်
(၁) အစ္စလာမ်အယူဝါဒ
အစ္စလာမ်သည့်စကြဝဠာခပ်သိမ်းကုန်တို့ကိုဖန်ဆင်းမွေးမြူတော်မူသောအလုံးစုံကိုသိမြင်တော်မူ၍ပြည့်စုံတော်မူသောတစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူသောမဟာကရုဏာရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်ဟောကြားတော်မူအပ်သော ဒေသနာတော်မြတ်ဖြစ်ပေသည်။ နှစ်ဘဝ၏ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။အစ္စလာမ်သည်“နာခံခြင်း”ဟူသောအထူးဝိသေဂုဏ်ပုဒ်တစ်ခုကိုဆောင်လျက်ရှိသည်။ အစ္စလာမ်၏အဓိက ရည်ရွယ်ချက်မှာ မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင်ခေတ်မရွေး၊ပြည်မရွေး၊လူမျိုးမရွေး၊အုပ်စုမရွေး၊လူတန်းစားမခွဲ၊ဖြူနက်မခြားအစ္စလာမ်တည်းဟူသော ဂုဏ်ပုဒ်နှင့်ပြည့်စုံကြကုန်သောပုဂ္ဂိုလ်မွန်တို့သည်အတိတ်ခေတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြသည်။ယခုပစ္စုပ္ပန်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။နောင်အနာဂတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြမည်။အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသည် အစ္စလာမ်ဟုအမည်သမုတ်ခြင်းမှာလည်း ဤအယူဝါဒကို လက်ခံနာယူသော မွတ်စလင်တိုင်းသည် အရေးကိစ္စအဝ၀တွင် အလ္လာဟ်အရှင်မြတ်၏ ဒေသနာမြတ်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးရခြင်းကြောင့်ပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအဝန်းကို စတင်ပြုစုပျိုးထောင်တော်မူသော ပိုင်ဆိုင်စိုးမိုး စီမံ ကွပ်ကဲအုပ်ချုပ်တော်မူသော အရှင်သခင်ဖြစ်တော်မူပေရာ တစ်နည်းဆိုသော် စကြဝဠာရှင်၏ အမိန့်တော်နာခံခြင်းပင်စကြဝဠာတွင်ငြိမ်းချမ်းသာယာမှုကိုဖန်တီးရာမည်သည်။သို့ဖြစ်ရာအစ္စလာမ်သည်ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒဖြစ်၍ မွတ်စလင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒီဖြစ်သည်။

(၂) နဗီတမန်တော်ချုပ်မုဟမ္မဒ်သခင်(صلي الله عليه و سلم)နှင့်ကုရ်အာန်
အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄၀ဝ)ကျော်က ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကရုဏာ တရားပွားများ၍ နှစ်ဘဝ၏ သုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ် ဖြစ်သောတမန်တော်မြတ် မုဟမ္မဒ်(صلي الله عليه و سلم)အား (ကောင်းချီးမင်္ဂလာအဖြာဖြာသည် တမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ)နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်တော်မူ၍ ကျမ်းဂန်အပေါင်းတို့၏ အချုပ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ် ကိုလည်း တမန်တော်မုဟမ္မဒ်(صلي الله عليه و سلم)ထံသို့ ချပေးသနားတော်မူခဲ့ပေသည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်ဖြစ်သည်။ တမန်တော်မြတ်(صلي الله عليه و سلم)သည်မိမိကျရောက်လာခဲ့သော ကုရ်အာန်ကျမ်းလာ အာယသ်တော်များကို အချိန်မလင့်စေဘဲ စနစ်တကျ ရေးမှတ်စေတော်မူခဲ့သည်။ အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို စလယ်ဆုံး အာဂုံဆောင်ထားကြသော (ဟာဖစ်ဇ်)တို့၏ နှလုံးသားများတွင်လည်းကောင်း တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုရ်အာန်ကျမ်းမြတ်အစောင်ပေါင်းအသင်္ချေ၊ အသင်္ချာရှိငြားသော်လည်း တစ်စောင်နှင့်တစ်စောင်အကြား ပုဒ်၊ပဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျင်းမရှိဘဲ ပကတိအတိုင်း လုံးလုံးလျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာ ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ဤသည် “ကုရ်အာန် ကျမ်းမြတ်ကိုငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍ ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်း စောင့်ရှောက်တော်မူမည်”ဟူသော ဗျာဒိတ်တော်၏ကျေးဇူးပင်ဖြစ်သည်။ (ကုရ်အာန် ၁၅း၉ ကိုရှု) “ကုရ်အာန်” ဟူသောပုဒ်သည် များစွာရွတ်ရသောကျမ်းဟု အနက်ပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီယနေ့တိုင် ကမ္ဘာတွင်အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသောကျမ်းတစ်ဆူလည်းဖြစ်ပေသည်။ တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့်သုံး ပြသတော်မူခဲ့သည်။ တိုတောင်းလှစွာသော (၂၃)နှစ်အတွင်း ဆိုးသွမ်းမိုက်မဲ လမ်းလွဲလျက်ရှိနေခဲ့ကြသောသူများအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်တော်မူခဲ့သည်။
လူ့ဘဝတွင်လူရိုင်းတို့အားယဉ်ပါးစေတော်မူခဲ့သည်။လူ့ဘဝတွင် အောက်ဆုံးအဆင့်သို့ရောက်ရှိနေခဲ့ကြသောသူတို့အားလူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်မူခဲ့သည်။
တမန်တော်မြတ်(صلي الله عليه و سلم)သည်အစ္စလာမ်အယူဝါဒကိုမိမိကိုယ်တိုင်ကျင့်သုံးပြသတော်မူခဲ့သည်သာမက
စံပြမွတ်စလင်အုပ်စုကြီးတစ်ခုလုံးကိုလည်း မွေးထုတ်ထားတော်မူခဲ့ ပေသည်။အစ္စလာမ်အယူဝါဒသည် တစ်နေ့တစ်ခြား ပျံ့ပွားလာခဲ့ပေရာ ယနေ့မွတ်စလင်တို့သည် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။

(၃) အစ္စလာမ်၏ယုံကြည်ချက်များ
(၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း။
(၂) ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို ယုံကြည်ခြင်း။
(၃) ထိုအရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည်ခြင်း။
(၄) ထိုအရှင်မြတ်၏ တမန်တော်များကို ယုံကြည်ခြင်း။
(၅) စကြဝဠာပျက်ဆီးဆိတ်သုဉ်းမည့်နောက်ဆုံးနေ့ကို ယုံကြည်ခြင်း။
(၆) သေပြီးနောက် ရှင်ပြန်ထရမည်ကိုယုံကြည်ခြင်းဟူ၍ဖြစ်သည်။

(၄) အစ္စလာမ်၏ အမြစ်တရားငါးပါး
(၁) အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလည်းကောင်း၊
တမန်တော်မြတ် မုဟမ္မဒ်(صلي الله عليه و سلم)သည် ထိုအရှင်မြတ်၏ တမန်တော်ဖြစ်သည်ကိုလည်း ယုံကြည်သက်သေခံခြင်း။
(၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)။
(၃) ဇကားသ်ပေးလှူခြင်း။
(၄) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း။
(၅) ဟဂ်ျပြုခြင်းဟူ၍ဖြစ်လေသည်။

အစ္စလာမ်၏ယုံကြည်ချက်များကို လက်ခံယုံကြည်သူ မွတ်စလင်တစ်ဦးသည် တမန်တော်မြတ်(صلي الله عليه و سلم) ချမှတ်တော်မူသည့် ကျင့်စဉ်ကျင့်ရပ်များနှင့်အညီ တစ်နေ့လျှင်ငါးကြိမ် ဆွလာသ်ဆောက်တည်ရသည်။ စားဝတ်နေရေးအတွက်လိုအပ်သည်ထက်ပိုသော ဥစ္စာပစ္စည်းများထဲမှ ဆင်းရဲသားများအား ဇကားသ် ပေးလှူရသည်။ တစ်နှစ်တွင် တစ်လ ဆွီယာမ်ဥပုသ်ဆောက်တည်ရသည်။ ခရီးစရိတ်တတ်နိုင်လျှင် တစ်သက် တစ်ခါမက္ကာမြို့တော်သို့ သွားရောက်၍ ဟဂ်ျပြုရသည်။ ဤသည်ကား အစ္စလာမ်၏ အခြေခံယုံကြည်ချက်များနှင့်ကျင့်စဉ်များဖြစ်ပေသည်။

(၅) တစ်မိတစ်ဖတည်း
အစ္စလာမ်အယူဝါဒအရ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့သည် တစ်မိတစ်ဖတည်းမှ ဆင်းသက်ပေါက်ဖွားလာကြသော ညီရင်းအစ်ကို မောင်ရင်းနှမများပင်ဖြစ်ကြပေသည်။ “အို-လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည်အသင်တို့အားတစ်မိတစ်ဖတည်းမှစတင်ဖန်ဆင်းတော်မူခဲ့သည်။ အသင်တို့အချင်းချင်း သိကျွမ်း၍မေတ္တာသက်ရန်အလို့ငှာငါအရှင်မြတ်သည် အသင်တို့အားလူမျိုးအဖုံဖုံ၊မျိုးနွယ်အစားစားပြုလုပ်ထားတော်မူသည်။ ငါအရှင်မြတ်ထံတော်၌ အမွန်မြတ်ဆုံးသောသူမှာ စင်ကြယ်သန့်ရှင်းအပြစ်ကင်းသူသာဖြစ်ပေသည်။” (ကုရ်အာန် ၄၉း၁၃)

(၆) လူတန်းစားမခွဲ
အစ္စလာမ်အယူဝါဒတွင် လူတန်းစားခွဲခြားမှုအလျဉ်းမရှိ။ အဖြူသည် အနက်ထက်မသာ၊ ကိုယ်ကျင့်တရား ကောင်းခြင်းအားဖြင့် တစ်ဦးထက်တစ်ဦးသာနိုင်ပေသည်။ “အို-လူသားအပေါင်းတို့၊ အသင်တို့အရှင်သခင်သည် တစ်ပါးတည်း၊ အသင်တို့၏ဖခင်သည် တစ်ဦးတည်း၊ အာရဗ်လူမျိုးသည် အခြားလူမျိုးထက်မသာ၊ အနီသည် အနက်ထက်မသာ၊ အနက်သည် အနီထက်မသာ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ စင်ကြယ်သန့်ရှင်းအပြစ်ကင်းခြင်းအားဖြင့်သာလျှင်တစ်ဦးထက်တစ်ဦးသာသည်။ ”
(တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)

(၇) မည်သူ့ကိုမျှ ဒုက္ခမပေးရ
အစ္စလာမ်အယူဝါဒအရ ကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုလုံးသည် မိသားစုကြီးဖြစ်ရာမွတ်စလင် တစ်ဦးအဖို့ ကမ္ဘာ့ အိမ်ထောင်စုအတွင်း၌ သူစိမ်းဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိပေ။ အားလုံးတို့သည် မိသားစုများဖြစ်ကြပေရာ အချင်းချင်း အကျိုးပြုရမည်သာဖြစ်၍ ဒုက္ခမပေးရ။ “မွတ်စလင်သည် မိမိ၏နှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း မည်သူကိုမျှဒုက္ခမပေးရ။ ကြီးသူကိုမလေးစား၊ ငယ်သူကိုမသနားသူသည် ငါ၏တပည့်မဟုတ်။ မိမိအဖို့ နှစ်ခြိုက်သောအရာကို သူတစ်ပါးအဖို့ မနှစ်ခြိုက်သောသူသည် မွတ်စလင်မဟုတ်။ အိမ်နီးချင်းကို ဒုက္ခပေးသူသည် မွတ်စလင်မဟုတ်။ အသင်တို့သည် ကမ္ဘာမြေ၌ရှိသူတို့အား သနားကြင်နာကြကုန်။ ကောင်းကင်ထက်ရှိတော်မူသော အရှင်သည်အသင်တို့အား သနားကြင်နာတော်မူအံ့။” (တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒ)

(၈) “စလာမ်”မေတ္တာ
အစ္စလာမ်ဝါဒီ မွတ်စလင်များသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ (အတ်စ္စလာမုအလိုင်ကွန်မ်) “အသင်တို့အပေါ်၌ ငြိမ်းချမ်းသာယာမှု အစုစုသက်ရောက်ပါစေ”ဟုမေတ္တာပို့သကြသည်။မေတ္တာပို့သခြင်း ခံရသူများကလည်း (ဝအလိုင်ကု မုစ္စလာမ် ဝ-ရဟ်မတုလ္လာဟ်၊ ဝ-ဗုရကာတူဟူ)၊ “အသင်တို့အပေါ်၌လည်းငြိမ်းချမ်းသာယာမှုအစုစုသက်ရောက်ပါစေ။အလ္လာဟ်အရှင်မြတ်၏ဂရုဏာတော်နှင့်မင်္ဂလာတော်များလည်းသက် ရောက်ပါစေ”ဟုမေတ္တာတုံ့ပြန်ကြပေသည်။ဤသို့ဖြင့်မွတ်စလင်တို့စုဝေးရာဌာနများတွင်မေတ္တာသံများသည်ပဲ့တင်ထပ်မျှဖြစ်ရှိနေပေသည်။ “ကျွန်ုပ်သည်မိမိ၏အရှင်အားတိုင်တည်ပြောအံ့။အသင်တို့သည်အလ္လာဟ်အရှင်မြတ်အားမယုံကြည်သမျှကာလပတ်လုံးအလ္လာဟ်အရှင်မြတ် အားယုံကြည်နိုင်ကြမည်မဟုတ်။ကျွန်ုပ်သည် အသင်တို့အား အသင်တို့အချင်းချင်း ချစ်ခင်ရန်လမ်းစဉ် ညွှန်ပြမည်။ ထိုလမ်းစဉ်ကား အခြားမဟုတ်။ အသင်တို့ အချင်းချင်း ဖြူစင်ပွင့်လင်းစွာ စလာမ်မေတ္တာကို ပို့သကြကုန်” (တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)

(၉) စားဝတ်နေရေး
အစ္စလာမ်သည် နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကို ညွှန်ပြသည်။ လူ့လောကတွင် စားဝတ်နေရေးသည် လျစ်လျူရှုထား၍ဖြစ်နိုင်သောကိစ္စမျိုးကား အလျင်းမဟုတ်။ စားဝတ်နေရေး အဆင်မပြေက လောကုတ္တရာရေးရာများကို မဆိုထားနှင့်၊ လောကီရေးရာများကိုပင် ကောင်းစွာ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ အူမတောင့်မှ သီလစောင့်နိုင်သည်ဟူသော ဆိုရိုးစကားသည် မှန်ကန်လှပေသည်။ ထို့အတွက် ကုရ်အာန်ကျမ်းမြတ် (၆၂း၁၀)တွင် "အသင်တို့သည် ဆွလာသ် ဆောက်တည်ပြီးသောအခါ ကမ္ဘာသို့လှည့်၍ အလ္လာဟ်အရှင်မြတ်၏ ရိက္ခာတော်ကို ရှာဖွေကြကုန်လော့" ဟု အတိအလင်း မိန့်ကြားထားတော်မူသည်။ တရားသဖြင့် ဥစ္စာပစ္စည်းရှာဖွေရမည့်အကြောင်းနှင့်စပ်လျဉ်း၍ တမန်တော်မြတ်(صلي الله عليه و سلم)ကလည်း “ဆင်းရဲ နွမ်းပါးမှုသည် သာသနာပဖြစ်စေတတ်သည်။ တရားသဖြင့် စီးပွားရှာဖွေခြင်းသည် မလုပ်မနေရ တာဝန်များနောက် မလွဲမရှောင်သာသော တာဝန်တစ်ရပ်ပင်ဖြစ်သည်။ အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားများအား ဝ၀လင်လင် ရှာဖွေကျွေးမွေးကြကုန်။ ဤသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျီဟာ့ဒ် သက်စွန့် ကြိုးပမ်းရာမည်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ လယ်ယာကိုင်းကျွန်းနှင့် စက်မှုလုပ်ငန်းများသည် စားဝတ်နေရေးတွက် အလွန်အရေးပါသောလုပ်ငန်းများဖြစ်ကြောင်းနှင့်
စပ်လျဉ်း၍လည်း တမန်တော်မြတ်(صلي الله عليه و سلم)က “အသင်တို့သည် လယ်ယာကိုင်းကျွန်း လုပ်ကိုင်ကြ၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းသည်အလွန်မင်္ဂလာရှိ၏၊တိုးပွား၏
ဟူ၍လည်းကောင်း၊ "အသက်မွေးဝမ်းကျောင်းနှင့်စပ်ဆိုင်သောအတတ်ပညာသည်များကိုအလ္လာဟ်အရှင်မြတ်သည်အထူးနှစ်သက်မြတ်နိုးတော်မူသည်"ဟူ၍လည်းကောင်း မိန့်တော်မူခဲ့လေသည်။ စားဝတ်နေရေးတွင် ဆူကြုံနိမ့်မြင့် အလွန်အကျွံ ကွာခြားနေပါက ဒုက္ခရောက်နိုင်သည်။ ထို့အတွက်ကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်(၅၉း၇)တွင် “ဥစ္စာပစ္စည်းသည် အသင်တို့အနက် ကုံလုံ ကြွယ်ဝသူတစ်စု၏ လက်တွင်း၌သာ စုပုံမနေရာ”ဟု အတိအလင်းမိန့်ကြားတော်မူခြင်းဖြစ်သည်။ ထို့ပြင်တဝ ကုရ်အာန်ကျမ်းမြတ်တွင် ဇကားသ်ပေးရမည့်အကြောင်း၊ အတိုးအညွန့်မစားသုံးရမည့်အကြောင်း၊ အတိုးအညွန့်စားသုံးသူများကိုတိုက်ရမည့်အကြောင်း၊ အလောင်းအစားမပြုလုပ်ရမည့်အကြောင်း၊ အပျော်အပါးမလိုက်စားရမည့် အကြောင်း၊ ခိုးဝှက် တိုက်ခိုက် လုယက်ခြင်း မပြုလုပ်ရမည့်အကြောင်း၊ မဖြုန်းတီးရမည့်အကြောင်း၊ စားဝတ်နေရေးတွင် အလယ်အလတ်လမ်းစဉ်ကို လိုက်နာရမည့်အကြောင်း၊ ခြိုးခြံစွာနေထိုင်ရမည့်အကြောင်းများကို အထပ်ထပ်အခါခါ မိန့်ကြားထားတော်မူသည်။

(၁၀) မွတ်စလင်ဂုဏ်ရည်
အစ္စလာမ်အယူဝါဒကို လက်ခံနာယူကျင့်သုံးသူတစ်ဦးသည် -
(၁) ယုံကြည်ချက် မှန်ကန်ရမည်။
(၂) ပတ်ဝန်းကျင်နှင့် ဆက်ဆံမှုပြေပြစ်ရမည်။
(၃) သူတစ်ပါးအကျိုးဆောင်ရမည်။
(၄) သီလကောင်းရမည်။
(၅) ဇွဲသတ္တိရှိရမည
်။

ဤအကြောင်းနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်တွင် အောက်ပါအတိုင်း မိန့်ဆိုထားတော်မူသည်။ “အရှေ့ဘက်၊ အနောက်ဘက်သို့ မျက်နှာမူခြင်းသည် ကောင်းမြတ်သည်မဟုတ်။ ကောင်းမြတ်သောသူမွန်သူမြတ်တို့ကား အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကျမ်းဂန်များကိုလည်းကောင်း၊ တမန်တော်အပေါင်းကိုလည်းကောင်း ယုံကြည်ကြသည်။ ထို့ပြင် ၄င်းတို့သည် မိမိတို့ဥစ္စာ ပစ္စည်းများကို ခုံမင်ကြပါလျက် ဆွေဆင်းရဲ မျိုးဆင်းရဲများကို လည်းကောင်း၊ မိတဆိုး ဖတဆိုးများကိုလည်းကောင်း၊ ဆင်းရဲသားများကိုလည်းကောင်း၊ ဒုက္ခသည် ဧည့်သည်များကိုလည်းကောင်း၊ လက်ဖြန့်တောင်းခံစားနေကြရှာသော သူတောင်းစားများကိုလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာတွင်လည်းကောင်း လှူဒါန်းပေးကမ်း ကြသည်။ ထို့ပြင် ၄င်းတို့သည် ဆွလာသ်ဝတ်ပြုကြသည်။ ဇကားသ်ပေးလှူကြသည်။ ကတိတည်ကြသည်။ ထို့ပြင်တဝ ၄င်းတို့သည်ဆင်းရဲနွမ်းပါးသည့် အခါတွင်လည်းကောင်း၊ ရောဂါဖိစီးသည့်အခါတွင်လည်းကောင်း၊ စစ်မက်ဖြစ်ပွားနေကြသည့် အခါတွင်လည်းကောင်းကြံ့ခိုင်စွာရပ်တည် နေကြသည်။ ဤဂုဏ်ရည်များနှင့်ပြည့်စုံသူများသည် သစ္စာဝါဒီများဖြစ်ကြပေသည်။ ဤပုဂ္ဂိုလ်များသာလျှင် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ ရိုသေခန့်ညားသော သူမွန်သူမြတ်အားဖြစ်ကြပေသည်။ ”(ကုရ်အာန် ၂း၁၇၇)

အစ္စလာမ်ဘာသာနှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာစတင်ဝင်ရောက်ပုံ

အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀)ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်း နှစ်ဦးချင်းအားဖြင့်လည်းကောင်း ပျံ့နှံ့ဝင်ရောက်ခဲ့ပါသည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ်ဘာသာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို့ လာရောက်သာသနာပြုသဖြင့် ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။
မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာရောက်ရှိလာပုံနှင့်ပတ်သက်၍ အောက်ပါ သမိုင်းမှတ်တမ်း အထောက်အထားများအရ လေ့လာသိရှိပါသည်။

အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များမှတစ်ဆင့် အာရဗ်ကုန်သည်များသည် မြိတ်မြို့သို့ ရောက်ရှိနေကြပြီးဖြစ်သည်။ (ဦးခင်မောင်ကြီး မြန်မာပြန်၊ မောရစ်ကောလစ်ရေး Into Hidden Burma စာ-၂၁၁)
အေဒီ ၇၀၀ နှင့် ၁၅၀၀ အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှင်းကုန်သည်နှင့် ရောမကုန်သည်တို့သည် မိမိတို့ ပင်ရင်းတိုင်းပြည်များမှ ရွက်သင်္ဘောများဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကိုလည်းကောင်း၊ ယင်းကိုကျော်လွန်ကာ အရှေ့ဘက် တရုတ်ပြည် ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။ ရမ်းဗြဲကျွန်းအနီး ပျက်စီးသော အာရဗ်သင်္ဘောရှိ မွတ်စလင်မ်တို့သည် ထိုအခါကပင် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း တွေ့ရပေသည်။

ရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် အေဒီ ၇၈၈-၈၁၀ တွင် ရမ်းဗြဲကျွန်းအနီး သင်္ဘောများစွာပျက်စီးခဲ့ကြောင်း အစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးခဲ့ကြောင်း တွေ့ရ၏။ မြန်မာနိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများပျက်ပြားခြင်းဆိုင်ရာ အကြောင်းအရာများမှာ အချိန်ကာလစောစွာကပင် ရှိခဲ့သည်။ မွန်နှင့်မြန်မာ ရာဇ၀င်များနှင့် အချို့သောဘုရားသမိုင်းများတွင် သင်္ဘောပျက်စစ်သားများ၊ ကုန်သည်များ၊ သင်္ဘောသားများအကြောင်း ရေးသားထားသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါများခေါ် သူတော်စင်များ၏ ဂူဗိမာန်များက သက်သေခံနေသည်။

(၁၈၇၉-ခုနှစ် ဗြိတိသျှဘားမား ဂေဇက်ကို ကိုးကား၍ ဆရာချယ်ရေး ဗမာမွတ်စလင်မ် ရှေးဟောင်း အတ္ထုပ္ပတ္တိ စာ-၁၆) သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရဗ်ကုန်သည်များ ရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများသည် အနောက်ဘက် ဒမတ်စတကတ်ကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်မအထိ အာရဗ်များ ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ (ဦးကြည်၊ ဘီအေ၊ ရာဇ၀င်ဂုဏ်ထူးရေး၊ မြန်မာရာဇ၀င်မှသိကောင်းစရာများ၊ စာ ၁၅၆-၁၅၇) တပင်ရွှေထီးလက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလားပန်းသေးတို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်(ဒုတိယတွဲ) စာ ၁၈၆) အရလည်းကောင်း သမိုင်းသုတေသီ ပညာရှင်များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ ရောက်ရှိ အခြေချ နေထိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

ပြန့်နှံ့ပုံ
မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစုအတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျားပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများသို့လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယပြည်၌ ရှာဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်ထောင် ကြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မမင်းအား ကတိမတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေးသည်တော်)တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာသော ကမန်တို့အား ရမ်းဗြဲကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ်စလင်မ်တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြသော အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်။
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ကို ၀င်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန်လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်းမှ ရောက်ရှိလာသော သင်္ဘောများမှ မွတ်စလင်များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်တို့၌လည်းကောင်း နေရာချထားခဲ့ကြောင်း တွေ့ရသည်။

ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန်လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ ၀င်ရောက်လာသော မွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက်ဖော်ပြပါ ၁၂-နေရာ၌ နေရာချထားခဲ့ကြောင်းတွေ့ရသည်။
(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့တွင် ဖြစ်သည်။
အထက်ဖော်ပြပါအတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက် နေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်းရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ရေကြည်ရာ မြက်နုရာသို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။ ၁၉၉၃-ခုနှစ် ကောက်ယူရရှိသည့် သန်းခေါင်းစာရင်းအရ အစ္စလာမ်ဘာသာဝင်များမှာ မြန်မာနိုင်ငံ ပြည်နယ် တိုင်းများတွင် လူဦးရေ ၁၆,၂၀,၂၃၃ ဦး ရှိသဖြင့် မြန်မာနိုင်ငံ လူဦးရေ၏ ၃ ဒဿမ ၇၉ % မျှရှိလေသည်။
အစ္စလာမ်ဘာသာဝင်များ တစ်နေ့ ငါးကြိမ် ၀တ်ပြုနိုင်ရန် ရန်ကုန်မြို့တွင် ဗလီကျောင်း ၁၇၁-ကျောင်းနှင့် တစ်နိုင်ငံလုံးတွင် ဗလီဝတ်ကျောင်းပေါင်း ၂,၂၆၆ ခန့်ရှိပါသည်။

(သာသနာရောင်ဝါထွန်းစေဖို့စာအုပ်၊ စာမျက်နှာ ၆၅-၆၈)မှ ထုတ်နှုတ်ပါသည်။

Tuesday, July 20, 2010

ကုရ်အာန်ဖတ်ရန်





အစ္စလာမ်ဆိုတာ

အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည်အစ္စလာမ်သာသနာတော်အတွင်းသို့ လုံးလုံးလျားလျား (စိတ်ရောကိုပါ)
ဝင်ရောက်ကြကုန်လော။ ၄င်းအပြင် ရှိုင်သွာန်၏နောက်သို့ ဖ၀ါးခြေထပ်မလိုက်ကြကုန်လင့်။ ထိုရှိုင်သွာန်သည်မုချဧကန် သင်တို့အဖို့ ထင်ရှားသော ရန်သူပင်ဖြစ်ပေသည်။(၂း၂၀၈)

ဒိအယသ်တော်မှာ စဉ်းစားစရာအချက်တွေရှိလာတယ်။ပထမဥိးဆုံးဆိုလိုချင်တာက အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ ဆိုလိုတာက အီမာန်ကိုလက်ခံယုံကြည်ထားကြသူတွေပေါ့။
နောက်ထပ်ဆိုလိုထားတာက အစ္စလာမ်သာသနာတော်အတွင်းသို့ လုံးလုံးလျားလျား ၀င်ရောက်ကြလို့ အမိန့်ရှိတော်မူထားတယ်။ဒိနေရာမှာ စဉ်းစားမိတာကအိမာန်ကိုလက်ခံလိုက်ရုံနဲ့
မွတ်စ်စလင်မ် ဖြစ်မသွားဘူးလား။အစ္စလာမ်သာသနာဘောင်ထဲကို ရောက်သွားစပြိလို့ မဆိုလိုဘူးလား။ ဒါမှမဟုတ်အိမာန်ကတခု အစစလာမ်ကတခု လို့ဆိုလိုတာလား။
ဒါကစဉ်းစားစရာဖြစ်လာတယ်။
ဒါကြောင့်မှတ်ထားရမှက အစ္စလာမ်ဆိုတာ ကလိမဟ် ဖတ်လိုက်ရုံနဲ့ စိတ်ထဲက ယုံကြည်လိုက်ရုံနဲ့မလုံလောက်ဘူး။
အရှင်မြတ် အမိန့်တော်နဲ့ တမန်တော်မြတ်(ဆွ) ပြသခဲ့တဲ့လမ်းစဉ်ထဲမှ အပြည့်အ၀ မ၀င်ရောက်မနာခံ မကျင့်သုံးသမျှ ဒိလူဟာ ပြည့်ဝတဲ့မွစ်စလင်မ်တယောက် မဖြစ်သေးပါဘူး။
အကယ်ရျု အရှင်မြတ်ရဲ့ အမိန်တော်တွေကို မိမိဥိးနှောက်နဲ့ဝေဖန်ပြိး ဆင်ခြေတွေပေးနေမယ် စောဓကတွေတက်နေမယ် ဆိုလို့ရှိရင်တော့ လူသားဟာ ဦးနှောက်ရဲ့ကျေးကျွန်
ဖြစ်သွားလိမ့်မယ်။အရှင်မြတ်ရဲ့ကျေးကျွန်ဖြစ်ဖို့ အကြောင်းမရှိတော့ဘူး။
ဒါကြောင့်အရှင်မြတ်က အမိန့်ရှိတော်မူထထားတယ်။အကြင်လူသားက မိမိဘ၀ကိုလမ်းဖြောင့်လမ်မှန် အတိုင်းလျှောက်လှမ်းလိုတယ်ဆိုရင် အရှင်မြတ်နဲ့အရှင့်ရစူလ်ရဲ့ အမိန့်နဲ့လမ်းစဉ်ပေါ်မှာ
ကြည်ကြည်ဖြူဖြူ နဲ့နာခံလိုက် ဦးနှောက်သုံးပြိး ဘာစောဓကမှမတက်နဲ့ ဘာဆင်ခြေမှမပေးနဲ့။အဲ့ဒိလို အပြည့်အ၀နာခံခြင်းကို အစ္စလာမ် လို့ခေါ်တာ။
အထက်ပါအယာသ်ရဲ့အလိုသဘောက ဒါပဲဖြစ်ပါတယ်။ ဗလီထဲမှာပဲမွစ်စလင်မ် ဖြစ်နေရမှာမဟုတ်ဘူး အိမ်မှာနေရင်ရော ဆိုင်မှာထိုင်နေရင်ရော မွတ်စလာင်မ် ဖြစ်အောင်လုပ်၇မယ်။
အစ္စလာမ်သာသနာကို အပိုင်း(၅)ပိုင်းနဲ့ ခွဲခြားထားတယ်........
ဒီ(၅)ပိုင်းလုံးပြည့်စုံမှ မွတ်စ်လင်မ် ဖြစ်မယ်။
(၁)အီမာနီယာသ်......အကီဒဟ်မှန်ကန်ရမယ်။ ယုံကြည်ချက်မှန်ကန်ရမယ်။
(၂)အိဗာဒါသ်..........ဆိုလိုတာက နမာဇ် ၊ ရိုဇာ ၊ ဇကာသ် ၊ ဟဂ်ျ ၊ မှန်ကန်စွဲမြဲရမယ်။
(၃)မိုအာမလာသ်.......အရောင်းအ၀ယ် အပေးအယူအစရှိတဲ့ စိးပွားရေးကိစ္စတွေမှာ အရှင်မြတ်ရဲ့အမိန့်တော်ကိုနာခံရမယ်။
တမန်တော်မြတ်(ဆွ) ရဲ့နည်းစနစ်ကိုကျင့်သုံးရမယ်။ဟလာလ်ဖြစ်အောင် ကြိုးစားရမယ်။
မိမိဝင်ငွေများ မိမိပိုင်ဆိုင်မှုတွေမှာ ဟရာမ်မဖြစ်စေရဘူး။
(၄)အခ်လာကီယာသ်.....အကျင့်စာရိတ္တမှန်ကန်ရမယ် ။ စိတ်နေသဘောထားမှန်ကန်ဖြူစင်ရမယ်။
(၅)မုအာရှရသ်.......လူမှုကျင့်ဝတ်
ဒိအချက်တွေကြည့်လိုက်ရင်သိရတယ်။အစ္စလာမ်သာသနာက အေဗာဒါသ်က လေးပုံတပုံပဲရှိပါတယ်။
ကျန်တဲ့လေးပုံသုံးပုံက လူသားတွေနဲ့ပတ်သတ်တဲ့ အရေးကိစ္စတွေ ဖြစ်တယ်။
ဒိလူသားအချင်းချင်းနဲ့ ပတ်သက်တဲ့ တာဝန်ဝတ္တရားတွေကို မှန်မှန်ကန်ကန် မကျေပွန်နိုင်ပဲနဲ့ ပြည့်ဝတဲ့မွတ်စလင်မ်
တယောက်မဖြစ်နိုင်သေးပါဘူး။တနည်းအားဖြင့်အစ္စလာမ်သာသနာ ထဲကို အပြည့်အ၀ မ၀င်ရောက်သေးဘူးလို့ဆိုလိုတယ်။
ဒါကြောင့် အစ္စလာမ်သာသနာထဲကို အပြည့်အ၀ ၀င်ပါ။တစ်စိတ်တပိုင်း ၀င်တာမျိုးမလုပ်ပါနဲ့ ။
မိမိကြိုက်တဲ့ အလုပ်ကိုကြတော့ တခမ်းတနား ဂုဏ်ပြုပွဲတွေ အခမ်းအနားတွေနဲ့ ဂုဏ်သရေရှိလူကြိးတွေကိုဖိတ်ပြိးတော့ လုပ်ကြတယ်။
ကိုယ်မကြိုက်တဲ့အလုပ် ကြတော့ သာသနာထဲမှာရှိနေပါလားလို့မအောင့်မေ့သတိမရတော့ဘူး။ သတိထားကြပါ။သာသနာမှာမိမိကြိုက်တာကိုလည်း လုပ်ကြပါ။မိမိမကြိုက်တဲ့အရာလည်းလုပ်ပါ။
ဒါမှသာသနာကို အပြည့်အ၀ ၀င်ရောက်ရာေ၇ာက်မယ်။
ကျွန်တော်တို့အားလုံးကို သာသနာထဲမှာ အပြည့်အ၀ ၀င်ရောက်နိုင်စွမ်း အရှင်မြတ်ချိးမြှင့်တော်မူပါ့စေ။(အာမိးန်)
မော်လာနာ မုဖ်သိသကီး ဟောကြားသော အိဆ်လာဟီးခွသ်ဗားသ်
မှ
ကောက်နုတ်တင်ပြသည်။

ကုရ်အာန်အပြင် အခြားမလိုအပ်ဟု ဆိုရာဝယ်

အစ္စလာမ် သာသနာတော်သည် ကုရ်အာန် ၊ ဟဒီးစ် ၊ အိဂ်ျမာအ် စသည့် အချက် (3)ချက် အပေါ်တွင်သာ မူတည်၍ ပြီးပြည့်စုံကြောင်း ထင်ရှားပေါ်လွင်လျက်ရှိနေ၏ ။ တမန်တော်မြတ်(ဆွ) လက်ထက်တော်မှ ယနေ့ထက်တိုင် စစ်မှန်သော အစ္စလာမ်ဘာသာဝင်တို့သည် ယင်းအချက် (3) ချက် ပေါ်တွင်သာမူတည်၍ အလ္လာ့ဟ်အရှင်မြတ်အား ခယရိုကျိုး ၀တ်ပြုဆည်းကပ်လျက်ရှိခြင်းဖြစ်၏ ။ ယင်းကဲ့သို့ ဆည်းကပ်ဝတ်ပြုခြင်းသည် အလ္လာ့ဟ် အရှင်မြတ်အား ၏ အမိန့်တော်အရ တမန်တော်မြတ် (ဆွ) ၏ လက်တွေ့ဘ၀ ကျင့်သုံးမိန့်ကြားသောခဲ့သော နည်းစနစ်များအပေါ် တစ်သွေမတိမ်း လိုက်နာဆောင်ရွက်နေခြင်း ဖြစ်ပေ၏ ။

စစ်မှန်သော မွတ်စ်လင်မ်

စစ်မှန်သော အစ္စလာမ် ဘာသာဝင်တစ်ဦးသည် အထက်ဖော်ပြပါကဲ့သို့ စစ်မှန်သော အကီဒါဟ် ခံယူချက် ထားရှိသည့် အတွက် လူ့ဘ၀ သက်တမ်းတွင် ပြစ်မှု ဒုစရိုက်များ သာပို၍ ပြုလုပ်မိခဲ့သော်လည်း အကီဒါဟ်ခံယူချက် မှန်ကန်နေ၍ မိမိသည် အမှားကျူးလွန်နေကြောင်း ၀န်ခံနားလည် သဘောပေါက်ကာ ကျူးလွန်နေမည်ဖြစ်သည်။ ထို့ကြောင့် အလ္လာ့ဟ်အရှင်မြတ်သည် အဆုံးတစ်နေ့တွင် ထိုမှားယွင်းမှုအပေါ် အရှက်ကြီးစွာရစေပြီး စစ်မှန်သော သောင်ဗဟ်ပြုနိုင်စွမ်း ပေးသနားတော်မူတတ်၏ ။

ထို့ကြောင့် စစ်မှန်သော အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်စေရန်အတွက် သာသနာတော်အပေါ်တွင် ထားရှိရမည့် အကီဒါဟ် ခံယူချက်သည် မှန်ကန်ရန်အလွန်အရေးကြီး၏ ။ ကုရ်အာန်၊ ဟဒီးစ် နှင့် အိဂ်ျမာအ် အပေါ် တိကျပြည့်ဝစွာ အီမာန်သက်ဝင်ယုံကြည်ထားသော မွစ်လင်မ်တစ်ဦးအတွက် ကိစ္စရပ်တိုင်းတွင် အစ္စလာမ့် စည်းစနစ်ဖြင့်သာ ဆောင်ရွက်ရမည်မှာ မုချမလွဲပင် ။

အဘယ်မျှပင်ဆိုသော် . . .
မွစ်လင်မ် တစ်ဦးသည် ကျင်ကြီးကျင်ငယ် စွန့်ရာတွင်လည်းကောင်း၊ ဇနီးမောင်နှံ ဆက်ဆံရာတွင် လည်းကောင်း၊ ပေါင်းသင်းရာတွင်လည်းကောင်း၊ ပြောဆိုရာတွင်လည်းကောင်း၊ သွားလာလုပ်ကိုင်စားသောက်ရာတွင်လည်းကောင်း၊ ရောင်းဝယ်မှုပြုရာတွင်လည်းကောင်း . . . စသည့် လူ့ဘ၀ သက်တမ်း၏ ကိစ္စ ရပ်တိုင်းတွင် တမန်တော်မြတ်(ဆွ) ၏ နည်းစနစ် ကျင့်ထုံးများနှင့် အညီသာ မလွဲမသွေ ဆောင်ရွက်ရမည် ဖြစ်၏ ။

ဟဒီးစ်နှင့် အိဂ်ျမာအ်

သို့သော်ယခုခေတ်သမယ၏ အချို့သူများသည် မိမိကိုယ်မိမိ မွစ်လင်မ်ဟု အမည်ခံပြီး သာသနာပေါ်တွင် အလွယ်လိုက်မှုများ ပြုလုပ်လိုပါ၍ အထက်ဖော်ပြပါ ဟဒီးစ်နှင့် ဖကီးဟ် အများစု၏ ဓမ္မသတ် ဆုံးဖြတ်ချက် အိဂ်ျမာ ကို အကြောင်းအမျိုးမျိုးပြကာ မလိုအပ်ကြောင်း ပြောဆိုလျက်ရှိနေ၏ ။

ကုရ်အာန်ကျမ်းတော်မြတ်တွင် အချို့အသေးစိတ်ရှင်းလင်းချက် မပါရှိ

ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်မိမိ မွတ်စလင်မ် ဟု အမည်ခံ၍ ဟဒီးစ်နှင့် အိဂ်ျမာအ် ကို ငြင်းပယ် ခဲ့လျှင် အောက်ဖော်ပြပါ မွစ်လင်မ် တစ်ဦးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စ ရပ်များ၏ အသေးစိတ်ရှင်းလင်းချက် ကုရ်အာန်ကျမ်းတော်မြတ်တွင် မပါရှိ၍ ထိုအမည်ခံမွစ်လင်မ်သည် အဘယ်သို့ ဆောင်ရွက်မည်နည်း ။ . . . .

၁ - သေသူအား ရေချိုးပေးခြင်း။
၂ - ကဖန် ၀တ်ပေးခြင်း။
၃ - ဂျနာဇဟ် နမာဇ်ဝတ်ပြုခြင်း။
၎ - မီးသဂြိ င်္ုဟ်မှု မပြုဘဲ မြေတူး၍ သင်္ဂြိုဟ် ခြင်း။
၅ - အမျိုးသားနှင့် အမျိုးသမီး ကဖန် ၀တ်ပေးရာ၌ ကွာခြားခြင်း။
၆ - ဖဂျေ်နမာဇ် အား (၄)ရကာအသ်သာ ၀တ်ပြုခြင်း။
၇ - ဇဟိုရ်တွင် (၁၂) ရကာအသ် ၀တ်ပြုခြင်း။
၈ - အဆွရ်တွင် (၈) ရကာအသ် ၀တ်ပြုခြင်း။
၉ - မဂ်ရိဘ်တွင် (၇) ရကာအသ် ၀တ်ပြုခြင်း။
၁၀ - အီရှာတွင် (၁၇) ရကာအသ် ထိ ၀တ်ပြုခြင်း။
၁၁ - ဇကားသ် ပေးရာတွင် (၄၀) ပုံ (၁) ပုံ အား ပေးလှူခြင်း။
၁၂ - ဟဂ်ျပြုရာတွင် ဟာဂျီများ ပြုကျင့်နေသော အစီအစဉ်တကျ အစမှ အဆုံးအထိ အသေးစိတ် ဟဂ်ျကျင့် စဉ် များနှင့် အခြား
မြောက်များစွာသော အသေးစိတ် အချက်အလက်များသည် ကုရ်အာန် ကျမ်းတော်မြတ်တွင် လုံးဝ မပါရှိချေ။

ကုရ်အာန်အပြင် အခြားမလိုဟု ဆိုရာဝယ်

သို့ဖြစ်ပေရာ ကုရ်အာန်ကျမ်းတော်မြတ်၏ အမိန့်တော်များအား လိုက်နာကျင့်သုံးရန်အတွက် ကုရ်အာန်အပြင် အခြားမလိုဟု ယူဆသော သူများသည် အထက်ပါ ကိစ္စ ရပ်များအား မည်သည့် အထောက်အထားဖြင့် ဆောင်ရွက်နေရပါသနည်း? ကုရ်အာန် အပြင် အခြားမလိုဟု မြွက်ဟ သူ တစ်ဦးသည် သေဆုံးကွယ်လွန်သော အခါ မည်သူ၏ နည်းစနစ် ဓလေ့ထုံးစံဖြင့် ယင်းသေသူ၏ ကိစ္စ အ၀၀ အားဆောင်ရွက်ကြမည်နည်း ?

ဟဒီးစ်ကို လက်မခံသည့် အတွက် ယင်းသူအား တမန်တော်မြတ်(ဆွ)၏ ကျင့်စဉ်ဓလေ့ ထုံးစံဖြင့်လည်း ဆောင်ရွက်စရာ အကြောင်း မရှိ။ ထိုနည်းတူစွာ ကုရ်အာန်ကျမ်းတော်မြတ်ထဲတွင် . . . . .

မြွေ၊ဆင်၊ ကျား၊ ၀က်ဝံ၊ ကြံ့၊ မျောက်၊ ခြင်္သေ့ စသည့်မြောက်မြားစွာသော သတ္တ၀ါ များအား စားသောက်သုံးစွဲခြင်း နှင့်စပ်လျဉ်း၍ မည်သို့မျှ မိန့်ကြားချက် တစ်စုံတစ်ရာမပါရှိချေ။
သို့သော်လည်း ကမ္ဘာ့ မွစ်လင်မ် တစ်ခုလုံးက အထက်ပါ သတ္တ၀ါ များနှင့်စပ်လျဉ်း၍ ကုရ်အာန်တွင်ဖော်ပြထားခြင်း မရှိသော်လည်း ဟဒီးစ်နှင့် အိဂ်ျမာအ် ၏ ဓမ္မသတ် ဆုံးဖြတ်ချက်အရ ဟရာမ်ဖြစ်သည်ဟု သတ်မှတ်ထား၍ လုံးဝ စားသောက်သုံးစွဲခြင်း မပြုပေ။
ဟဒီးစ် နှင့် အိဂ်ျမာအ် အား လက်မခံသည့် မွစ်လင်မ် တစ်ဦးအနေဖြင့် အထက်ပါသတ္တ၀ါများနှင့် စပ်လျဉ်း၍ ကုရ်အာန် အပြင် မည်သည့် အထောက်အထားကိုးကားချက်ဖြင့် ဟရာမ်ဟု သတ်မှတ်ပါမည်လော . . . . . .

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
မော်လာနာဂါဇီကရီမ်ဘစ်ရှ် ဦးစိုးလွင် (မဟ်မူဒီ) ၏ ကုရ်အာန် ပြီးလျှင် ဟဒီးစ် အဘယ့်ကြောင့် အရေးပါသနည်း စာအုပ်မှ ကူးယူပါသည်။

အစ္စလာမ်သာသနာပြုသမိုင်း

How Islam Reach to Regions

Monday, July 19, 2010

သိရ်မိဇီ-ဟဒီးဆ်ကျမ်း (အာရဗီ-မြန်မာ) အစ္စလာမ့် လူမှုဆက်ဆံရေး

Islamic Social Etiqutte

ဒေါက်တာဇာကစ်ရ်နာအစ်က် အမေး အဖြေများ

What is Dr Zakir Naik's Aqeeda and Manhaj?

ကလိမဟ်(၇)ပုဒ်

kalimah

ရှအ်ဗာန်(၁၅)ရက်ညရှဗေဗရာသ်

15th Night of Shaban

ရှအ်ဗာန်လနောက်ဆုံးရက်များ

last day of shaban ebook

Monday, July 12, 2010

အစ္စလာမ်သည် လွယ်ကူသော သာသနာဖြစ်၏။

အစ္စလာမ်သည် လွယ်ကူသောသာသနာ ဖြစ်၏။

ကုရ်အာန် ကပြောသော နေ ၏ လှည့်ပတ် မှု အကြောင်း

အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် မိုးကောင်း ကင်များကို အသင်တို့တွေ့မြင်ကြသည့်အတိုင်း တိုင်များမပါဘဲ မြင့်စွင့်စေတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ ထို့နောက် ထိုအရှင်မြတ်သည် “အရ်ရှ်” ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် သူရိယနေကို လည်းကောင်း၊ လစန္ဒာ ကိုလည်းကောင်း နာခံစေ တော်မူလေသည်။ ထိုနေနှင့်လသည် သတ်မှတ်ထားသောအချိန် ကာလတွင် အသီးသီး သွားလာလျက်ပင် ရှိကြကုန်၏။ ထိုအရှင်မြတ်သည် အရေးကိစ္စတို့ကို စီမံခန့်ခွဲတော်မူ၏။ သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းလင်းတော်မူ၏။ သို့မှသာလျှင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွေ့ဆုံခြင်းကို ယုံကြည်ကြရာသတည်း။ ။ (ကုရ်အာန်ကျမ်း ၁၃:၂)

..................................................................................................................

၎င်းပြင် နေသည်လည်း သက်သေလက္ခဏာ တစ်ရပ်ပင်။ ထိုနေသည် မိမိသွားလာရာလမ်း အတိုင်း သွားလာလျက် ရှိနေလေ၏။ ဤသည်ကား အလွန်တရာ နိုင်နင်း လွှမ်းမိုးတော်မူသော အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်၏ တိုင်းတာ သတ်မှတ်ချက်ပင် ဖြစ်၏။ ။ (ကုရ်အာန်ကျမ်း ၃၆:၃၈ )

..................................................................................................................


ဆော်ဒီဘုရင့်ပုံနှိပ်တိုက်မှရိုက်နှိပ်သော ကုရ်အာန်ကျမ်းမြတ်မြန်မာဘာသာပြန်မှ တာ့ဖ်ဆီးရ်ဖွင့်ဆိုချက်မှာ-

ဂြိုလ်များသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့်သာလျှင် သွားလာလှုပ်ရှားနေကြသည်။ နေနှင့်လတို့သည်လည်း ထိုအရှင်မြတ်၏အမိန့်တော်ဖြင့် ထိုအရှင်မြတ် သက်မှတ်ပြဋ္ဌာန်ထားတော်မူသည့် အတိုင်းအတာနှင့်အညီ သွားလာလှုပ်ရှားနေကြပေသည်။ နေသည်မိမိ၏ ခရီးစဉ်ကို တစ်နှစ်တွင် ပြည့်စုံစေသည်။ လသည် မိမိ၏ခရီးစဉ်ကို တစ်လတွင် ပြည့်စုံစေသည်။ နေနှင့် လသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် စနစ်တကျ သွားလာလှုပ်ရှားလျက် ကမ္ဘာ့အဝန်းကို အကျိုးပြုလျက်ရှိပေသည်။ ဤသည့် သွားလာလှုပ်ရှားမှုကား ကိယာမတ် တိုင်တည်ရှိနေပေမည်။

နေနှင့်လများသည် ကိုးကွယ်ရာမဟုတ်၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ သွားလာလှုပ်ရှားနေရသော အဖန်ဆင်းခံ၊ အစေခံများသာဖြစ်သည်။


နေ

နေသည် မိမိအဖို့ အလ္လာဟ်အရှင်မြတ် သက်မှတ်ထားတော်မူသည့် လမ်းကြောင်းတွင် သတ်မှတ်ထားတော်မူသည့် ခရီးနှုန်းထားအတိုင်း တိကျမှန်ကန်စွာ သွားလာလှုပ်ရှားလျက် ရှိပေသည်။ သတ်မှတ်ထားတော်မူသည့် လမ်းကြောင်းမှ တစ်လက်မခန့်မျှ တိမ်းစောင်းသည်လည်းမရှိ၊ သက်မှတ်ထားတော်မူသည့် အချိန်မှ တစ်မိနစ်ခန့်မျှ စောသည်၊နှေးသည် ဟူ၍လည်း မရှိ။ ဤသည် အတိုင်းမသိ ဉာဏ်တော်၊တန်ခိုးတော် ကြီးမားတော်မူသော အလ္လာဟ်အရှင်မြတ်၏ စီမံခန့်ခွဲမှု တစ်ရပ်ပင်။ နေသည် ကိယာမတ် ဖြစ်ခါနီးအချိန်ထိ ဤအတိုင်းပင် သွားလာလှုပ်ရှားလျက် ရှိပေမည်။ ကိယာမတ်ဖြစ်ရန် အချိန် လုံးဝနီးကပ်လာသောအခါ နေသည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်အရ နေဝင်ရာ အနောက်အရပ်မှ ပြောင်းပြန်ပြန်လည်ထွက်လာပေမည်။ ထိုသည့်အချိန်မှစ၍ (တောင်ဗာဟ်) ဝန်ချတောင်းပန်ခြင်း၏ တံခါးပိတ်သွားပေမည်။ (ဝါ) ဝန်ချတောင်းပန်ခွင့် ရှိတော့မည်မဟုတ်ပေ။ ။

လျှို့ဝှက်ရတနာသိုက်

လျှို့ဝှက်ရတနာသိုက်

ဟဇ်ရသ်ဗာယဇီးဒ်ဘွစ်သွာမီ ပါဒရီ အံမ့ခန်းမေးမြန်းခန်း

ဟဇ်ရသ်ဗာယဇီးဒ်ဘွစ်သွာမီ ပါဒရီ အံ့ခန်းမေးမြန်းခန်း

လူ့လောကသို့ ဘေးဒုက္ခပေါင်းစုံ ယူဆောင်ခဲ့သော ဒါဝင်ဝါဒ

လူ့လောကသို့ ဘေးဒုက္ခပေါင်းစုံ ယူဆောင်ခဲ့သော ဒါဝင်ဝါဒ

ကျောက်ခေတ်ဟူသည် သမိုင်းလိမ်လည်မှုတစ်ခုဖြစ်၏။

ကျောက်ခေတ်ဟူသည် သမိုင်းလိမ်လည်မှုတစ်ခုဖြစ်၏။

Sunday, July 11, 2010

မန်ဇိလ် ဒိုအာအေအနပ်စ်နှင့် ဒိုအာအေကအဖ်

မန်ဇိလ် ဒိုအာအေအနပ်စ်နှင့် ဒိုအာအေကအဖ်

စွန္နသ်တော်နှင့်အညီ အစ္စသိခါရဟ်ပြုနည်း

စွန္နသ်တော်နှင့်အညီ အစ္စသိခါရဟ်ပြုနည်း

အံ့ဘွယ် ဟမ်ဇားဒ်

အံ့ဘွယ် ဟမ်ဇားဒ်

Saturday, July 10, 2010

ကွဲလွဲခြင်းသည် ရဟ်မသ် ကွဲပြဲခြင်းသည် အဇားဗ် (အပိုင်း-၁)

ကွဲလွဲခြင်းသည် ရဟ်မသ် ကွဲပြဲခြင်းသည် အဇားဗ် (အပိုင်း-၁)

သိရ်မိဇီ-ဟဒီးဆ်ကျမ်း (အာရဗီ-မြန်မာ) အစ္စလာမ့် လူမှုဆက်ဆံရေး

Islamic Social Etiqutte

ကုရ်အာန် ဒိုအာ ကုထုံးများ

ကုရ်အာန် ဒိုအာ ကုထုံးများ

အစ္စလာမ်သာသနာတော်နှင့် မုတ်ဆိတ်ထားခြင်း(၂)

အစ္စလာမုအလိုင်ကွမ်ဝရဟ်မသုလ်လာဟိ ဝဗရကဟ်

မုစ်လင်မ်များ မုတ်ဆိတ်ထားဖို့ ကိုယ်တော်မြတ် ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ရဲ့အမိန့်ကို ဆွဟီးဟ်ဗုခါရီ ကျမ်းလာ ဟဒီးဆ် တော်တစ်ပုဒ် နဲ့ အထောက်အထားပြုတင်ပြခဲ့ပါတယ်။ ဒီတစ်ခါတော့
ဆွဟီးဟ် မုစ်လင်မ် ကျမ်းလာ ဟဒီးဆ်တော်နှစ်ပုဒ်ကို တင်ပြပေးပါ့မယ်။ အဲဒီဟဒီးဆ်တော်တွေကတော့...........

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့သည်မှာ.........
"နှုတ်ခမ်းမွေးကို တိုတိုညှပ်ကြ၊ မုတ်ဆိတ်ထားကြ၊ မီးကိုးကွယ် သည့်သူများနှင့် မတူညီအောင်ပြုကြ။"

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ်လာဟုသအာလအန်ဟု)။
ကျမ်း-ဆွဟီးဟ် မုစ်လင်မ် ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊၊ ဟဒီးစ်အမှတ် (၅၀၁)။

ဆိုတော့ ဒီဟဒီးစ်တော်မှာလည်းပဲ နှုတ်ခမ်းမွေးကို တိုတိုညှပ်ကြပြီး၊ မုတ်ဆိတ်ထားကြဖို့
ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အမိန့်ပေးခဲ့တာကို သိရပါတယ်။

နောက်ဟဒီးစ်တော်တစ်ပုဒ်က..............

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။
ဆယ်မျိုးသောအပြုအမူတို့သည် သဘာဝအရ ပင်ဖြစ်သည်။ (၎င်းတို့မှာ)-
၁။ နှုတ်ခမ်းမွေးကိုညှပ်ခြင်း၊ ၂။ မုတ်ဆိတ်ထားခြင်း၊ ၃။ သွားတိုက်တံအသုံးပြုခြင်း (သွားတိုက်ခြင်း) ၊ ၄။ နှာခေါင်း
တွင်းရေထည့်ခြင်း (ဆေးခြင်း)၊ ၅။ လက်သည်း၊ခြေသည်းညှပ်ခြင်း၊ ၆။ လက်ချောင်းများကြားကိုဆေးကြောခြင်း၊ ၇။ ဂျိုင်းကြားရှိအမွေးအမျှင်များအား နှုတ်ပယ်ခြင်း၊ ၈။ ဆီးခုံမွေးအားရိတ်ပယ်ခြင်း၊ ၉။ အင်္ဂါဇာတ် ကို ရေနှင့်ဆေးကြောသန့်ရှင်းစေခြင်း၊ ဆင့်ပြန်သူ တစ်ဦးက "ကျွန်တော်သည်၁၀ ခုမြောက်သော အချက် ကို မေ့နေပါပြီ။ သို့သော် ဖြစ်နိုင်ခြေရှိသည့် အချက်မှာ ပါးစပ်ကို ပလုတ်ကျင်း ဆေးကြောခြင်း ဖြစ်သည် (ဟုထင်ပါသည်)။

ဆင့်ပြန်သူ-အာအိရှဟ် (ရသွီယလ္လာဟုသအာလာအန်ဟာ)။
ကျမ်း-ဆွဟီးဟ် မုစ်လင်မ် ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် (၅၀၂)။

မုတ်ဆိတ်ထားခြင်း ဟာ အထွေအထူးငြင်းခုံနေရမယ့် ကိစ္စတစ်ရပ်မဟုတ်ဘဲ သဘာဝအရကို ပြုကျင့်ရမယ့် ကိစ္စပါ။ သွားတိုက်ခြင်း ၊ နှာခေါင်းတွင်းဆေးခြင်း ၊လက်သည်း၊ ခြေသည်းညှပ်ခြင်းစတဲ့ အပြုအမူတွေလိုပါဘဲ။ ဆက်လက်ပြီး အခြား ဟဒီးစ်ကျမ်းများလာ မုတ်ဆိတ်ထားခြင်းဆိုင်ရာ ဟဒီးစ်တော်အချို့ကို ရေးသားတင်ပြ
သွားပါ့မယ်ခင်ဗျား။ ပညာရှင် အတော်များများက ဆွဟီးဟ်ဗုခါရီ နဲ့ ဆွဟီးဟ်မုစ်လင်မ် နောက်......အီမာမ်
အဗူအီစာမုဟမ္မဒ်သိရ်မိဇီ သခင်ကြီး (ရဟ်မသုလ်လာအလိုင်ဟိ) စီစစ် စုဆောင်းပြုစုခဲ့တဲ့ ဂျာမိအုသ်သိရ်မိဇီ
ကျမ်းကို အခိုင်မာဆုံးလို့သတ်မှတ်ကြပါတယ်။ ကျမ်းရှင် အီမာမ်ကြီးဟာ အီမာမ်ဗုခါရီ ရဟ်မသုလ်လာအလိုင်ဟိ)
ရဲ့ တပည့်ကျော်ကြီးတစ်ဦးလည်းဖြစ်ပြီး ပညာအရှိန်အဝါအလွန်ကြီးတဲ့ မုဟဒ္ဒိစ် များထဲက တစ်ဦးအပါအဝင်ပါ။
ဟဒီးစ် ဖော်ပြပါ့မယ်..........

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။ "နှုတ်ခမ်းမွေးများကို တိုအောင်ညှပ် (ဖြတ်) ကြ၊ ၎င်းပြင် မုတ်ဆိတ် ထားကြ။"

ဆင့်ပြန်သူ-အိဗ်နိအုမရ် (ရသွီယလ်လာဟုသအာလာအန်ဟုမာ)
ကျမ်း-ဂျာမိအုသ်သိရ်မိဇီ၊ အတွဲ (၂)၊ ကောင်းသောအမူအကျင့်ပုံစံများ ကျမ်းငယ်၊ ဟဒီးစ်အဆင့်အတန်း ဆွဟီးဟ်၊ဟဒီးစ်အမှတ် ၆၂၂။

အောက်ဖော်ပြပါ ဟဒီးစ် ကတော့ မုဟဒ္ဒိစ်ကြီး အီမာမ် အဗူဒါဝုဒ် စုလိုင်ယ်မာန် အိဗ်နိ အရှအသ်
အတ်စ်စဂျိစ်သာနီ (ရဟ်မသုလ်လာအလိုင်ဟိ) သခင်ကြီး စီစစ် စုဆောင်းပြုစုခဲ့တဲ့ စုနန်အဗူဒါဝုဒ်
ဟဒီးစ်ကျမ်းလာ ဟဒီးစ်တော်တစ်ပုဒ်ပါ။

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အမိန့်ပေးခဲ့ပါသည်။
""နှုတ်ခမ်းမွေးများကို ညှပ် (ဖြတ်) ကြ၊ ၎င်းပြင် မုတ်ဆိတ် ထားကြ။"

ဆင့်ပြန်သူ-အိဗ်နိအုမရ် (ရသွီယလ်လာဟုသအာလာအန်ဟုမာ)
ကျမ်း-စုနန်အဗူဒါဝုဒ်၊ ကျမ်းငယ်အမှတ် (၂၈) ခေါင်းဖြီးခြင်းအမှုဆိုင်ရာ ကျမ်းငယ်၊ ဟဒီးစ်အမှတ် (၄၁၈၇)။

ထပ်ပြီး ဖော်ပြပါ ဦးမယ် ခင်ဗျာ။ မုဟဒ္ဒိစ် ကြီး အီမာမ် အဗူအဗ်ဒုရ်ရဟ်မာန် အဟ်မဒ်အိဗ်နိ ရှုအိုင်ယ်ဗ် အိဗ်နိအလီ အိဗ်နိစိနန် အိဗ်နိ ဗဟ်ရ် အိဗ်နိဒီနာရ် အလ်ခုရာစာနီ(အီမာမ် နိစာအီ) (ရဟ်မသုလ်လာအလိုင်ဟိ) သခင်ကြီး
စီစစ် စုဆောင်းပြုစုခဲ့တဲ့ စုနန် နိစာအီ ကနေထုတ်နှုတ် တင်ပြမှာပါ။

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။

"နှုတ်ခမ်းမွေးများကိုတိုအောင်ညှပ် (ဖြတ်) ကြ၊ ၎င်းပြင် မုတ်ဆိတ် ထားကြ။"

ဆင့်ပြန်သူ-အိဗ်နိအုမရ် (ရသွီယလ်လာဟုသအာလာအန်ဟုမာ)
ကျမ်း-စုနန် နိစာအီ၊ အတွဲ (၁)၊ သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၁၅)။

ဆွိဟာစစ်သဟ် (ခေါ်) ဟဒီးစ်ကျမ်းကြီး ခြောက်ကျမ်းအနက် ငါးကျမ်းလာ ဟဒီးစ်တော်များကို တင်ပြပြီး
ပါပြီ။ ယခု တစ်ခါ ဆွိဟာစစ်သဟ် ထဲက ကျန်နေသေးတဲ့၊ မုဟဒ္ဒိစ် ကြီး အီမာမ် အဗူအဗ်ဒုလ္လာဟ် မုဟမ္မဒ် အိဗ်နိ
ယဇီးဒ် အိဗ်နိ မာဂျဟ် အရ်ရဘီ အလ်ကဇ်ဝိနီ (အီမာမ်အိဗ်နိမာဂျဟ်) (ရဟ်မသုလ်လာအလိုင်ဟိ)
သခင်ကြီး စီစစ် စုဆောင်းပြုစုခဲ့တဲ့ စုနန်အိဗ်နိမာဂျဟ် ဟဒီးစ်ကျမ်းက ဟဒီးစ်တစ်ပုဒ်ကို တင်ပေးပါ့မယ်။
ဒီဟဒီးစ်တော်က တော့ အထက်ပို့စ်မှာ တင်ပြခဲ့တဲ့ ဆွဟီးဟ် မုစ်လင်မ် ကျမ်းလာ ဟဒီးစ်တော်အတိုင်းပါဘဲ။

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။
ဆယ်မျိုးသောအပြုအမူတို့သည် သဘာဝအရ ပင်ဖြစ်သည်။ (၎င်းတို့မှာ)- ၁။ နှုတ်ခမ်းမွေးကို
ညှပ်ခြင်း၊ ၂။ မုတ်ဆိတ်ထားခြင်း၊ ၃။ သွားတိုက်တံအသုံးပြုခြင်း (သွားတိုက်ခြင်း) ၊ ၄။ နှာခေါင်း
တွင်းရေထည့်ခြင်း (ဆေးခြင်း)၊ ၅။ လက်သည်း၊ခြေသည်းညှပ်ခြင်း၊ ၆။ လက်ချောင်းများကြားကို
ဆေးကြောခြင်း၊ ၇။ ဂျိုင်းကြားရှိအမွေးအမျှင်များအား နှုတ်ပယ်ခြင်း၊ ၈။ ဆီးခုံမွေးအားရိတ်ပယ်ခြင်း၊
၉။ အင်္ဂါဇာတ် ကို ရေနှင့်ဆေးကြောသန့်ရှင်းစေခြင်း၊ ဆင့်ပြန်သူ ရာဝီ တစ်ဦး ဖြစ်သော ဇိကိရိယာ
က- မုဆ်အဗ် (ဇိကိရိယာအထက်ရာဝီ) ကပြောသည်မှာ-"ကျွန်တော်သည် ၁၀ ခုမြောက်သော အချက် ကိုမေ့နေပါပြီ။ သို့သော် ဖြစ်နိုင်ခြေရှိသည့် အချက်မှာ ပါးစပ်ကိုပလုတ်ကျင်း ဆေးကြောခြင်း ဖြစ်သည်
(ဟုထင်ပါသည်)။

ဆင့်ပြန်သူ-အာအိရှဟ် (ရသွီယလ္လာဟုသအာလာအန်ဟာ)။
ကျမ်း-စုနန်အိဗ်နိမာဂျဟ်၊ အတွဲ (၁) ၊ သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊ ကျမ်းငယ်အမှတ် (၁)၊
ဟဒီးစ် အမှတ် (၂၉၃)။

မာရှာအလ္လာဟုသအာလာ၊ မုတ်ဆိတ်ထားခြင်းဟာ အစ္စလာမ်သာသနာ မှာ အလွန်အခြေခိုင်လှတဲ့ အမိန့်တော်
တစ်ရပ်ဆိုတာကို ဆွိဟာစစ်သဟ် ခြောက်ကျမ်းစလုံးထဲကနေ ကျွန်တော်ထုတ်နှုတ်တင်ပြ အထောက်
အထားပေးပြီးပါပြီ။ ဆွိဟာစစ်သဟ်အပြင်အခြားဟဒီးစ်ကျမ်းတွေကနေလည်း တင်ပြနိုင်ပါသေးတယ်။
ဒါပေမယ့် တင်ပြခဲ့တဲ့ ဟဒီးစ်တွေဟာ အထောက်အတားပြုဖို့လိုအပ်တာထက် ပိုလျှံလို့နေပါပြီ။ ကျွန်တော်ဒီပို့စ်စရေးတုန်းက ဖွေကဟ် နဲ့လည်းတင်ပြမယ်လို့ရေးခဲ့ပါတယ်။ ဖွေကဟ်၊ ဖသာဝါတွေ၊ မုတ်ဆိတ်ထားတဲ့ကမ္ဘာ့ပညာရှင်ကြီးတွေရော၊ မြန်မာပြည်ကပညာရှင်ကြီးတွေရဲ့ အမည်တွေပါ စီတန်း
ရေးပြ ပြီးဓာတ်ပုံတွေပါ တင်ဖို့အထိအစီအစဉ်ရှိခဲ့တာပါ။ ကိယားစ်လုပ်ထားတာတွေလည်းရေးပြမလို့ပါ။ သို့သော်လည်း တင်ပြခဲ့တဲ့ ဟဒီးစ် တွေဟာ အထောက်အတားပြုဖို့လိုအပ်တာထက်ပိုလျှံလို့နေပါပြီ။

မုစ်လင်မ် ညီအစ်ကိုတော်တွေကို အကြံတစ်ခုတော့ပေးချင်ပါတယ်။ အဲဒါဟာဘာလဲဆိုတော့
အကြောင်းအမျိုးမျိုးကြောင့် မုတ်ဆိတ်မထားနိုင်သူတွေ၊ မထားချင်သူတွေ၊ မထားသေးသူတွေ
အနေနဲ့ မုတ်ဆိတ်ထားခြင်းကို မဆန့်ကျင်ကြပါနဲ့၊ မလှောင်ပြောင်ကြပါနဲ့၊ မကဲ့ရဲ့ကြပါနဲ့။
နဗီကိုယ်တော်တိုင်ပေးခဲ့တဲ့ အမိန့်တော်တစ်ရပ်မို့လို့ပါ။ မုတ်ဆိတ်မထားနိုင်တဲ့အတွက်
နဗီရဲ့အမိန့်ကို ဆန့်ကျင်ပုန်ကန်နေတာမဟုတ်ကြောင်း အမြဲနှလုံးသွင်းကြပါ။ "အင်န်ရှာအလ္လာဟ်
မသေခင်တစ်နေ့ထားမယ်" လို့အမြဲနီယသ်ထားကြပါ။ ထားနိုင်အောင်လည်း အလ္လာဟ့်ထံမှာ
အမြဲတမ်း ဒုအာပြုနေပါ။ မထားနိုင်သ၍လည်းအလ္လာဟ်ထံတော်ပါးမှာ အမြဲ မဂ်ဖွိရသ် တောင်းခံနေပါ။
ရှိရ်က် လုပ်တဲ့သူ (ပုန်ကန်တဲ့သူ) ကလွဲလို့ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိရင်
ခွင့်လွှတ်တော်မူနိုင်ပါတယ်။ (ကုရ်အာန် ၄:၄၈) ကိုကိုးကားတာပါ။

(ရယ်စရာ- တရုတ်လူမျိုးတွေမှာ မုတ်ဆိတ်မပေါက်ဘူးလို့ ကျွန်တော့်ကို လာမပြောမိပါစေနဲ့၊
"ရှိမာ? ဟောင်ဝ်? လို့ပြန်ပြောပြီး တရုတ်သိုင်းကား တွေကြည့်ခိုင်းလိုက်ပါ့မယ်၊ မြန်မာပြည်
မှာ မုတ်ဆိတ်ထားရင် အဆင်မပြေဘူးလို့လည်းလာမပြောမိပါစေနဲ့၊ အဆင်ပြေနေတဲ့
ဇော်ဝင်းထွဋ် တို့ ရင်ဂို တို့ ကုသိုလ် တို့ကို ကြည့်ပါလို့ ကျွန်တော်ပြောမိပါလိမ့်မယ်။)

ဒီခေါင်းစဉ်ကို ဒီတင်ဘဲ ရပ်နားခွင့်ပြုပါ။

အစ္စလာမ်သာသနာတော်နှင့် မုတ်ဆိတ်ထားခြင်း

အစ္စလာမုအလိုင်ကွမ်ဝရဟ်မသုလ်လာဟိ ဝဗရကဟ်
မုစ်လင်မ် ဆိုက်ရီဒါများ အကျိုးရှိစေဖို့ အစ္စလာမ်သာသနာ ကပြဌာန်းထားတဲ့ "မုတ်ဆိတ်ထားရခြင်း"
ဆိုတဲ့ မုစ်လင်မ် တို့ရဲ့သာသနာ့အထိမ်းအမှတ်၊ သာသနာ့သင်္ကေတ၊ သာသနာ့လက္ခဏာ ကို ကုရ်အာန်၊ ဟဒီးစ်၊ ဖွေကာ၊ အိဂ်ျမာ၊ ကိယားစ် အထောက်အထားတွေနဲ့ အခန်းဆက်ရေးသား တင်ပြသွားပါ့မယ်။ သာသနာ့စိတ်ဓာတ် တစ်ကယ်ရှိကြတဲ့ မုစ်လင်မ် များ သာသနာ့ အသိတရားတိုးပွါးပြီး သာသနာ့ကျင့်စဉ်
တွေ ကိုအားတက်သရော ကျေကျေနပ်နပ်ကြီးကျင့်သုံးဆောက်တည်နိုင်တဲ့ ဘဝပိုင်ရှင်တွေဖြစ်ကြပါစေလို့ ကြီးကျယ်မြင့်မြတ်တော် မူလှသော အလ္လာဟ်အရှင်မြတ်ထံတော်ပါးကျိုးနွံစွာဆုမွန်တောင်း၍ စကြဝဠှာခပ်
သိမ်း အတွက် ကရုဏာတော်တစ်ရပ် အဖြစ်စေလွှတ်တော်မူခြင်းခံရသောကိုယ်တော် မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အားဆွလဝါးသ်စလားမ်ပို့သရင်း.........

ဦးစွာပထမ "မုတ်ဆိတ်" ဟူသော စကားရပ်၏ အဓိပ္ပါယ် ကို မြန်မာဘာသာစကား၊ အာရဗီဘာသာ စကားနှင့် အင်္ဂလိပ်ဘာသာစကား တို့တွင်မည်သို့ဖွင့်ဆိုထားသည်ကိုရှင်းလင်းပြပါမည်။"မုတ်ဆိတ်" ဟူသော စကားရပ် ၏အဓိပ္ပါယ်ကို ပညာရေးဝန်ကြီးဌာနမြန်မာစာအဖွဲ့ဦးစီးဌာနမှထုတ်ဝေသော မြန်မာအဘိဓာန်တွင် "မုတ်ဆိတ်-နာမ်၊ မေးဖျားတစ်ဝိုက်တွင်ပေါက်သောအမွေးအမှင်။" ဟုဖွင့်ဆိုထားပါသည်။

မုတ်ဆိတ်ကို အာရဗီဘာသာဖြင့် "လိဟ်ယာဟ်" ဟုခေါ်ပါသည်။ "လဟ်ရွန်" (မေးရိုး) ဟူသော ပုဒ် နှင့် "လဟ်ယာန်" (မေးရိုးနှစ်ခု) ဟူသောပုဒ်တို့မှ ဆင်းသက်လာသည်ဖြစ်၏။ "မုတ်ဆိတ်" (လိဟ်ယာဟ်)
ဟူသည် ပါးပြင်နှင့် မေးရိုးပေါ်တွင် ပေါက်သောအမွေးအမှင်တို့ကိုခေါ်သည်ဟု အိဗ်နိမန်ဇူးရ် ပြုစုသော လိစာနုလ်အရဗ် နှင့် အလ်ဖွေရိုးဇ်အာဘာဒီပြုစုသောအလ်ကာမူစုလ် မုဟစ် အာရဗီအဘိဓာန် ကျမ်းတို့
တွင် ဖော်ပြထားပါသည်။

မုတ်ဆိတ်ကိုအင်္ဂလိပ်ဘာသာဖြင့် "ဘိအဒ်" (Beard) ဟုခေါ်ပြီး၊ အော့ခ်စ်ဖိုဒ် အဘိဓာန် တွင် "hair that
grows on the chin and cheeks of a man’s face; similar hair that grows on some animals" လို့ဖွင့်ဆိုထားပါတယ်။ ဝက်ဘ်စတားစ် အဘိဓာန်ကတော့ "the hair that grows on a man's face
often excluding the mustache" လို့ဖွင့်ဆိုထားပါတယ်။
ခုလိုဘာသာစကားသုံးမျိုးက မုတ်ဆိတ် ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုပြီးပြီဆိုတော့ ရှေ့ဆက်ကြရအောင်။ဒီတော့ ကုရ်အာန် ကျမ်းတော်မြတ် က မုတ်ဆိတ်ထားခြင်း နဲ့ပတ်သတ်ပြီး ဘယ်လို မိန့်ဆိုထားလဲ ဆိုတာလေ့လာမယ်ဆိုရင်......... ကုရ်အာန် ကျမ်းတော်မြတ် မှာ မုတ်ဆိတ်နဲ့ပတ်သတ်ပြီး မိန့်ဆိုထားတဲ့ အာယဟ်တော် တစ်ခုဘဲရှိပါတယ်။ အဲဒီအာယဟ်တော်ကလည်း "မုတ်ဆိတ်ထားဖို့"၊ "မုတ်ဆိတ်မထားဖို့" ညွှန်ကြားတဲ့၊ အားပေးတဲ့ အာယဟ် မဟုတ်ပါဘူး။ စူရဟ် ၂၀၊ အာယဟ်တော် ၉၄ ပါ။ လေ့လာကြည့်ကြပါ။ ဒီတော့ ကုရ်အာန် ကျမ်းတော်မြတ် မှာ "မုတ်ဆိတ်ထားဖို့"၊ "မုတ်ဆိတ်မထားဖို့" တိုက်ရိုက်ညွှန်ကြားချက် မရှိပါဘူး။ဒါပေမယ့် ဒီအာယဟ် တော် အရသိရတာက တမန်တော်ဟာရူန် (အလိုင်ဟိစ္စလာမ်) မှာ မုတ်ဆိတ် ရှိတယ်၊ တမန်တော်ဟာရူန် (အလိုင်ဟိစ္စလာမ်)ဟာမုတ်ဆိတ်ထားသူတစ်ဦးဖြစ်တယ်ဆိုတာပါဘဲ။ ဆိုတော့ မေးချင်သူတွေဘက်က မေးစရာပေါ်လာနိုင်တယ်။ "
ဒါဆို ကုရ်အာန် ကျမ်းတော်မြတ်မှာ မုတ်ဆိတ်ထားဖို့ညွှန်ကြားချက်၊ အမိန့်တော်မပါဘူးပေါ့ ?"ဒီတော့ အဖြေက "ဟုတ်ပါတယ်၊ ကုရ်အာန် ကျမ်းတော်မြတ် မှာ "မုတ်ဆိတ်ထားဖို့"၊ "မုတ်ဆိတ်မထားဖို့" တိုက်ရိုက်ညွှန်ကြားချက် မရှိပါဘူး"။ ကုရ်အာန် ကျမ်းတော်မြတ် မှာ တိုက်ရိုက် ညွှန်ကြားချက် မပါပေမဲ့ အစ္စလာမ်သာသနာတော်မှာ မပြုမနေရ ဖွရဇ် အဖြစ်သတ်မှတ် ကျင့်သုံးရတာတွေ အများကြီးပါ။ ဥပမာ တွေတော့ မလိုအပ်ဘူး ထင်လို့မပေးတော့ပါဘူး။ ကုရ်အာန် ကျမ်းတော်မြတ် မှာတိုက်ရိုက် ညွှန်ကြားမှုမျိုး မရှိတဲ့ အခါ ကိုယ်တော်မြတ်ရဲ့ ညွှန်ကြားချက်တွေ ကို လိုက်နာဖို့တာဝန်ရှိပါသေးတယ်။ဘာလို့လဲဆိုတော့ ကိုယ်တော်မြတ်ရဲ့ ညွှန်ကြားချက်တွေ ကို လိုက်နာခြင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တွေကိုလိုက်နာသလို ဖြစ်လို့ပါ။ ဒီ စကားရဲ့ သက်သေက..........ကုရ်အာန် ကျမ်းတော်မြတ် စူရဟ် ၄ အာယဟ်တော် ၈၀ မှာ အလ္လာဟ်အရှင်မြတ်က ခုလို အမိန့်ပေးတော်မူထားပါတယ်။မြန်မာဘာသာပြန်က -
"မည်သူမဆို ရစူလ်တမန်တော်၏ အမိန့်တော်များကို လိုက်နာပါလျှင်၊ ထိုသူသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ် ၏အမိန့်တော်များကို လိုက်နာသည်မည်၏။ သို့ရာတွင် မည်သူမဆို(အသင်၏အမိန့်များကို သွေဖည်၍) မျက်နှာလွဲဖယ်သွားပါမူ (အသင်၏တာဝန်မဟုတ်ချေ) ငါအရှင်မြတ်သည် အသင့်အား ထိုသူတို့ အပေါ်၌ (တာဝန်ခံ) အုပ်ထိန်းသူ အဖြစ် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။”
ဘာသာပြန်ဆိုသူ- မုဖတ်စိရုလ်ကုရ်အာန် အလ္လာမဟ် သီရိပျံချီ ဃာဇီမုဟမ္မဒ် ဟာရှင်မ် (တာဝန်ခံဘာသာပြန်မှူး) (ရဟ်မသုလ်လာအလိုင်ဟိ)
ဒီအာယဟ်တော်အရ သိရတာက ကိုယ်တော်မြတ်ရဲ့ အမိန့်တော်တွေကို လိုက်နာခြင်းဟာလည်းဘဲ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တွေကိုလိုက်နာသလိုဘဲ ဆိုတာကိုပါ။ တစ်ခါ စူရဟ် ၃၃ အာယဟ်တော်
၂၁ မှာ ဘယ်လို မိန့်တော်မူထားသလဲဆိုတော့..........မြန်မာဘာသာပြန် -
"ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ နောက်ဆုံးနေ့ကို လည်းကောင်း၊ ကြောက်ရွံ့သည့် ပြင် အလ္လာဟ်အရှင်မြတ် အားများစွာ အောက်မေ့တသ သတိရလျက် ရှိသူ၏ အဖို့အလ္လာဟ်အရှင်မြတ် ၏ ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော စံနမူနာ သည်ရှိပေသည်။"
ဘာသာပြန်ဆိုသူ- မုဖတ်စိရုလ်ကုရ်အာန် အလ္လာမဟ် သီရိပျံချီ ဃာဇီမုဟမ္မဒ် ဟာရှင်မ် (တာဝန်ခံဘာသာပြန်မှူး) (ရဟ်မသုလ်လာအလိုင်ဟိ)
ဒီတော့ ကိုယ်တော်မြတ်ထံတော်မှာ အကောင်းဆုံးသော စံနမူ နာ ရှိတယ်ဆိုတာကိုလဲ အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်ကသက်သေထွက်ဆိုသလို အမိန့်လည်းပေးထားပါတယ်။

ဒီတော့ တင်းပြည့်ကျပ်ပြည့်တဲ့ မုစ်လင်မ် တစ်ယောက်ဖြစ်ချင်ရင် အလ္လာဟ့်ရဲ့အမိန့်တော်အရကိုယ်တော်မြတ် ရဲ့အမိန့်တော်တွေကိုလိုက်နာရပါမယ်၊ ကိုယ်တော်မြတ် ကို စံနမူနာထားရပါမယ်။ဒါဟာ မပြုမနေ ရတာဝန်ပါ။ အလ္လာ့ဟ် အမိန့်ကို ဆန့်ကျင်ရင် ၊ လက်မခံရင် အဲဒီလူ ဟာ မုစ်လင်မ် မဟုတ်တော့ပါဘူး။အလ္လာ့ဟ် အမိန့် ကို မဆန့်ကျင် ဘဲ ယုံကြည်လက်ခံသော်လည်း အမိန့်ကိုလိုက်နာသမှုမပြုနိုင်ရင် တော့ မုစ်လင်မ် အဖြစ်ကနေ ကျဆင်းမသွားပါဘူး။ သို့သော် အမိန့်တော်မလိုက်နာတဲ့အတွက် အပြစ် ဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန် ရဲ့အာယဟ်တော်နောက်တစ်ခုကိုလည်း တင်ပြပါဦးမယ်။ ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် ၄၊ အာယဟ်တော် ၁၁၅ မှာ အလ္လာဟ်အရှင်မြတ်က...........မြန်မာဘာသာပြန် -
သို့ရာတွင် မည်သူမဆို မိမိအဘို့ တရားဓမ္မလမ်းစဉ်သည်ထင်ရှားခဲ့ပြီး နောက် ရစူလ်တမန်တော်ကို ဆန့်ကျင်အံ့၊ ၎င်းပြင် ထိုသူသည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့၏ လမ်းစဉ်မှအပ အခြား လမ်းစဉ်ကို လိုက်နာအံ့၊ သို့ဖြစ်လျှင်ငါအရှင်မြတ်သည် ထိုသူအား ၎င်းကိုယ်တိုင် လှည့်ရာဘက်သို့ လှည့်ပေးတော်မူအံ့။ ထို့နောက်တဖန် ငါအရှင်မြတ် သည်ထိုသူအား ဂျဟန္နမ်ငရဲဘုံသို့ ထည့်သွင်းတော်မူအံ့။ စင်စစ် ထို ဂျဟန္နမ် ငရဲဘုံသည် အလွန်ယုတ်ညံ့လှသောပြန်လည်ရာဌာန ပင်ဖြစ်ပေသည်။
ဘာသာပြန်ဆိုသူ- မုဖတ်စိရုလ်ကုရ်အာန် အလ္လာမဟ် သီရိပျံချီ ဃာဇီမုဟမ္မဒ် ဟာရှင်မ် (တာဝန်ခံဘာသာပြန်မှူး) (ရဟ်မသုလ်လာအလိုင်ဟိ)
အထက်ပါ အာယဟ်တော်မှာ မိန့်ဆိုထားတဲ့ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ လမ်းစဉ် ဆိုတာက ကိုယ်တော်မြတ် ကိုယ်တော်တိုင် လျှောက်လှမ်းပြသခဲ့ပြီး အဆ်ွဟာဗ် တော်တွေ ကဖဝါးခြေထပ်နင်း လျှောက်ခဲ့ကြတဲ့ လမ်းပါ။ တစ်နည်းအားဖြင့် ပြောရရင် စုန္နသုန္နဗီ ပါ ၊ သွရီကသုလ်ရစူလ်ပါ။။ ကဲ ဒီတော့ နဗီရဲ့စုန္နဟ် ဟာ မုစ်လင်မ်တွေအပေါ်မှာ ဘယ်လို တာဝန်ရှိ နေလဲဆိုတာ သိသွားကြပါပြီ။ ဒီတော့ စုန္နဟ် တော်တွေဟာ ဘယ်မှာရှိလဲ? ဘယ်ကရမလဲ? ရှိပါတယ်။ဟဒီးစ်တော်တွေပါ။ ဟဒီးစ်တော်တွေ မှာ ကိုယ်တော်မြတ်ကြီးရဲ့ စုန္နဟ်တော်တွေကို မှတ်တမ်းတင်ထားတာတွေအများကြီးရှိပါတယ်။ (စစ်မှန်တဲ့ (ဆွဟီးဟ်) ဟဒီးစ် တော်တွေကို လုံးဝ လက်မခံဘူးဆိုသော မုစ်လင်မ် များနှင့် ဟဒီးစ် တော်တွေကို စော
ဒက တက်ပြီး ရွေးချယ်လက်ခံ တတ်တဲ့ မုစ်လင်မ် တွေ လာရောက်ဆွေးနွေးချင်ရင် ကြိုဆိုပါတယ်။ အဲဒီအခါကျမှ ဟဒီးစ် အကြောင်းအသေးစိတ်ရေးပါ့မယ်။) ဆိုတော့ ဟဒီးစ် တော်တွေကတစ်ဆင့်"မုတ်ဆိတ်ထားခြင်း" ဆိုတဲ့ သာသနာ့ အထိမ်းအမှတ် ကိုညွန်ကြားတဲ့ စုန္နဟ်တော်တွေကို လေ့လာကြပါစို့လား။
စုန်နသ်တော်တွေကို တန်ဖိုးထားကျင့်သုံးတဲ့ မုစ်လင်မ် ပညာရှင် တွေရဲ့ အကြား အလွန်ကျော်ကြားတာက အီမာမ်မုဟမ္မဒ် ဘင်န် အိစ်မာအီးလ် ဘင်န် အလ်မုဂီရဟ် အလ်ဗုခါရီ (ရဟ်မသုလ်လာအလိုင်ဟိ)
(၁၉၄ A.H-၂၅၆ A.H)ပြုစုခဲ့တဲ့ ဆွဟီးဟ်ဗုခါရီဟဒီးစ်ကျမ်းဟာ ဟဒီးစ်မှတ်တမ်းကျမ်းတွေထဲမှာ အခိုင်လုံ
ဆုံး ဆိုတာပါ။ အဲဒီဟဒီးစ်ကျမ်းကြီးမှာမုတ်ဆိတ်ထားခြင်း ဆိုတဲ့ စုန္နဟ် ကိုလေ့လာရှာဖွေ ကြည့်လိုက်တော့ ........ ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်တော်မူခဲ့သည်ဟု အိဗ်နိအုမရ် (ရသွီယလ်လာဟုသအာလအန်ဟုမာ)သခင်က ပြောပြခဲ့သည်မှာ-
"မုရှ်ရစ်က်များ၏လုပ်ရပ်များနှင့် မတူညီကွဲပြားအောင်လုပ်ကြလော့၊ မုတ်ဆိတ်ထားကြပြီး နှုတ်ခမ်းမွေးကို
တိုတို ညှပ်ကြ"၊ (ဆင့်ပြန်သူရာဝီကဆက်လက်ပြောပြသည်) အိဗ်နိအုမရ် (ရသွီ) သည်ဟဂ်ျ (သို့) အုမ်ရဟ် ပြုတိုင်း သူ၏မုတ်ဆိတ်ကိုလက်နှင့်ဆုပ်ကိုင်၍ သူ့လက်ဆုပ်ထဲမှ ကျော်လွန်နေသော မုတ်ဆိတ်တို့ကို ဖြတ်
/ ညှပ်ပစ်လေ့ရှိသည်။ အိဗ်နိအုမရ် (ရသွီ) သည်သူ၏နှုတ်ခမ်းမွေးတို့ကို မည်မျှတိုအောင်ညှပ်သနည်းဆိုမူ
သူ့ အရေပြား အဖြူရောင်ပေါ်လာသည် အပေါ်နှုတ်ခမ်းအထက်အသား၏ အရောင်ပေါ်လာသည်
ကိုဆိုလိုသည်) အထိပင်။ ၎င်းပြင်သူသည်နှုတ်ခမ်းမွေးနှင့်မုတ်ဆိတ် အကြားရှိ အမွေးအမှင်တို့
အားလည်းပယ်လေ့ရှိပါသည်။
ဆင့်ပြန်သူ-နာဖိအ်သခင် (ရသွီယလ်လာဟုသအာလအန်ဟု)။ကျမ်း-ဆွဟီးဟ်အလ်ဗုခါရီ၊ အတွဲ (၇)၊ ကျမ်းငယ်အမှတ် (၇၂) ဝတ်စားဆင်ယင်မှုဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် (၇၈၀)။

အထက်ပါ ဟဒီးစ် တော်မှာပါဝင် တဲ့ အိဗ်နိအုမရ် ဆိုတာ အစ္စလာမ့် ဒုတိယခလီဖွာ သမ္မတကြီး အုမရ်
အိဗ်နိ အလ်ခသ်သွားဗ်(ရသွီယလ်လာဟုသအာလအန်ဟုမာ) ရဲ့ သားပါ။ အစ္စလာမ့်ရေးရာတွေ အလွန်ကျွမ်းကျင်တဲ့ ဆွဟာဗဟ်ကြီးတစ်ပါးပါ။ သူကိုယ်တိုင် သက်သေထွက်ဆိုထားတာက ကာဖိရ်
မုရှ်ရိက် တွေနဲ့ မုစ်လင်မ်တွေ ကွဲပြားခြားနား အောင် မုတ်ဆိတ်ထားကြ ပြီး နှုတ်ခမ်းမွေးကို တိုတို
ညှပ်ကြတဲ့။ နဗီရဲ့ "ကောလ်" ပါ။ နဗီရဲ့ နှုတ်ထွက်အမိန့်တော်ပါ။ အထက်မှာ တင်ပြခဲ့တဲ့စူရဟ် ၄ အာယဟ်တော် ၈၀ နဲ့ စူရဟ် ၃၃ အာယဟ်တော် ၂၁ ကို ပြန်လည်သတိရကြပါ။ အိဗ်နိအုမရ်သခင်ကိုယ်တိုင်ကကိုယ်တော်မြတ်ရဲ့ အဲဒီ အမိန့်ကို ပြုကျင့် ခဲ့ပါတယ်။ အိဗ်နိအုမရ်သခင်တင် မဟုတ်ပါဘူး။ ရှိရှိသမျှသော အဆ်ွဟာဗ်တော်တွေ အားလုံးဟာ အဲဒီ အမိန့် ကို လိုက်နာခဲ့ကြပါတယ်။ တစ်ဦးတစ်ယောက်မှစောဒကတက် ငြင်းဆန်ခဲ့တာမျိုး မရှိပါဘူး။

ခဏ နားပါဦးမယ်ခင်ဗျား။

အိမာမ်ကြီးလေးပါးအား သက္ကလီးဒ်ပြုခြင်း

အိမာမ်ကြီးလေးပါးအား သက္ကလီးဒ်ပြုခြင်း

ကုရ်အာန်နားဆင်ရန်

Listen to Quran

Wednesday, July 7, 2010

တမန်တော်မြတ်ကြီး ရဲ့ မိန်းခွန်းတော်

““မိတ်ဆွေအပေါင်းတို့အနေနဲ့သိသင့် သိထိုက်ပါသည်ဟု သိစေချင်သောရည်ရွယ်ဖြင့် မျှဝေလိုက်တာပါ။ တစ်ခြားမိတ်ဆွေများကိုလဲ ဆက်လက်မျှဝေပေးကြပါလို. မေတ္တာရပ်ခံလျှက်””


တမန်တော်အပေါင်း၏ အချုပ်တံဆိပ်တော်ဦးစီးခေါင်းဆောင် ၊ တမန်တော်မြတ်ကြီး
မုဟမ္မဒ်(ဆွ) သက်တော် ၆၃ နှစ်အရွယ် ဇွလ်ဟဂ်ျလ ၈ ရက်နေ့တွင်
နောက်ဆုံးအကြိမ်ဟဂ်ျဝတ်ပြုစဉ် အာရာဖသ် ကွင်းပြင်တော်၌ မိန့်ကြားခဲ့သော
သမိုင်းဝင် မိန့်ခွန်းတော် -

““ ချီးမွမ်းထောမနာခြင်းဟူဟူသမျှသည် အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။
သို့ကြောင့် ကျွန်ုပ်တို့သည် အရှင့်ကို ချီးမွမ်းထောမနာပြုကြပါ၏။
အရှင်မြတ်၏ အခွင့်လွှတ်ခြင်းကို ရှာဖွေကာ အရှင့်ဘက်သို့လှည့်ပါ၏။
ကျွန်ုပ်တို့စိတ်တွင်းရှိ မကောင်းမှုများမှလည်းကောင်း၊
ကျွန်ုပ်တို့လုပ်ကိုင်ဆောင်ရွက်မှုများမှ
ထွက်ပေါ်လာမည့်မကောင်းမှုများမှလည်းကောင်း၊ အရှင်ထံတော်တွင်
ခိုလှုံခွင့်တောင်းခံပါ၏။ ............. ””

အို - လူအပေါင်းတို့၊ ကျွန်ုပ်၏စကားကို နားဆင်ကြပါလော့၊
အဘယ်ကြောင့်ဆိုသော် ဤနှစ်ဟဂ်ျရာသီပြီး၌ ကျွန်ုပ်တို့
ပြန်လည်တွေ့ဆုံနိုင်မည်၊ မတွေ့ဆုံမည်ကို မသိရှိသောကြောင့်ပင်။
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ -

အို - လူခပင်းတို့၊ ငါတို့သည် အသင်တို့အား
ယောက်ျားမိန်းမတစ်ယောက်ဆီမှဖန်ဆင်းခဲ့ပြီး အသင်တို့အချင်းချင်း
တစ်ဦးကိုတစ်ဦးမှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ်
ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ်လဟ်အရှင်မြတ်အား)
ချစ်မြတ်နိုးကြောက်ရွံ့ဆုံးသော၊ အပြစ်များမှ အများဆုံးကြဉ်ရှောင်သော
ဖြောင့်မတ်မှန်ကန်သူသာလျှင် အလ္လာဟ်အရှင်မြတ်ထံတော်ဝယ်
အမြင့်မြတ်ဆုံးသောသူဖြစ်၏။ (ကုရ်အာန် ၄၉း၁၄)

အရှင်မြတ်ထံတော်ပါးတွင်ရှိသည့် သာလွန်မှုမှလွဲ၍ ၊ အာရဗ်တစ်ဦးသည်
အာရဗ်မဟုတ်သူတစ်ဦးထက်သည် သာလွန်သည်မဟုတ်သလို၊ အာရပ်မဟုတ်သူတစ်ဦးသည်လည်း
အာရဗ်တစ်ဦးထက် သာလွန်သည်မဟုတ်။ အဖြူသည်လည်း အမဲထက်မသာလွန်၊ အမဲသည်လည်း
အဖြူထက်သာလွန်သည်မရှိချေ။ လူသားအားလုံးသည် အာဒမ်၏
အဆက်အနွယ်သားမြေးများဖြစ်ကြပြီး ရွှံ့စေးမြေဖြင့်သာ ဖန်ဆင်းခံရ၏။
မျက်မှောင့်ပြုကြလော့၊ သွေးကြွေးကြောင့် လည်းကောင်း၊
ဥစ္စာဓနကြွေးများကြောင့်လည်းကောင်း လက်တုန့်ပြန်မှုအားလုံးကို
ငါ၏ခြေမှောက်ရောက်စေလျက် သင်ပုန်းချေလိုက်ပြီဖြစ်သည်။
ကအ်ဘာကျောင်းတော်ကို ထိန်းသိမ်းခြင်းနှင့် ဟာဂျီများကို ရေပေးဝေခြင်းမှအပ
ကျန်သမျှခပ်သိမ်းကား ကြွင်းကျန်မနေတော့ပြီ။ အို - ကိုရိုက်ရှ်
အမျိုးသားတို့ ၊ အချို့သူများက မိမိတို့၏ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏
ရှေ့တော်မှောက်တွင် နောင်တမလွန်ဘ၀ ဆုလာဘ်တော်များနှင့် ရှိနေစဉ်တွင်
အသင်တို့သည် တရားစီရင်မည့် ထိုသည့်နေ့တော်ကြီးတွင်
ဤလောကီဝန်ထုပ်ဝန်ပိုးများဖြင့် ပြည့်နှက်လျက်ရှိမနေစေလင့်။
ဤသို့သောအခြေအနေတွင် ငါသည် အရှင်မြတ်နှင့်ဆန့်ကျင်လျက်
အသင်တို့နှင့်အတူရှိနေမည်မဟုတ်ချေ။

မျက်မှောက်ပြုကြလော့၊ အတိတ်ခေတ်က အကျင့်ဆိုးအားလုံးသည်
ငါ၏ခြေအောက်ရောက်စေပြီး သင်ပုန်းချေလိုက်ပြီ၊ ချေမှုန်းပစ်လိုက်ပြီဖြစ်၏။
အတိတ်ခေတ်က လက်တုန့်ပြန်မှု၊ သွေးထွက်သံယို ကလဲ့စားချေတိုက်ခိုက်မှုများ၊
ရန်ငြိုးရန်စအားလုံးကို လွတ်ငြိမ်းစေလိုက်ပြီ၊ ဥပက္ခာပြုလိုက်ပြီ၊
သင်ပုန်းချေလိုက်ပြီ၊ ပယ်ဖျက်လိုက်ပြီ။ ..........

အို - လူသားအပေါင်းတို့၊ အမှန်ပင်၊ အသင်တို့သည် အသင်တို့၏
ဇနီးမယားများအပေါ်တွင် အခွင့်အရေးရှိသကဲ့သို့အသင်တို့ဇနီးမယားများသည်လည်း
အသင်တို့အပေါ်အခွင့်အရေးတန်းတူရှိသည်သာ။ အသင်တို့ဇနီးမယားများအား
အိမ်ထောင်ရေးဆိုင်ရာအခွင့်အရေးပေးလျက် ဂုဏ်သိမ်ချီးမြင့်ရန်
အသင်တို့အပေါ်တာဝန်တင်ပြီး သင့်လျော်မှုမရှိသော မမျှတသည့် အမှုမျိုးကို
မကျူးလွန်ကြလင့်။ သို့သော် သူတို့(သင်တို့၏ဇနီးမယားများက စတင်၍)က
ထိုသို့ကျူးလွန်ကြပါလျှင် သူတို့အား အိပ်ယာခွဲရန်နှင့် ပြင်းထန်မှုမရှိသော
အပြစ်ပေးရန် အခွင့်ရှိပေသည်။ အကယ်၍ အသင်တို့ဇနီးမယားများသည် စောင့်စည်း
ထိန်းသိမ်းသော ကာယိနြေ္ဒပိုင်ရှင်များဖြစ်ကြပါလျှင် သူတို့အား အ၀တ်တန်ဆာ
စီလျော်လျောက်ပတ်စွာဆင်ယင်ပေးခြင်းနှင့် ကောင်းမွန်တင့်တယ်စွာ
ကျွေးမွေးခြင်းကို မလင့်ဟင်းကြစေလင့်။

မှတ်သားလော့၊ အသင်ဇနီးမယားတို့အနေဖြင့် အသင်တို့ခင်ပွန်းသည်များ၏
ခွင့်ပြုချက်မရဘဲ ပစ္စည်းတစ်စုံတစ်ရာကို
တစ်ပါးသူအားပေးကမ်းခြင်းမပြုကြလင့်။

မှတ်သားလော့၊ အမျိုးသမီးများအား ကောင်းမွန်သိမ်မွေ့စွာ ဆက်ခံကြလော့။
......... အမျိုးသမီးများနှင့်ပတ်သက်၍မူ အလ်လာဟ်အရှင်မြတ်အား
ကြောက်ရွံ့ကြလော့၊ ဧကန်ပင်၊ အသင်တို့သည် အလ်လာဟ်အရှင်မြတ်၏
လုံခြုံစေခြင်းကာကွယ်မှုအပေါ်မှ သူမတို့အားဆောင်ယူခဲ့ကြသလို အရှင်မြတ်၏
နုတ်ကပါတ်တော်များဖြင့် သူမတို့အား
တရားဝင်စေခဲ့ကြသောကြောင့်ပင်။............

ချေးယူထားသည့် ငွေကြေးအားလုံးကို ပြန်လည်ပေးဆပ်ကြရမည်။ ချေးယူထားသည့်
ပစ္စည်းဥစ္စာများကိုလည်း ပြန်လည်
ပေးဆပ်ကြရမည်။ မိမိရရှိသည့် လက်ဆောင်ပဏ္ဍာများကိုလည်း အတုန့်အလှည့်ဖြင့်
ပြန်လည် လက်ဆောင်ပေးသင့်လေ
သည်။ မိမိတို့ထံ (တစ်စုံတစ်ယောက်က) စိတ်ချယုံကြည်စွာအပ်နှံထားသည်များမှ
အကြောင်းတစ်ခုခုကြောင့် အပ်နှံ
သူတစ်စုံတစ်ရာဆုံးရှုံးခဲ့လျှင် ထိုသူသည် အကောင်းဆုံးပြုလုပ်ပေးခြင်းဖြင့်
အပ်နှံသူကို ကျေနပ်စေရမည်။ .........

အသင်တို့၏ အခိုင်းအစေများနှင့်ပတ်သတ်၍မူ
အသင်တို့ကိုယ်တိုင်စားသောက်သည့်အတိုင်း သူတို့အား
ကျွေးမွေးကြပါလေ။အသင်တို့ဝတ်ဆင်သည့်အတိုင်း သူတို့အား ဆင်ယင်ပေးပါလေ။

ကျွန်ုပ်၏နောက်တွင် လမ်းမှားသို့မလိုက်မိစေရန်လည်းကောင်း၊
တစ်ယောက်၏လည်ကုပ်ကို တစ်ယောက်ညှစ်သကဲ့သို့
သတ်ပုတ်ခိုက်ရန်ဖြစ်ပွားခြင်းမရှိစေရန် စောင့်စည်းထိန်းသိမ်းကြပါလေ။ ............

အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်း မှုတို့မှာ တူကြသည်မဟုတ်ပေ၊
(သို့ဖြစ်ပေရာ) အသင်သည် (မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန်
ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်၏အကြား၌ ရန်ငြိုးရှိ
သော်လည်းထိုသူသည် မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။(ကုရ်အာန် ၄၁း၃၅)

“အိုး” { ညီနောင် အပေါင်းတို.} အသင်တို.သည် အသင်တို.၏ ဘ၀ တကယ့် တိုးတတ်မူ.အစစ်အမှန်ကို အလိုရှိခဲ့ပါက မြတ်ရှင်အလ္လာဟ်နှင့် တမန်တော်မြတ်(ဆွ) အပေါ်ချစ်မြတ်နိုးခြင်းကို အသင်တို. (in the life)မှာ တစ်ပါတည်း ထည်.သွင်း ဘ၀တည်ဆောက်ကြလေကုန်။ iqbal

ကုရ်အာန်သည် အဖော်မွန်



ကုရ်အာန်သည် အဖော်မွန်


ဟဇရသ် ဗုရိုင်ဒဟ် (ရ) ကဆင့်ပြန်ခဲ့သည်။ ကွန်ုပ်သည်တမန်တော်မြတ် (ဆွ) ထံမှ ဤသို့အမိန့်ရှိတော်မူသည်ကို ကြားခဲ့သည်။ကိယာမသ်နေ့တွင် ကုရ်အာန်အမြဲဖတ်လေ့ရှိခဲ့သူသည် မိမိ၏ကဗရ်သင်္ချိုင်းမှ ပြန်ထလာသောအခါ၌ ကုရ်အာန်က ၎င်းသူနှင့် ဤအခြေအနေမျိုးနှင့်တွေ့ဆုံလိမ့်မည်။ အားနည်းပိန်ချုံးနေသည့်အတွက်ကြောင့် မျက်နှာအရောင်ပြောင်းလျှက် ရှိနေမည်။ ၎င်းကုရ်အာန်ဖတ်နေသူအား ဤကုရ်အာန်က လာရောက်တွေ့ဆုံ၍ အသင်ကွန်ုပ်အားမှတ်မိပါ၏လောဟုမေးမြန်းရာ ၎င်းကလည်း မမှတ်မိ မသိရှိကြောင်းဖြေကြားပေလိမ့်မည်။ ဒုတိယအကြိမ် အမေးအဖြေပြီးသွားသာအခါ ကုရ်အာန်က ကျွန်တော်သည်အသင်၏ အဖော်မွန်မိတ်ဆွေ ကုရ်အာန်ကျမ်းမြတ်ပင်ဖြစ်ပါသည်။ ၎င်းသည် အသင့်အားနေခြစ်ခြစ်တောက်ပူပြင်းချိန်၌ ရေအငတ်ထား၍ ညများ၌အသင့်အားနိုးကြားနေစေခဲ့သည်။ (ဆိုလိုသည်မှာ ကုရ်အာန်ကျမ်းလာအမိန့်တော်များအတိုင်း အသင်သည်နေ့တွင် ရိုဇဟ်ဥပုသ်သီလစောင့်ထိန်း၍ ညများ၌ ကုရ်အာန်ကျမ်းမြတ်ကို ရွက်ဖတ်နေခဲ့သည်) ကုန်ရောင်းဝယ်ဖောက်ကားသူတိုင်းသည် မိမိတို့၏ ရောင်းဝယ်ဖောက်ကားမှုမှ အကျိုးအမြတ်ကို လိုလားကြသူချည်းဖြစ်ကြသည်။ ယနေ့အသင်သည် မိမိ၏ ရောင်းဝယ်ဖောက်ကားမှုမှ တန်ဖိုးအရှိဆုံးသောအကျိုးအမြတ်ကို ရရှိသူဖြစ်ပေသည်ဟု ဆိုမည်။

ပြီးနောက်ထိုသူအား ညာဘက်လက်၌ ဘုရင်၏အာဏာကို အပ်နှင်း၍ ဘယ်ဘက်လက်၌ (ဂျန္နသ်ထဲတွင်) အမြဲနေထိုင်စံမြန်းခွင့်လက်မှတ်ချီးမြှင့်တော်မူမည်။ ၎င်းသူ၏ ဦးခေါင်းထက်တွင် ဂုဏ်သိက္ခာတင့်တယ်သော သရဖူကို ဆောင်းပေးတော်မူမည်။ ထို့နောက် ၎င်းသူ၏ မိဘနှစ်ပါးအားလည်း လောကီသားတန်ဖိုး မဖြတ်နိုင်လောက်အောင် ကောင်းမွန်၍ တန်ဖိုကြီးမားသော ဝတ်စုံနှစ်စုံကို ဆင်မြန်းပေးတော်မူမည်။ ၎င်းတို့က ဤဝတ်စုံအဘယ်အတွက်ကြောင့် ဆင်မြန်းပေးသည်ကို မေးမြန်းကြသောအခါ ဤသည် အသင်၏ သားသမီးက ကုရ်အာန်ကျမ်းမြတ်ကို အာဂုံဆောင်ခဲ့သည့်အတွက်ကြောင့်ဖြစ်ပေသည်ဟု ဖြေကြားမည်။ ပြီးနောက် ဆွဟိဗေကုရ်အာန်အား ကုရ်အာန်ကျမ်းမြတ်ကို
ရွတ်ဖတ်၍ ဂျန္နသ်အဆင့်အတန်းများကို တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ အဆောင်များ၌ စံမြန်းလေကုန်ဟု အမိန့်ရှိတော်မူမည်။ သို့ရှိရာ ၎င်းသူသည် ကုရ်အာန်ကျမ်းမြတ်ကို တစ်ဆက်တည်း မနားဘဲဖတ်သည်ဖြစ်စေ၊ နား၍ နား၍ဖတ်သည်ဖြစ်စေ ဤသို့ရွတ်ဖတ် လျှက်ဖြင့်ဂျန္နသ်အတွင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားပေမည်။

ရှင်းလင်းချက် : ကျမ်းတော်မြတ်ကုရ်အာန်သည် အားနည်းပိန်ချုံးပြီး မျက်နှာ၏အရောင်ပြောင်းနေသော လူသား၏ အသွင်ဆောင်၍ ကုရ်အာန်ကျမ်းတော်မြတ်ဖတ်ရွတ်ခဲ့သူ ရှေ့လာရောက်တွေ့ဆုံထွန်းသည့် အကြောင်းမှာ ဤသည်ပင် ကုရ်အာန်ကို အမြဲဖတ်ရွတ်လေ့ရှိသူ၏ ပုံသဏ္ဍာန်ဖြစ်ပေသည်။ ၎င်းသည်ညများတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို အမြဲရွတ်ဖတ်လေ့ရှိပြီး နေ့များတွင် ၎င်းကျမ်းလာအမိန့်တော်များအတိုင်း နေထိုင်ကျင့်သုံးလေ့ရှိသဖြင့် အားနည်းပိန်ချုံးနေခြင်းဖြစ်ပေသည်။

မွန်သခဗ်အဟာဒီးဆ်ကျမ်းမှ